
ထိုင်းမှာ အထင်ကရဖြစ်နေတဲ့ မြန်မာတွေမသိတော့တဲ့ ဗမာမျက်နှာဖုံးအက(Burmese Mask Dance)

ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ လက်ရှိထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်ဆိုတာမြန်မာတွေ နှစ်ပေါင်း ၂၀၀လောက်အုပ်ချုပ်ခဲ့တဲ့သမိုင်းဝင်မြို့ပေါ့။
ရှေးမြန်မာဘိုးဘေးတွေကတော့ ဇင်းမယ်မြို့လို့ခေါ်ကြတဲ့မြို့ပေါ့ဗျာ။ ဒါ့အပြင်ရှေးမြန်မာတွေက ယွန်းမြို့၊ယွန်းပြည်လို့လည်းခေါ်ကြသေးတယ်။

ထိုင်းတောင်ပိုင်းကအယုဒ္ဓယပိုင်နယ်တွေထက် ထိုင်းမြောက်ပိုင်းက လန်န(ခေါ်)ဇင်းမယ်(ခေါ်)ချင်းမိုင်ပိုင်နယ်တွေက မြန်မာဘုရင်တွေလက်အောက်ကျရောက်ခဲ့တဲ့ အချိန်ကာလပိုကြာလို့မြန်မာ့ယဉ်ကျေးမှုလွှမ်းမိုးခံရတာအလွန်များတဲ့ဒေသပေါ့။

ဒါကြောင့်အဲ့ဒီချင်းမိုင်ကနန်းမြို့ရိုးတွေ၊ဘုရားတွေ၊ အချို့ဝတ်စား ဆင်ယင်ပုံတွေဆိုရင်မြန်မာဟန်အပြည့်ပဲ။မြန်မာနဲ့ ထိုင်းယဉ်ကျေးမှု ကူးလူးဆက်ဆံခဲ့တဲ့ ဒေသလို့တောင်တင်စားလို့ရတယ်။

မြန်မာမျက်နှာဖုံးစွပ်အကကို တီထွင်သူကတော့ ကုန်းဘောင်ခေတ် လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်ကာလက ဇင်းမယ်မြို့တွင်ရုံးထိုင်၍ ထိုင်းမြောက်ပိုင်းကိုတာဝန်ယူ အုပ်ချုပ်သော မြန်မာအုပ်ချုပ်ရေးအရာရှိများ၏နောက်တော်ပါ မြန်မာများဖြစ်တယ်လို့သိရပါတယ်။

(အယုဒ္ဓယနယ်သည်တောင်ငူခေတ်နဲ့ကုန်းဘောင်ခေတ်နှစ်ခေတ်ပေါင်းမှနှစ် ၆၀ မျှသာမြန်မာ့လက်အောက်တွင်နေရသည်။လန်နနယ်သည် တောင်ငူ၊ညောင်ရမ်းခေတ်တို့မှသည်ကုန်းဘောင်ခေတ်အလယ်ထိ နှစ် ၂၀၀ ကျော် မြန်မာ့လက်အောက်တွင်ဆက်တိုက်နေခဲ့ရသည်။)

ထိုဇင်းမယ်နယ်ကမျက်နှာဖုံးများစွတ်လျက် ကရသော Burmese Mask Dance သည် ဗမာရိုးရာ အကတစ်ခုဖြစ်သည်။
သို့သော် ဗမာပြည်မှ ဗမာများတီထွင်ခဲ့သည်မဟုတ်။ ဇင်းမယ်တွင်တာဝန်ထမ်းဆောင်အခြေချ နေထိုင်ခဲ့သော ဗမာလူမျိုးများမှကုန်းဘောင်ခေတ်တွင် စတင်တီထွင် ကပြခဲ့ကြခြင်းဖြစ်သည်။

