တ႐ုတ္တို့ တီထြင္ထုတ္လုပ္လိုက္သည့္ လ်ွပ္စစ္ လုံး၀ မလိုတဲ့ နည္းပညာျမင့္ သံလိုက္ ရထား…

News Social News

တ႐ုတ္တို့ တီထြင္ထုတ္လုပ္လိုက္သည့္ လ်ွပ္စစ္ လုံး၀ မလိုတဲ့ နည္းပညာျမင့္ သံလိုက္ ရထား…

တ႐ုတ္နိုင္ငံမွာ ေမာင္းႏွင္နည္းစနစ္ ထူးျခားဆန္းသစ္လြန္းသည့္ နည္းပညာျမင့္ ရထား အသစ္ ၁ စီးကို ျပသလိုက္ၿပီျဖစ္ပါတယ္။ ရထားကို Red Rail လို႔ အမည္ေပးထားၿပီး သံလိုက္ကို ပုံေသ သုံးထားတဲ့ ကမာၻ႔ ပထမဆုံး သံလိုက္ရထား ျဖစ္ပါတယ္။

သမား႐ိုးက် သံလိုက္ရထား စနစ္ေတြမွာ လွ်ပ္စစ္ သုံးၿပီး ေမာင္းႏွင္တဲ့ Electromagnets ကို အသုံးျပဳထားပါတယ္။ Red Rail ကေတာ့ ကြဲျပားျခားနားၿပီး ရွားပါးတဲ့ ကမာၻ႔ သတၱဳေတြ ပါတဲ့ သံလိုက္ကို အၿမဲတမ္း အသုံးျပဳထားပါတယ္။ တ႐ုတ္ဟာ အဲဒီ သတၱဳေတြကို ႏိုင္ငံတကာမွာ အမ်ားဆုံးေရာင္းခ်ေနတဲ့ ႏိုင္ငံ ျဖစ္ပါတယ္။

Red Rail ဟာ အဲဒီအတြက္ လွ်ပ္စစ္ မလိုဘဲ ေမာင္းႏွင္ႏိုင္ပါတယ္။ တျခား သယ္ယူပို႔ေဆာင္ေရး စနစ္ေတြထက္ စြမ္းအင္ သက္သာၿပီး သဘာဝပတ္ဝန္းက်င္နဲ႔ သဟဇာတ ျဖစ္ေစပါတယ္။ Red Rail ဟာ ေမာင္းႏွင္ေနစဥ္မွာ ေျပးလမ္းနဲ႔ ထိေတြ႕ေနျခင္း မရွိပါဘူး။

Red Rail ကို တ႐ုတ္ ေတာင္ပိုင္း Jiangxi ျပည္နယ္က Xingguo မွာ တည္ေဆာက္ထားတာပါ။ Red Rail ဟာ ေျမျပင္အထက္ ၁၀ မီတာ သို႔မဟုတ္ ၃၃ ေပမွာ ေမာင္းႏွင္တာျဖစ္ၿပီး ခရီးသည္ ၈၈ ေယာက္ကို သယ္ေဆာင္နိုင္မည့္တဲြ ၂ ခု ပါ၀င္ပါတယ္။

စမ္းသပ္တဲ့ ေျပးလမ္းဟာ မီတာ ၈၀၀ အရွည္ရွိၿပီး ၁ နာရီကို ၈၀ ကီလိုမီတာ အျမန္ႏႈန္း သို႔မဟုတ္ မိုင္ ၅၀ နဲ႔ ေမာင္းႏွင္ႏိုင္ပါတယ္။ယခုလို စမ္းသပ္ၿပီးေနာက္ ၇.၅ ကီလိုမီတာ အရွည္ရွိတဲ့ ေျပးလမ္းမွာ စမ္းသပ္ဖို႔ စီစဥ္ထားပါတယ္။ အဲဒီအခ်ိန္က်ရင္ ၁ နာရီကို ၁၂၀ ကီလိုမီတာနဲ႔ ေမာင္းႏွင္သြားႏိုင္မွာပါ။

Crd..digitaltimes

Unicode

တရုတ်တို့ တီထွင်ထုတ်လုပ်လိုက်သည့် လျှပ်စစ် လုံး၀ မလိုတဲ့ နည်းပညာမြင့် သံလိုက် ရထား…

တရုတ်နိုင်ငံမှာ မောင်းနှင်နည်းစနစ် ထူးခြားဆန်းသစ်လွန်းသည့် နည်းပညာမြင့် ရထား အသစ် ၁ စီးကို ပြသလိုက်ပြီဖြစ်ပါတယ်။ ရထားကို Red Rail လို့ အမည်ပေးထားပြီး သံလိုက်ကို ပုံသေ သုံးထားတဲ့ ကမ္ဘာ့ ပထမဆုံး သံလိုက်ရထား ဖြစ်ပါတယ်။

သမားရိုးကျ သံလိုက်ရထား စနစ်တွေမှာ လျှပ်စစ် သုံးပြီး မောင်းနှင်တဲ့ Electromagnets ကို အသုံးပြုထားပါတယ်။ Red Rail ကတော့ ကွဲပြားခြားနားပြီး ရှားပါးတဲ့ ကမ္ဘာ့ သတ္တုတွေ ပါတဲ့ သံလိုက်ကို အမြဲတမ်း အသုံးပြုထားပါတယ်။ တရုတ်ဟာ အဲဒီ သတ္တုတွေကို နိုင်ငံတကာမှာ အများဆုံးရောင်းချနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

Red Rail ဟာ အဲဒီအတွက် လျှပ်စစ် မလိုဘဲ မောင်းနှင်နိုင်ပါတယ်။ တခြား သယ်ယူပို့ဆောင်ရေး စနစ်တွေထက် စွမ်းအင် သက်သာပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်စေပါတယ်။ Red Rail ဟာ မောင်းနှင်နေစဉ်မှာ ပြေးလမ်းနဲ့ ထိတွေ့နေခြင်း မရှိပါဘူး။

Red Rail ကို တရုတ် တောင်ပိုင်း Jiangxi ပြည်နယ်က Xingguo မှာ တည်ဆောက်ထားတာပါ။ Red Rail ဟာ မြေပြင်အထက် ၁၀ မီတာ သို့မဟုတ် ၃၃ ပေမှာ မောင်းနှင်တာဖြစ်ပြီး ခရီးသည် ၈၈ ယောက်ကို သယ်ဆောင်နိုင်မည့်တွဲ ၂ ခု ပါဝင်ပါတယ်။

စမ်းသပ်တဲ့ ပြေးလမ်းဟာ မီတာ ၈၀၀ အရှည်ရှိပြီး ၁ နာရီကို ၈၀ ကီလိုမီတာ အမြန်နှုန်း သို့မဟုတ် မိုင် ၅၀ နဲ့ မောင်းနှင်နိုင်ပါတယ်။ယခုလို စမ်းသပ်ပြီးနောက် ၇.၅ ကီလိုမီတာ အရှည်ရှိတဲ့ ပြေးလမ်းမှာ စမ်းသပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီအချိန်ကျရင် ၁ နာရီကို ၁၂၀ ကီလိုမီတာနဲ့ မောင်းနှင်သွားနိုင်မှာပါ။
Crd..digitaltimes

Crd