ထိုင်းနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတွေကို အမေရိကန်က ကိုဗစ်ကာကွယ်ဆေးလှူဒါန်းမည်

News

ဘင်္ဂလားဒေရှ့်နိုင်ငံကို ဒီကနေ့လှူဒါန်းခဲ့ ပြီး ထိုင်းနိုင်ငံကို ရက်ပိုင်းအတွင်းမှာ ကိုဗစ်ကာကွယ်ဆေးတွေလှူဒါန်းမည့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံကို ဖိုင်ဇာ ကာကွယ်ဆေး (၁) သန်းခွဲ မကြာခင်လှူဒါန်းမှာဖြစ်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံကို ဒီကနေ့ မိုဒါးနားကာကွယ်ဆေး (၃) သန်းပေးအပ်လှူဒါန်းခဲ့တာလို့ ဖေါ်ပြထားပါတယ်။

အမေရိကန်လူထုရဲ့ လက်ဆောင်တစ်ခုအဖြစ် Covax အစီအစဉ်မှတဆင့် ကာကွယ်ဆေးတွေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာမှာဖြစ်တယ်လို့ သံအမတ်က စနေနေ့မှာ တွစ်တာပေါ် ရေးသားခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်ဖြစ်ပွားနေတဲ့ ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် တိုင်းပြည်ရဲ့ ကာကွယ်ဆေး ထောက်ပံ့မှုကို တိုးမြှင့်သွားဖို့ အမေရိကန်က ကတိပြုထားပါကြောင်း မီလာက ဆိုခဲ့ပါတယ်။

အိမ်ဖြူတော် အရာရှိတစ်ဦးရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အမေရိကန်ထံကနေ တနင်္လာနေ့လောက်မှာ Moderna ထိုးဆေး ၃.၅ သန်းရရှိဖွယ်ရှိတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံစလုံးမှ သိပ္ပံပညာရှင်တွေ၊ ဥပဒေဆိုင်ရာနဲ့ စည်းမျဉ်းပိုင်းဆိုင်ရာ အာဏာပိုင်တွေဟာ ဘေးကင်းလုံခြုံပြီး ထိရောက်တဲ့ ကာကွယ်ဆေးများကို အမြန်ဆုံး သယ်ဆောင်နိုင်ရေးအတွက် အတူတကွလုပ်ဆောင်ခဲ့ကြတယ်လို့ ယင်း အရာရှိက ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဇူလိုင်လ ပထမသီတင်းပတ်မှာ Covax အစီအစဉ်ကနေ Moderna ထိုးဆေး ပထမအသုတ် ၂.၅ သန်း လက်ခံရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တစ်ခုအရ တရုတ်နိုင်ငံထံမှ Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးဆေး ၂ သန်းကို စနေနေ့ညပိုင်းမှာ လက်ခံရရှိဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

Leave a Reply