တ႐ုတ္ အတြက္ရည္ရြယ္ျပီး ဆာမူရိုင္းတို့ ဓါးေသြးေနျပီ

News Social News

တ႐ုတ္ကို တုန႔္ျပန္ တိုက္ခိုက္ႏိုင္ေရး စြမ္းပကားတိုးျမႇင့္ဖို႔ ဂ်ပန္က တာေဝးပစ္ခ႐ု႕ဇ္ဒုံးက်ည္ ၁၀၀၀ေက်ာ္ ခ်ထားဖို႔ စဥ္းစားေနေၾကာင္း Yomiuriသတင္းစာက ၾသဂုတ္ ၂၁ရက္က ေဖာ္ျပပါတယ္။လက္ရွိ ဂ်ပန္ စစ္တပ္က ခ်ထားတဲ့ လက္နက္ေတြဟာ ကီလိုမီတာ ၁၀၀(၆၂မိုင္) အထိပဲ ပစ္ခတ္ေရာက္ရွိႏိုင္

ၿပီး အခုခ်ထားမယ့္ ဒုံးက်ည္ေတြဟာ ကီလိုမီတာ ၁၀၀၀ အထိ ပစ္ခတ္ေရာက္ရွိႏိုင္ေၾကာင္း အဲ့ဒီေန႔စဥ္ သတင္းစာက အစိုးရ အရာရွိေတြကို ကိုးကားၿပီး ေဖာ္ျပထားပါတယ္။သေဘၤာ ဒါမွမဟုတ္ ေလယာဥ္ေတြကေန ပစ္ခတ္ႏိုင္တဲ့ အဲ့ဒီလက္နက္ေတြကို ေတာင္ပိုင္း နန္တိုင္းကြၽန္း တစ္ဝိုက္မွာ အဓိက ခ်ထားမွာ ျဖစ္ၿပီး ေျမာက္ကိုရီးယားနဲ႔ တ႐ုတ္ ကမ္း႐ိုးတန္းေဒသေတြ အထိ ပစ္ခတ္ႏိုင္ေၾကာင္း Yomiuriသတင္းစာက ေဖာ္ျပပါတယ္။

ဒီသတင္းနဲ႔ ပတ္သက္လို႔ မွတ္ခ်က္ ျပဳေပးဖို႔ ဂ်ပန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကို ဆက္သြယ္ခဲ့ေပမယ့္ တုန႔္ျပန္မႈ မရွိပါဘူး။ၿငိမ္းခ်မ္းေရး လိုလားတဲ့ စစ္ပြဲ အလြန္ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ တိုက္ခိုက္ခံလာရမွပဲ ကိုယ့္ကိုယ္ကို ကာကြယ္ေရး စစ္အင္အားအသုံးျပဳမယ့္ ဂ်ပန္က မၾကာေသးခင္ႏွစ္ေတြက စစ္ေရး အသုံးစရိတ္ကို တိုးျမႇင့္ၿပီး တုန႔္ျပန္တိုက္ခိုက္ေရး ဗ်ဴဟာတစ္ရပ္ ခ်မွတ္ထားပါတယ္။

ဒါေပမယ့္ ျပည္ပ ပစ္မွတ္ေတြကို တိုက္ခိုက္ႏိုင္တဲ့ လက္နက္ေတြ အေပၚ ကန႔္သတ္မႈေတြ ရွိတာေၾကာင့္ ဂ်ပန္က တာေဝးပစ္ ဒုံးက်ည္ေတြ ခ်ထားေရး လက္ေရွာင္ေနခဲ့ပါတယ္။တ႐ုတ္က သူတို႔ အပိုင္နယ္ေျမ ျဖစ္တယ္လို႔ ေျပာဆိုထားေပမယ့္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ေနတဲ့ ထိုင္ဝမ္ကို

