ထိုင္ဝမ္ေရလက္ၾကားမွာ လုံၿခဳံေရးထိန္းသိမ္းေပးတဲ့အတြက္ အေမရိကန္ကို ထိုင္ဝမ္ ေက်းဇူးတင္…

News World

ထိုင္ဝမ္ေရလက္ၾကားမွာ လုံၿခဳံေရးထိန္းသိမ္းေပးတဲ့အတြက္ အေမရိကန္ကို ထိုင္ဝမ္ ေက်းဇူးတင္…

ထိုင္ဝမ္ေရလက္ၾကားနဲ႔ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးထိန္းေရး ခိုင္မာတဲ့ အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ေပးတဲ့ အေမရိကန္ကို မိမိတို႔ ႐ိုးသားစြာ ေက်းဇူးတင္ေၾကာင္း ထိုင္ဝမ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ၾသဂုတ္ ၁၄ ရက္က ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီရဲ႕ ထိုင္ဝမ္ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ေဘဂ်င္းက လြန္လြန္ကဲကဲ တုန႔္ျပန္ခဲ့ေၾကာင္း အေမရိကန္ အင္ဒိုပစိဖိတ္ဆိုင္ရာ အရာရွိ ကာ့ဒ္ကမ္းဘဲလ္က ၾသဂုတ္လ ၁၃ ရက္က ေျပာၾကားခဲ့ပါတယ္။ပီလိုစီရဲ႕ ထိုင္ဝမ္ခရီးစဥ္ကို တုန႔္ျပန္တဲ့ တ႐ုတ္ရဲ႕ စစ္ေရးေလ့က်င့္မႈေတြ အရွိန္ေလွ်ာ့သြားေပမယ့္ တ႐ုတ္စစ္တပ္ရဲ႕ အႏၲရာယ္ဟာ ေသးႏုတ္မသြားဘူးလို႔ ထိုင္ဝမ္ သမၼတ ဆိုင္အန္ဝမ္က ေျပာၾကားပါတယ္။

ထိုင္ဝမ္လူထုဟာ အရမ္း စိတ္အားထက္သန္ၿပီး လြတ္လပ္မႈနဲ႔ ဒီမိုကေရစီကို ခ်စ္ျမတ္ႏိုးတာေၾကာင့္ ႏိုင္ငံတကာမိတ္ေဆြေတြက မိမိတို႔ကို ေထာက္ခံအားေပးဖို႔ ထိုင္ဝမ္ကို လာေရာက္ခဲ့ၾကတယ္လို႔ ဆိုင္အန္ဝမ္က ၾသဂုတ္လ ၁၃ ရက္က ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္ရဲ႕ ၿခိမ္းေျခာက္မႈ ၊ ရန္စမႈနဲ႔ ဖိအားေပးမႈေတြေၾကာင့္ ထိုင္ဝမ္နဲ႔ ဒီမိုကေရစီလိုလားတဲ့ အသိုင္းအဝိုင္းရဲ႕ စည္းလုံးညီၫြတ္မႈကို အရက္ကထက္ ပိုအားေကာင္းလာေစတယ္လို႔လည္း ဆိုင္အန္ဝမ္က ေျပာၾကားပါတယ္။

တ႐ုတ္က ပီလိုစီရဲ႕ ခရီးစဥ္နဲ႔ ပတ္သက္လို႔ အႀကိမ္ႀကိမ္ ျပင္းျပင္းထန္ထန္ သတိေပးခဲ့ေပမယ့္ သူ႔ရဲ႕ ထိုင္ဝမ္ ခရီးစဥ္ အၿပီးမွာ လက္ေတြ႕ပစ္ခတ္မႈေတြ ပါဝင္တဲ့ စစ္ေရးေလ့က်င့္မႈေတြျပဳလုပ္ခဲ့ပါတယ္။တ႐ုတ္ရဲ႕ စစ္ေရစေလ့က်င့္မႈေတြဟာ ထိုင္ဝမ္ကို သိမ္းပိုက္ေရး ႀကိဳတင္ ဇာတ္တိုက္ေလ့က်င့္မႈေတြ ျဖစ္တယ္ဆိုတဲ့ ေျပာဆိုမႈေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။

တ႐ုတ္က ထိုင္ဝမ္အနီးမွာ စစ္ေရးလႈပ္ရွားမႈေတြ ဆက္လက္ လုပ္ေဆာင္ေနဆဲျဖစ္ေပမယ့္ အရင္ကထက္ အရွိန္ေလွ်ာ့က်သြားၿပီျဖစ္ပါတယ္။ တ႐ုတ္ရဲ႕ က်ဴးေက်ာ္မႈနဲ႔ ရင္ဆိုင္ရမယ့္ အေနအထားမွာ တုန႔္ျပန္ တိုက္ခိုက္တဲ့ ပုံစံမ်ိဳး စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္သြားမယ္လို႔ ထိုင္ဝမ္အရာရွိေတြက ေျပာဆိုထားေမယ့္ အခ်ိန္အတိအက်ကို မသိရေသးပါဘူး။