ထိုအကနှစ်ကြာလာသည်နှင့်အမျှ ထင်ရှားလာပြီး ယနေ့တွင်ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ၏ အထင်ကရအကဖြစ်လာပြီး နိုင်ငံခြားခရီးသွားများကိုအထူးဆွဲဆောင်သည်။နောက်ပိုင်းတွင်ဒေသခံ ထိုင်းယဉ်ကျေးမှုများနှင့်ရောနှောမှုများလည်းရှိသည်။

ကပြသူတို့ ဝတ်ဆင်သောဝတ်စုံမှာ မြန်မာသိုးရင်းအကျႌ၊တောင်ရှည်ပုဆိုး၊ထိုင်မသိမ်းအကျႌ၊ ဗြန့်ထဘီတို့ကို ဝတ်၍ကကြသည်။
တစ်ခါတစ်ရံမြန်မာတော်ဝင်နန်းသုံးဝတ်စုံများဖြစ်သော မဟာလတ္တာ၊မလ္လိကာဝတ်စုံများကိုလည်း ဝတ်၍ ကတက်ကြသည်။ နောက်ပိုင်းတွင် ထိုင်းရိုးရာဝတ်စုံများနှင့်ကသည်များလည်းရှိလာသည်။

ထိုင်းလူမျိုးတို့သည် ထိုအက၏အမည်ကို ယနေ့တိုင် ဗမာမျက်နှာဖုံးအက(Burmese Mask Dance) ဟုသာ ခေါ်ဆိုကြဆဲ ဖြစ်သည်။
မြန်မာပြည်သားတွေကတော့ ၂၁ ရာစုရဲ့ ဆိုရှယ်မီဒီယာတွေကြောင့် ဒီအကအကြောင်း နှံ့နှံ့စပ်စပ် သိလာကြတာသိပ်မကြာသေးပါဘူး။

crd

Unicode
ထိုင်းမှာ အထင်ကရဖြစ်နေတဲ့ မြန်မာတွေမသိတော့တဲ့ ဗမာမျက်နှာဖုံးအက(Burmese Mask Dance)

ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ လက်ရှိထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်ဆိုတာမြန်မာတွေ နှစ်ပေါင်း ၂၀၀လောက်အုပ်ချုပ်ခဲ့တဲ့သမိုင်းဝင်မြို့ပေါ့။
ရှေးမြန်မာဘိုးဘေးတွေကတော့ ဇင်းမယ်မြို့လို့ခေါ်ကြတဲ့မြို့ပေါ့ဗျာ။ ဒါ့အပြင်ရှေးမြန်မာတွေက ယွန်းမြို့၊ယွန်းပြည်လို့လည်းခေါ်ကြသေးတယ်။

ထိုင်းတောင်ပိုင်းကအယုဒ္ဓယပိုင်နယ်တွေထက် ထိုင်းမြောက်ပိုင်းက လန်န(ခေါ်)ဇင်းမယ်(ခေါ်)ချင်းမိုင်ပိုင်နယ်တွေက မြန်မာဘုရင်တွေလက်အောက်ကျရောက်ခဲ့တဲ့ အချိန်ကာလပိုကြာလို့မြန်မာ့ယဥ်ကျေးမှုလွှမ်းမိုးခံရတာအလွန်များတဲ့ဒေသပေါ့။

ဒါကြောင့်အဲ့ဒီချင်းမိုင်ကနန်းမြို့ရိုးတွေ၊ဘုရားတွေ၊ အချို့ဝတ်စား ဆင်ယင်ပုံတွေဆိုရင်မြန်မာဟန်အပြည့်ပဲ။မြန်မာနဲ့ ထိုင်းယဥ်ကျေးမှု ကူးလူးဆက်ဆံခဲ့တဲ့ ဒေသလို့တောင်တင်စားလို့ရတယ်။

မြန်မာမျက်နှာဖုံးစွပ်အကကို တီထွင်သူကတော့ ကုန်းဘောင်ခေတ် လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်ကာလက ဇင်းမယ်မြို့တွင်ရုံးထိုင်၍ ထိုင်းမြောက်ပိုင်းကိုတာဝန်ယူ အုပ်ချုပ်သော မြန်မာအုပ်ချုပ်ရေးအရာရှိများ၏နောက်တော်ပါ မြန်မာများဖြစ်တယ်လို့သိရပါတယ်။

