ထိုင်းလေတပ်၏ နာမည်ကျော် မျက်လုံးစိမ်းကြီးများ

News

Unicode

ထိုင်းလေတပ်၏ နာမည်ကျော် မျက်လုံးစိမ်းကြီးများ

မျက်လုံးစိမ်းဟု နာမည်ကြီးသော Gripen တိုက်လေယာဉ်များသည် ထိုင်းလေတပ်ကိုအဆင့်မြင့်လေတပ်တစ်ခုဖြစ်စေရန် ထိပ်ဆုံးနေရာမှ ပံ့ပိုးပေးနေသောလေယာဉ် ဖြစ်ပေသည်။

ဆွီဒင်အခြေစိုက် Saab ကုမ္ပဏီမှ ထုတ်လုပ်ထားပါတယ်။

အနောက် နိုင်ငံလုပ်လေယာဉ်ပီပီ ဒီဇိုင်းသေသပ်ကောင်းမွန်ကာ တပ်ဆင်ထားသောနည်းပညာများမှာလည်းမြင့်မားလှပါတယ်။ ထိုင်းလေတပ်တွင် ၁၀ စင်းကျော်အသုံးပြုနေပါတယ်။

တစ်နာရီကို 2400km ကျော်မိုင်ပေါင်း1500 ကျော် မြန်နှုန်းဖြင့်မောင်းနှင်နိုင်ပြီး အမြင့်ပေ 5သောင်း ကျော်ထိတက်နိုင်ပါတယ်။

Gripen သည် MRCA အတန်းအစား 4+ Generation ဘက်စုံသုံးတိုက်လေယာဉ်ဖြစ်ပါတယ်။

ထိုင်းလေတပ်တွင် Gripen တိုက်လေယာဉ်များသည် C/D ဗားရှင်းများဖြစ်ပြီး ပိုမိုကောင်းမွန်သော Gripen E/F အတန်းအစားများကိုလည်း ဝယ်နိုင်ချေရှိပါတယ်။
ပေါင်းစပ်လေကြောင်းစွမ်းအား တည်ဆောက်နိုင်ရန် Saab-340 Argus လေကြောင်းကြိုသတိပေးလေယာဉ်နှစ်စီးအားလည်း ပူးတွဲဝယ်ယူခဲ့သည်။

Gripen သည် PS-05A Mark III ရေဒါတပ်ဆင်ထားပါသည်။

ရေဒါဖြတ်ပိုင်းပုံရိပ်ကြီးသော Su-30SME တိုက်လေယာဉ်အား အနည်းဆုံး ၁၂၀ ကီလိုမီတာ အကွာအဝေးမှ မြင်တွေ့နိုင်ပြီး မြင်တာလွန်ဒုံးပျံ BVR Missile များဖြင့်တိုက်ခိုက်နိုင်စွမ်းရှိသည်။

MarkIII ရေဒါအား Mark IVသို့အလွယ်တကူပြောင်းလဲတပ်ဆင်နိုင်ပါတယ်။

Gripen တိုက်လေယာဉ်များနှင့်အတူ ဝယ်ယူထားသော Saab-300 Argus AEW လေကြောင်းကြိုတင် သတိပေးလေယာဉ်များသည် ၃၄၀ကီလိုမီတာ ထိထောက်လှမ်းနိုင်သောကြောင့် မြန်မာတို့၏Su-30 များ ထောက်လှမ်းနိုင်သော အကွာဝေးထက်သာလွန်နေတာဖြစ်ပါတယ်။

Su-30 ကတော့ Gripen များကို 240 ကီလိုမီတာအကွာတွင်ထောက်လှမ်းသိရှိနိုင်ပါတယ်။

Gripen တိုက်လေယာဉ်သည် လက်နက်တပ်ဆင်ရန်နေရာ ၇ ခုပါဝင်ပြီး ကိုယ်ထည်အောက်နေရာမှာ ဆီတိုင်ကီနှင့် Pod များချိတ်ဆွဲရန်ပါဝင်ပါတယ်။

ရှေ့ဘက်နားတွင် Pod သီးသန့်တပ်ဆင်မည့် နေရာတစ်ခုပါဝင်သည်။လောင်စာဆီ နှင့် လက်နက် အလေးချိန် ၁၄၀၀၀ ကီလိုဂရမ် သယ်ဆောင်ကာ800Km စစ်ဆင်နိုင်ပါတယ်။
မူရင်းရေးသားသူ Shine Khant(MMP) အား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

ကူးယူမျှဝေဖော်ပြခြင်းသာ ဖြစ်ပါသည်။

zawgyi

Leave a Reply