ထိုင်းနိုင်ငံမှာ တရုတ် လျှပ်စစ်ကားများ ကြီးစိုးလာပြီ (မကြာမှီ မြန်မာပြည် ရောက်လာနိုင်)

ထိုင်းနိုင်ငံမှာ ဒီနှစ်ထဲ လျှပ်စစ်ကား ရောင်းအားမြင့်တက်ခဲ့ပြီး အများစုက တရုတ် လျှပ်စစ်ကား ကုမ္ပဏီတွေ ဖြစ်ပါတယ်။ တရုတ် ကုမ္ပဏီတွေဟာ ထိုင်းရဲ့ ကားလောကမှာ အများဆုံး ရင်းနှီးမြှပ်နှံသူတွေ ဖြစ်လာပါတယ်။

Great Wall Motor (GWM), MG, BYD နဲ့ Neta တို့ဟာ ထိုင်းမှာ သူတို့ Brand တွေကို တည်ဆောက်နေပြီး ဈေးကွက်ဝေစုကို သိမ်းပိုက်ဖို့ ကြိုးစားနေကြပါတယ်။ ကုမ္ပဏီတွေဟာ ကားထုတ်လုပ်တဲ့စက်ရုံတွေကို တည်ဆောက်နေပြီး ထိုင်းမှာ ထုတ်တဲ့ ကားတွေကို ပြည်ပနိုင်ငံတွေမှာ ရောင်းချဖို့ စီစဉ်နေပါတယ်။

တရုတ်လျှပ်စစ်ကားကုမ္ပဏီ Neta က ဩဂုတ်လမှာ Neta V City ကားကို မိတ်ဆက်ခဲ့ပြီး ထိုင်းမှာ ကားထုတ်လုပ်ဖို့ ထိုင်း ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းစု PTT Plc နဲ့ ပူးပေါင်းမယ်လို့ ကြေညာခဲ့ပါတယ်။ တခြား တရုတ် လျှပ်စစ်ကားကုမ္ပဏီတွေကလည်း ထိုင်းမှာ ဘတ် ဘီလီယံ များစွာ ရင်းနှီးမြှပ်နှံမယ့် စီမံကိန်းတွေ ရှိပါတယ်။

တရုတ် ကုမ္ပဏီ BYD က ရနောင်းမှာ ဘတ် ၁၇.၈ ဘီလီယံ ကုန်ကျမယ့် လျှပ်စစ်ကား ထုတ်လုပ်တဲ့ စက်ရုံ တည်ဆောက်မယ်လို့ ကြေညာထားပြီး ၁ နှစ်ကို ကားအစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်မှာပါ။

တရုတ် ကုမ္ပဏီ MG Sales က ထိုင်းမှာ လျှပ်စစ်ကား ထုတ်လုပ်တဲ့ စက်ရုံ တည်ဆောက်ဖို့ ဘတ် ၂.၅ ဘီလီယံ ကျော် ရင်းနှီးမြှပ်နှံမယ်လို့ ပြောထားပါတယ်။ တရုတ် ကုမ္ပဏီ GWM က ထိုင်းမှာ လျှပ်စစ်ကားတွေ ထုတ်လုပ်ပြီး တခြားနိုင်ငံတွေကို တင်သွင်းဖို့ ဘတ် ၂၂.၆ ဘီလီယံ အသုံးပြုမယ်လို့ ပြောထားပါတယ်။ (ဘန်ကောက်လမ်းညွှန် ကိုစိုင်း)

2

Crd