ထိုင်းထီ ပထမဆု ဘတ် (၆) သန်းပေါက်တဲ့ ကြည်ဥသည် ‌အကြွေး ဘတ် (၁၀) သန်းရှိနေ

မတ် ၁၆ ရက်နေ့က ထွက်တဲ့ ထိုင်းထီ ပထမဆုကြီး ဖြစ်တဲ့ ဘတ် ၆ သန်းဆုကို ထိုင်းနိုင်ငံ၊ ဗဟို ပရာချင်ဘူရီခရိုင်၊ ဈေးထဲက ကြက်ဥသည် အမျိုးသမီး ပေါက်သွားပေမယ့် ကြွေးဆပ်လို့တောင် မလောက်ဘူးလို့ သိရပါတယ်။

ဒီလို ဘတ် ၆ သန်းထီပေါက်ခဲ့ပေမယ့် သူမမှာ အကြွေး ဘတ် ၁၀ သန်း တင်နေတာကြောင့် နောက်ထပ် ဘတ် ၄ သန်း အကြွေး ကျန်ရှိနေအုန်းမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ဘတ် ၆ သန်းထီပေါက်တာကြောင့် ကြက်ဥသည် ဆရီဖန်း (ခေါ်) အေမီဟာ ကြက်ဥ၊ ဘဲဥ ကတ် ၅၀၀ ကို ဈေးထဲမှာ ဝေခဲ့ပြီး နောက်ထပ် ကားတစ်စီးတိုက် ထပ်လှူသွားဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

ထီမထိုးမီ သူမရဲ့ မိခင်က သူမရဲ့ အိပ်မက်ထဲမှာ သီလရှင်တစ်ပါးက နံပါတ် ၃ ဆိုတဲ့ ဂဏာန်း တစ်လုံးကို ပေးခဲ့ကြောင်း သမီးဖြစ်သူ အေမီကို ပြောပြခဲ့ပြီးနောက် အေမီက ၀၂၅၈၇၃ ဆိုတဲ့ ဂဏာန်းကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

ပထမတော့ အေမီဟာ နောက်ဆုံး ဂဏန်း ၂ လုံးတိုက် ဘတ် ၂၀၀၀ ပေါက်တယ်လို့ ထင်ခဲ့ပေမယ့် ဘတ် ၆ သန်း ထီဆုကြီးလည်း ထပ်ပေါက်ခဲ့တာကိုသိသွားခ့ပြီး အလွန်ပျော်ရွှင်နေခဲ့ပါတယ်။

အမြင့်ဆုံး ထီဆုကြီးပေါက်သော်လည်းပဲ သူမရဲ့အကြွေးတွေ မကြေေသေးပေမယ့် ဒါဟာ သူမရဲ့ ကုသိုလ်ကောင်းမှုနဲ့ ဘာသာရေးလုပ်ခြင်းကြောင့် ကံကောင်းတာလို့ ယုံကြည်ပြီး နောက်ထပ် သူမရဲ့ ကြက်ဥအလုံးရေများစွာကို ဝေမျှလှူဒါန်းသွားအုန်းမယ်လို့ ပြောခဲ့ပါတယ်။

ဒီလပိုင်းထဲ ထိုင်းထီဆုကြီးတွေကို ပေါက်တဲ့သူတိုင်းဟာ ထီပေါက်တော့ ဘာအရင်လုပ်မလဲ ဆိုတဲ့ မေးခွန်းတွေကို ဖြေကြားရာမှာတော့ ကြွေးဆပ်မယ်ဆိုတာချည်း ပြောဆိုခဲ့ကြတယ်လို့ Thethaiger သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်ကျော်က ဘူရီရမ်ဈေး တစ်ခုအတွင်း အသားလုံးရောင်းတဲ့ ချမ်ပါဆိုတဲ့ အမျိုးသမီးကြီး ဘတ် ၆ သန်းထီ ပေါက်တော့လည်း အရင်ဆုံး အကြွေးဆပ်မယ်လို့ ပြောခဲ့ကြောင်း၊ ပြီးခဲ့တဲ့လက ၇၂ နှစ်အရွယ် ဆန်မုန့် ရောင်းတဲ့ ဖျူရန်းဖတ် ဆိုတဲ့ အဖွားအို နှစ်စောင်တွဲ ဘတ် ၁၂ သန်းထီ ပေါက်တော့လည်း အကြွေးဆပ်ပြီး ကျန်တာကို သားသမီးတွေ ပညာရေး အတွက်သုံးမယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ၅ စောင်တွဲ၊ ဘတ်သန်း ၃၀ ထီပေါက်တဲ့ သူကလည်း အကြွေးတွေ အရင်ဆပ်မယ်လို့သာ ပြောခဲ့တဲ့အတွက် ထိုင်းထီကံထူးသူတွေ အားလုံးဟာ အကြွေးများနေသူတွေ ဖြစ်နေတယ်လို့လည်း ဒီသတင်းက ဖော်ပြသွားခဲ့ပါတယ်။ ဒါကြောင့် ထိုင်းထီ ပထမဆု ပေါက်ဖို့ဆိုရင် အကြွေးရှိရမလိုတောင် ဖြစ်နေပါတယ်။

1

Crd