တွစ်တာရဲ့ Search ကို ပြင်ဆင်ဖို့ iPhone ဟက်ကာကို ငှားလိုက်တဲ့ Elon Musk

တွစ်တာရဲ့ ပိုင်ရှင် အသစ် Elon Musk ဟာ ဝန်ထမ်း ၄ ထောင်နီးပါးကို အလုပ်ထုတ်ပြီးနောက်မှာ ဟက်ကာ ၁ ယောက်ကို ငှားလိုက်ပါတယ်။ အဲဒီ ဟက်ကာက George Hotz ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ iPhone ကို ဟက်ခဲ့ပြီးနောက် နာမည်ကြီးလာတာပါ။ သူဟာ iPhone ကို Jailbreak လုပ်နိုင်ခဲ့တဲ့ ပထမဆုံး ဟက်ကာ ဖြစ်ပါတယ်။

Elon Musk Hires George Hotz, Who Hacked iPhones As A Teen, To Fix Twitter Search

Hotz ဟာ အရင်က Musk ရဲ့ SpaceX အတွက် အလုပ်လုပ်ပေးခဲ့ဖူးပြီး အခုတော့ တွစ်တာရဲ့ Search အင်ဂျင်ကို ပြင်ဆင်ပေးရမှာပါ။ အင်ဂျင်နီယာ အများစု နှစ်များစွာအတွင်း မလုပ်နိုင်ခဲ့တဲ့ အားနည်းချက်ကို ပြင်ဆင်ဖို့ Hotz ဟာ အချိန် ၁၂ ပတ်ပဲ ရပါတယ်။

Man who hacked iPhone in 2007, hired by Elon Musk to fix broken Twitter search - India Today

Hotz က “ တွစ်တာမှာ အကြာကြီး အလုပ်မလုပ်ချင်ပါဘူး။ ရှုပ်ထွေးတဲ့ ကုဒ်တွေကို ဖြေရှင်းရမှာဖြစ်ပြီး အချိန် ၁၂ ပတ်ပဲ ရပါတယ်။ Reverse Engineering ပါ။ “ လို့ ပြောပါတယ်။

သူဟာ Carnegie Mellon University ကနေ ကွန်ပြူတာ သိပ္ပံနဲ့ ဘွဲ့ရခဲ့ပြီး Google, Facebook နဲ့ SpaceX မှာ အလုပ်ဝင်ခဲ့ဖူးပါတယ်။ သူဟာ ၂၀၁၅ ကနေ ၂၀၁၈ ခုနှစ်အထိ Comma.ai ရဲ့ စီအီးအို ဖြစ်ပါတယ်။

Ref : indiatoday

Crd