အေမရိကန္ လႊတ္ေတာ္ ဥကၠ႒ နန္စီပီလိုစီ သြားေရာက္ခဲ့ၿပီးေနာက္ ေဒသဆိုင္ရာ တင္းမာမႈဟာ အခုလအတြင္း အရွိန္ျမင့္တက္လာခဲ့ပါတယ္။ေဘဂ်င္းက ထိုင္ဝမ္ကြၽန္း တစ္ဝိုက္ ေျခာက္ေနရာထက္မနည္းမွာ လက္ေတြ႕ပစ္ခတ္မႈေတြ ပါဝင္တဲ့ စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ၿပီး ဒုံးက်ည္ပစ္ခတ္မႈမ်ားအတြင္း ဂ်ပန္ အထူးစီးပြားေရးဇုန္ထဲ ဒုံးက်ည္ေတြ က်ေရာက္ခဲ့ပါတယ္။
Crd..MyanmaPlatform

Unicode

တရုတ် အတွက်ရည်ရွယ်ပြီး ဆာမူရိုင်းတို့ ဓါးသွေးနေပြီ..???

တရုတ်ကို တုန့်ပြန် တိုက်ခိုက်နိုင်ရေး စွမ်းပကားတိုးမြှင့်ဖို့ ဂျပန်က တာဝေးပစ်ခရု့ဇ်ဒုံးကျည် ၁၀၀၀ကျော် ချထားဖို့ စဉ်းစားနေကြောင်း Yomiuriသတင်းစာက သြဂုတ် ၂၁ရက်က ဖော်ပြပါတယ်။လက်ရှိ ဂျပန် စစ်တပ်က ချထားတဲ့ လက်နက်တွေဟာ ကီလိုမီတာ ၁၀၀(၆၂မိုင်) အထိပဲ ပစ်ခတ်ရောက်ရှိနိုင်

ပြီး အခုချထားမယ့် ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၀၀၀ အထိ ပစ်ခတ်ရောက်ရှိနိုင်ကြောင်း အဲ့ဒီနေ့စဉ် သတင်းစာက အစိုးရ အရာရှိတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။သင်္ဘော ဒါမှမဟုတ် လေယာဉ်တွေကနေ ပစ်ခတ်နိုင်တဲ့ အဲ့ဒီလက်နက်တွေကို တောင်ပိုင်း နန်တိုင်းကျွန်း တစ်ဝိုက်မှာ အဓိက ချထားမှာ ဖြစ်ပြီး မြောက်ကိုရီးယားနဲ့ တရုတ် ကမ်းရိုးတန်းဒေသတွေ အထိ ပစ်ခတ်နိုင်ကြောင်း Yomiuriသတင်းစာက ဖော်ပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက် ပြုပေးဖို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမယ့် တုန့်ပြန်မှု မရှိပါဘူး။ငြိမ်းချမ်းရေး လိုလားတဲ့ စစ်ပွဲ အလွန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုက်ခိုက်ခံလာရမှပဲ ကိုယ့်ကိုယ်ကို ကာကွယ်ရေး စစ်အင်အားအသုံးပြုမယ့် ဂျပန်က မကြာသေးခင်နှစ်တွေက စစ်ရေး အသုံးစရိတ်ကို တိုးမြှင့်ပြီး တုန့်ပြန်တိုက်ခိုက်ရေး ဗျူဟာတစ်ရပ် ချမှတ်ထားပါတယ်။

ဒါပေမယ့် ပြည်ပ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ အပေါ် ကန့်သတ်မှုတွေ ရှိတာကြောင့် ဂျပန်က တာဝေးပစ် ဒုံးကျည်တွေ ချထားရေး လက်ရှောင်နေခဲ့ပါတယ်။တရုတ်က သူတို့ အပိုင်နယ်မြေ ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို

အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ သွားရောက်ခဲ့ပြီးနောက် ဒေသဆိုင်ရာ တင်းမာမှုဟာ အခုလအတွင်း အရှိန်မြင့်တက်လာခဲ့ပါတယ်။ဘေဂျင်းက ထိုင်ဝမ်ကျွန်း တစ်ဝိုက် ခြောက်နေရာထက်မနည်းမှာ လက်တွေ့ပစ်ခတ်မှုတွေ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ဒုံးကျည်ပစ်ခတ်မှုများအတွင်း ဂျပန် အထူးစီးပွားရေးဇုန်ထဲ ဒုံးကျည်တွေ ကျရောက်ခဲ့ပါတယ်။
Crd..MyanmaPlatform

Crd