
News Social News

တရုတ်ဒရုန်းတွေကို ကျည်အစစ်နဲ့ စတင်ပစ်ခတ်ခဲ့ဟု တိုင်ဝမ်တပ်မတော်က သတင်းထုတ်ပြန်

တရုတ်ကမ်းရိုးတန်းအနီး တိုင်ဝမ်ထိမ်းချုပ်ထားတဲ့ ကျွန်းပေါ်ကို ပျံသန်းလာတဲ့ တရုတ် ဒရုန်းတွေကို ကျည်အစစ်နဲ့ စတင်ပစ်ခတ်မောင်းထုတ်ခဲ့ကြောင်း တိုင်ဝမ် တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့က တရုတ်ကမ်းရိုးတန်းအနီး တိုင်ဝမ်ရှေ့တန်းကင်းစောင့်ကျွန်းပေါ်ကို ပျံသန်းလာတဲ့ တရုတ်အပျော်တမ်းဒရုန်းကို တိုင်ဝမ်ကင်းစောင့်တပ်သားတွေက ခဲလုံးနဲ့ပဲ ပစ်ခတ် မောင်းထုတ်ခဲ့တဲ့အပေါ် တရုတ်ဘက်က ထပ်ပြီး သွေးတိုးစမ်းတဲ့အနေနဲ့ သြဂုတ်လ ၃၀ ရက်နေ့မှာ ၃ ကြိမ် တိုင်တိုင် ပျံသန်းခဲ့တယ်ဆိုပါတယ်။

အဲဒီလို အတင့်ရဲလာမှာစိုးတဲ့အတွက် သြဂုတ်လ ၂၉ ရက်နေ့မှာ အပျော်တမ်းဒရုန်းတွေကို အဆင့် ၄ ဆင့်နဲ့ တားဆီးပစ်ချမယ်ဆိုတာကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ တိုင်ဝမ်တပ်မတော်က ပြောပါတယ်။
ပထမအဆင့်အနေနဲ့ မီးကျည်နဲ့သတိပေးမှာဖြစ်ပြီး ဒုတိယအဆင့်မှာ ပိုင်နက်ကျုးကျော်နေကြောင်းကို တရားဝင်အသိပေးမယ်ဆိုပါတယ်။ တတိယ အဆင့်အနေနဲ့ ကျည်အစစ်နဲ့ ပစ်ခတ်မောင်းထုတ်ပြီး နောက်ဆုံးအဆင့်မှာ ပစ်ချမယ်ဆိုပါတယ်။

သြဂုတ် ၃၀ ရက် နေ့မှာ ကျွန်းနေရာ ၃ နေရာကို တရုတ်အပျော်တမ်းဒရုန်းတွေက ၃ ကြိမ်ကျုးကျော်လာတဲ့အတွက် တတိယအဆင့် ကျည်အစစ်နဲ့ပစ်ခတ်မောင်းထုတ်မှ ဒရုန်းတွေဟာ တရုတ်နိုင်ငံဘက်ကိုပြန်လှည့်သွားပြီး လုံးဝပြန်မလာတော့ဘူးလို့ တိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တိုင်ဝမ်တပ်မတော်က ကျည်အစစ်နဲ့ သတိပေးပစ်ခတ်တာဟာ ဒါဟာ ပထမဆုံးအကြိမ်လို့ သိရပါတယ်။
#BNN #taiwan
crd

Unicode
တရုတဒြရုနြးတှကေို ကညွအြစစနြဲ့ စတငပြစခြတခြဲ့ဟု တိုငဝြမတြပမြတောကြ သတငြးထုတပြှနြ





#BNN #taiwan
crd

Crd