(အယုဒ္ဓယနယ်သည်တောင်ငူခေတ်နဲ့ကုန်းဘောင်ခေတ်နှစ်ခေတ်ပေါင်းမှနှစ် ၆၀ မျှသာမြန်မာ့လက်အောက်တွင်နေရသည်။လန်နနယ်သည် တောင်ငူ၊ညောင်ရမ်းခေတ်တို့မှသည်ကုန်းဘောင်ခေတ်အလယ်ထိ နှစ် ၂၀၀ ကျော် မြန်မာ့လက်အောက်တွင်ဆက်တိုက်နေခဲ့ရသည်။)

ထိုဇင်းမယ်နယ်ကမျက်နှာဖုံးများစွတ်လျက် ကရသော Burmese Mask Dance သည် ဗမာရိုးရာ အကတစ်ခုဖြစ်သည်။
သို့သော် ဗမာပြည်မှ ဗမာများတီထွင်ခဲ့သည်မဟုတ်။ ဇင်းမယ်တွင်တာဝန်ထမ်းဆောင်အခြေချ နေထိုင်ခဲ့သော ဗမာလူမျိုးများမှကုန်းဘောင်ခေတ်တွင် စတင်တီထွင် ကပြခဲ့ကြခြင်းဖြစ်သည်။

ထိုအကနှစ်ကြာလာသည်နှင့်အမျှ ထင်ရှားလာပြီး ယနေ့တွင်ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ၏ အထင်ကရအကဖြစ်လာပြီး နိုင်ငံခြားခရီးသွားများကိုအထူးဆွဲဆောင်သည်။နောက်ပိုင်းတွင်ဒေသခံ ထိုင်းယဥ်ကျေးမှုများနှင့်ရောနှောမှုများလည်းရှိသည်။

ကပြသူတို့ ဝတ်ဆင်သောဝတ်စုံမှာ မြန်မာသိုးရင်းအင်္ကျီ၊တောင်ရှည်ပုဆိုး၊ထိုင်မသိမ်းအင်္ကျီ၊ ဗြန့်ထဘီတို့ကို ဝတ်၍ကကြသည်။
တစ်ခါတစ်ရံမြန်မာတော်ဝင်နန်းသုံးဝတ်စုံများဖြစ်သော မဟာလတ္တာ၊မလ္လိကာဝတ်စုံများကိုလည်း ဝတ်၍ ကတက်ကြသည်။ နောက်ပိုင်းတွင် ထိုင်းရိုးရာဝတ်စုံများနှင့်ကသည်များလည်းရှိလာသည်။

ထိုင်းလူမျိုးတို့သည် ထိုအက၏အမည်ကို ယနေ့တိုင် ဗမာမျက်နှာဖုံးအက(Burmese Mask Dance) ဟုသာ ခေါ်ဆိုကြဆဲ ဖြစ်သည်။
မြန်မာပြည်သားတွေကတော့ ၂၁ ရာစုရဲ့ ဆိုရှယ်မီဒီယာတွေကြောင့် ဒီအကအကြောင်း နှံ့နှံ့စပ်စပ် သိလာကြတာသိပ်မကြာသေးပါဘူး။

ထိုအကကိုတီထွင်သူတွေရဲ့ မျိုးဆက်တွေအားလုံးကတော့သွေးနှောပြီး ထိုင်းလူမျိုးတွေဖြစ်ကုန်ပါပြီ။ သူတို့ ဘိုးဘေးတွေဘယ်သူဆိုတာမေ့ကုန်ပါပြီ။ ဒါပေမဲ့ ဒီအကကတော့ ယနေ့တိုင် မြန်မာအက ဖြစ်နေဆဲ အများကလည်း Burmese Mask Dance လို့ခေါ်ဆိုကြဆဲဖြစ်ပါတယ်။
crd

Crd