တ႐ုတ္အင္အားျပေနသည့္ၾကားက တိုင္ဝမ္တပ္မေတာ္က ေဟာင္ဝစ္ဇာစစ္ေရးေလ့က်င့္..

News Social News

တ႐ုတ္အင္အားျပေနသည့္ၾကားက တိုင္ဝမ္တပ္မေတာ္က ေဟာင္ဝစ္ဇာစစ္ေရးေလ့က်င့္..

တ႐ုတ္တပ္ေတြရဲ႕ ဟန္ေရးျပစစ္ေရးေလ့က်င့္မႈေတြရွိေနေပမဲ့ တိုင္ဝမ္အေနနဲ႔ မူလစီစဥ္ ထားတဲ့အတိုင္း ေဟာင္ဝစ္ဇာပစ္ခတ္ေလ့က်င့္မႈေတြကို ဒီကေန႔ မနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း တိုင္ဝမ္တပ္မေတာ္တာဝန္ရွိသူေတြက ေျပာပါတယ္။

တိုင္ဝမ္ေတာင္ပိုင္း Fenggang ဆိပ္ကမ္းမွာ ေဟာင္ဝစ္ဇာ က်ည္အစစ္ေတြနဲ႔ ပင္လယ္ျပင္ ပစ္ခတ္ေလ့က်င့္မႈေတြ ၁ နာရီေက်ာ္ၾကာေဆာင္႐ြက္ခဲ့ေၾကာင္း တိုင္ဝမ္တပ္မေတာ္က ေျပာပါတယ္။ ၾသဂုတ္လ ၁၁ ရက္ေန႔မွာ အင္အားတိုးၿပီး အေဝးပစ္လက္နက္ႀကီးပစ္ခတ္တာေတြကို က်ည္အစစ္ေတြနဲ႔ ထပ္မံေလ့က်င့္မယ္ဆိုပါတယ္။

စက္တင္ဘာ ၅ ရက္ေန႔မွာ ၾကည္း ေရ ေလ ပူးတြဲစစ္ေရးေလ့က်င့္မႈႀကီး လုပ္ဖို႔ ႀကိဳတင္ျပင္ဆင္တာလို႔လည္း တိုင္ဝမ္တပ္မေတာ္ တာဝန္ရွိ သူေတြက ေျပာပါတယ္။ ေဟာင္ဝစ္ဇာလက္နက္ႀကီးပစ္ခတ္ေလ့က်င့္ေနခ်ိန္မွာ တိုင္ဝမ္ေတာင္ပိုင္းကမ္း႐ိုး တန္းေတြ အနီးမွာ ေရာက္ေနတဲ့ တ႐ုတ္ေရတပ္သေဘၤာေတြရဲ႕ စစ္ေရးေလ့က်င့္တာေတြ ရပ္ဆိုင္း ထားတာေတြ႕ရတယ္လို႔လည္း တိုင္ဝမ္တပ္မေတာ္တာဝန္ရွိသူေတြက ေျပာပါတယ္။
Crd..Nway Oo Htet

Unicode

တရုတ်အင်အားပြနေသည့်ကြားက တိုင်ဝမ်တပ်မတော်က ဟောင်ဝစ်ဇာစစ်ရေးလေ့ကျင့်..

တရုတ်တပ်တွေရဲ့ ဟန်ရေးပြစစ်ရေးလေ့ကျင့်မှုတွေရှိနေပေမဲ့ တိုင်ဝမ်အနေနဲ့ မူလစီစဉ် ထားတဲ့အတိုင်း ဟောင်ဝစ်ဇာပစ်ခတ်လေ့ကျင့်မှုတွေကို ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း တိုင်ဝမ်တပ်မတော်တာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်ဝမ်တောင်ပိုင်း Fenggang ဆိပ်ကမ်းမှာ ဟောင်ဝစ်ဇာ ကျည်အစစ်တွေနဲ့ ပင်လယ်ပြင် ပစ်ခတ်လေ့ကျင့်မှုတွေ ၁ နာရီကျော်ကြာဆောင်ရွက်ခဲ့ကြောင်း တိုင်ဝမ်တပ်မတော်က ပြောပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့မှာ အင်အားတိုးပြီး အဝေးပစ်လက်နက်ကြီးပစ်ခတ်တာတွေကို ကျည်အစစ်တွေနဲ့ ထပ်မံလေ့ကျင့်မယ်ဆိုပါတယ်။

စက်တင်ဘာ ၅ ရက်နေ့မှာ ကြည်း ရေ လေ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီး လုပ်ဖို့ ကြိုတင်ပြင်ဆင်တာလို့လည်း တိုင်ဝမ်တပ်မတော် တာဝန်ရှိ သူတွေက ပြောပါတယ်။ ဟောင်ဝစ်ဇာလက်နက်ကြီးပစ်ခတ်လေ့ကျင့်နေချိန်မှာ တိုင်ဝမ်တောင်ပိုင်းကမ်းရိုး တန်းတွေ အနီးမှာ ရောက်နေတဲ့ တရုတ်ရေတပ်သင်္ဘောတွေရဲ့ စစ်ရေးလေ့ကျင့်တာတွေ ရပ်ဆိုင်း ထားတာတွေ့ရတယ်လို့လည်း တိုင်ဝမ်တပ်မတော်တာဝန်ရှိသူတွေက ပြောပါတယ်။
Crd..Nway Oo Htet

Crd