တ႐ုတ္က သူတို႔ကိုယ္ပိုင္ နယ္နိမိတ္တစ္ခုအျဖစ္မွတ္ယူထားၿပီး တစ္ေန႔ျပန္လည္ ေပါင္းစည္းမယ္လို႔ ဆုံးျဖတ္ထားတဲ့ ထိုင္ဝမ္ကို လိုအပ္ပါက စစ္အင္အားအသုံးျပဳၿပီး ေပါင္းစည္းသြားမယ္လို႔ ေျပာထားပါတယ္။ ထိုင္ဝမ္ကလည္း ပဋိပကၡအတြက္ အားလုံးႀကိဳတင္ ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း တ႐ုတ္ရဲ႕ ႀကီးမားတဲ့ စစ္ေရးေလ့က်င့္မႈေတြ စတင္ခ်ိန္က ေျပာၾကားခဲ့ပါတယ္။
Crd..MyanmaPlatform

Unicode

ထိုင်ဝမ်ရေလက်ကြားမှာ လုံခြုံရေးထိန်းသိမ်းပေးတဲ့အတွက် အမေရိကန်ကို ထိုင်ဝမ် ကျေးဇူးတင်…

ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးထိန်းရေး ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးတဲ့ အမေရိကန်ကို မိမိတို့ ရိုးသားစွာ ကျေးဇူးတင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၁၄ ရက်က ပြောကြားခဲ့ပါတယ်။

အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘေဂျင်းက လွန်လွန်ကဲကဲ တုန့်ပြန်ခဲ့ကြောင်း အမေရိကန် အင်ဒိုပစိဖိတ်ဆိုင်ရာ အရာရှိ ကာ့ဒ်ကမ်းဘဲလ်က သြဂုတ်လ ၁၃ ရက်က ပြောကြားခဲ့ပါတယ်။ပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို တုန့်ပြန်တဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်လျှော့သွားပေမယ့် တရုတ်စစ်တပ်ရဲ့ အန္တရာယ်ဟာ သေးနုတ်မသွားဘူးလို့ ထိုင်ဝမ် သမ္မတ ဆိုင်အန်ဝမ်က ပြောကြားပါတယ်။

ထိုင်ဝမ်လူထုဟာ အရမ်း စိတ်အားထက်သန်ပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ချစ်မြတ်နိုးတာကြောင့် နိုင်ငံတကာမိတ်ဆွေတွေက မိမိတို့ကို ထောက်ခံအားပေးဖို့ ထိုင်ဝမ်ကို လာရောက်ခဲ့ကြတယ်လို့ ဆိုင်အန်ဝမ်က သြဂုတ်လ ၁၃ ရက်က ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့ ခြိမ်းခြောက်မှု ၊ ရန်စမှုနဲ့ ဖိအားပေးမှုတွေကြောင့် ထိုင်ဝမ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အသိုင်းအဝိုင်းရဲ့ စည်းလုံးညီညွတ်မှုကို အရက်ကထက် ပိုအားကောင်းလာစေတယ်လို့လည်း ဆိုင်အန်ဝမ်က ပြောကြားပါတယ်။

တရုတ်က ပီလိုစီရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် သတိပေးခဲ့ပေမယ့် သူ့ရဲ့ ထိုင်ဝမ် ခရီးစဉ် အပြီးမှာ လက်တွေ့ပစ်ခတ်မှုတွေ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။တရုတ်ရဲ့ စစ်ရေစလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကို သိမ်းပိုက်ရေး ကြိုတင် ဇာတ်တိုက်လေ့ကျင့်မှုတွေ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်အနီးမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပေမယ့် အရင်ကထက် အရှိန်လျှော့ကျသွားပြီဖြစ်ပါတယ်။ တရုတ်ရဲ့ ကျူးကျော်မှုနဲ့ ရင်ဆိုင်ရမယ့် အနေအထားမှာ တုန့်ပြန် တိုက်ခိုက်တဲ့ ပုံစံမျိုး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ ထိုင်ဝမ်အရာရှိတွေက ပြောဆိုထားမေယ့် အချိန်အတိအကျကို မသိရသေးပါဘူး။

တရုတ်က သူတို့ကိုယ်ပိုင် နယ်နိမိတ်တစ်ခုအဖြစ်မှတ်ယူထားပြီး တစ်နေ့ပြန်လည် ပေါင်းစည်းမယ်လို့ ဆုံးဖြတ်ထားတဲ့ ထိုင်ဝမ်ကို လိုအပ်ပါက စစ်အင်အားအသုံးပြုပြီး ပေါင်းစည်းသွားမယ်လို့ ပြောထားပါတယ်။ ထိုင်ဝမ်ကလည်း ပဋိပက္ခအတွက် အားလုံးကြိုတင် ပြင်ဆင်ထားပြီးဖြစ်ကြောင်း တရုတ်ရဲ့ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ စတင်ချိန်က ပြောကြားခဲ့ပါတယ်။
Crd..MyanmaPlatform

Crd