
တခြားအဖေတွေမလုပ်တဲ့ အလုပ်တစ်ခုကို လုပ်ပြခဲ့တဲ့ ကမ္ဘာကျော် ဘောလုံးမင်းသားကြီး ဒေးဗစ်ဘက်ခမ်း

ဖရီးကစ် ကန်ချက်တွေနဲ့ တစ်ချိန်က ဘောလုံးလောကရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သလို အခုချိန်ထိတိုင်အောင် ပရိသတ်တွေရင်ထဲ မမေ့နိုင်ဘဲ လေးစားအားကျနေရဆဲဖြစ်တဲ့ ကမ္ဘာကျော် ဘောလုံးသမားလို့ဆိုလာရင်တော့ အားလုံးက ဘက်ခမ်းလို့ ချစ်စနိုးနဲ့ ခေါ်ဆိုတဲ့ ဒေးဗစ်ဘက်ခမ်း ကိုပဲ ဖော်ပြရမှာဖြစ်ပါတယ်။

ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း ဟာ ဘောလုံး လောကမှာတင်အောင်မြင်ခဲ့ရုံသာမက သူသိပ်ချစ်ရတဲ့ အမျိုးသမီး ၊ သူသိပ်တန်ဖိုးထားရတဲ့မိသားစု လေး နဲ့ ပျော်ရွှင်အောင်မြင်စွာ နေထိုင်နေခဲ့တာဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း ဟာ နယ်ပယ်အစုံမှာ အောင်မြင်တာကြောင့် လူတိုင်းရဲ့ အားကျမှုကို ခံရသူတစ်ဦးဖြစ်ပါတယ်။

ယမန်နေ့က ဒေးဗစ်ဘက်ခမ်း ရဲ့ သားဖြစ်သူ ခရုဇ်ဘက်ခမ်း ဟာ အသက်(၁၈) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး ဒေးဗစ်ဘက်ခမ်း ဟာ သူ့ရဲ့သားဖြစ်သူကို တခြားအဖေတွေမလုပ်တဲ့ အလုပ်တစ်ခုလုပ်ပြခဲ့ပါတယ်။ ဘက်ခမ်းဟာ သားဖြစ်သူ အသက် (၁၈) နှစ်ပြည့်တဲ့နေ့မှာပဲ ဘီယာဆိုင်ခေါ်ပြီးကိုယ်တိုင် ဘီယာတိုက်ခဲ့ပြီး “ဘာပဲဖြစ်ဖြစ်စမ်းမယ့်တူတူကိုယ့်ရှေ့မှာစမ်းခိုင်းတာက အဖေကောင်းပါပဲ” ဆိုပြီး ပရိသတ်က ချီးကျူးနေကြတာဖြစ်ပါတယ်။
crd

Unicode

Crd