တရုတ်လုပ် အကြီးစား ဆိုလာ မောင်းသူမဲ့လေယာဉ် Qimingxing-50 ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့…

News Social News

တရုတ် လေကြောင်းစက်မှုလုပ်ငန်း အမှတ် ၁ လေယာဉ် သုတေသနဌာနမှ သုတေသနပြု ထုတ်လုပ်သော အကြီးစား ဆိုလာ မောင်းသူမဲ့လေယာဉ် Qimingxing-50 ကို

စက်တင်ဘာလ ၃ ရက်နေ့က ရှန်ရှီး ပြည်နယ် ယူလင်၌ ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း China Media Group သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Qimingxing-50 သည် တရုတ် လေကြောင်းစက်မှုလုပ်ငန်း ပထမဆုံးအကြိမ် သုတေသနပြု ထုတ်လုပ်သော Aspect Ratio အလွန်ကြီးပြီး အမြင့်ကောင်း ကင်ယံ မြန်နှုန်းနိမ့်

ပျံသန်းသော မောင်းသူမဲ့လေယာဉ်၊ ပထမဆုံးသော လေယာဉ်ကိုယ်ထည် နှစ်ခုပါရှိသော အကြီးစား မောင်းသူမဲ့လေယာဉ်နှင့် ပထမဆုံးသော နေရောင်ခြည်စွမ်းအင်သာအသုံးပြု လျှပ်စစ် အကြီးစား မောင်းသူမဲ့လေယာဉ် ဖြစ်ကြောင်း၊

ယင်းသည် ကောင်းကင်ယံတွင် အချိန်ကြာမြင့်စွာ ပျံသန်းနိုင်ပြီး အမြင့်ကောင်းကင်ယံ ထောက်လှမ်းခြင်း၊ တောမီးစောင့်ကြည့်ခြင်း၊ လေထုပတ်ဝန်းကျင် စောင့်ကြည့်ခြင်း၊

ပထဝီဝင် မြေပုံဆွဲခြင်းနှင့် ဆက်သွယ်ရေးထပ်ဆင့်လွှင့်ခြင်းစသည့် တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း China Media Group သတင်းဌာနဖော်ပြချက်အရ သိရပါတယ်။
Crd..Opinion Leaders

Unicode







Crd..Opinion Leaders

Crd