တံတားပေါ်ဖြတ်သန်းနေချိန် ဟိုင်းမာ့စ်လက်ချက်ထိသွားသည့် ရုရှားစစ်ကြောင်း 

News Social News

တံတားပေါ်ဖြတ်သန်းနေချိန် ဟိုင်းမာ့စ်လက်ချက်ထိသွားသည့် ရုရှားစစ်ကြောင်း

ယူကရိန်းအရှေ့ပိုင်းက ကာခေါဗ်စကာယာမြစ်ကူးတံတားကို ဒီကနေ့ နေ့လယ်ပိုင်းက ရုရှားစစ်ယာဥ် တန်းဖြတ်သန်းနေချိန်မှာ ဟိုင်းမာ့စ်ဒုံးကျည် တိုက်ရိုက်ထိမှန်ခဲ့လို့ တံတားပျက်စီးသွားသလို ရုရှား စစ်သားတော်တော်များများ သေဆုံးခဲ့ပါတယ်။

ဒေသခံလူမှုကွန်ယက်သတင်းတွေနဲ့ စစ်မြေပြင်သတင်းဗီဒီယိုတွေမှာဆိုရင် အများပြည်သူမြင်တွေ့ဖို့ မသင့်တော်လောက်အောင်ကို တံတားပေါ်မှာ ရုရှားစစ်သားအလောင်းတွေဟာ တစ်စစီပြန့် ကျဲနေတာ တွေ့နေရပါတယ်။

ယူကရိန်း အရှေ့ပိုင်းရဲ့ ဝင်ပေါက်ထွက်ပေါက်အဖြစ် တစ်ခုတည်းသောအားကိုးရတဲ့ ကာခေါဗ်စကာယာမြစ်ကူး တံတားကို သြဂုတ်လ ၂၀ နေ့နဲ့ ၂၄ ရက်နေ့တွေကလည်း ယူကရိန်းက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။


အဲဒီပစ်ခတ်မှုတွေမှာ တံတားပဲ အနည်းငယ်ထိခိုက် ပျက်စီးခဲ့တာဖြစ်ပြီး ရုရှားတပ်တွေက တံတားကို အရေးပေါ်ပြင်ဆင်ခဲ့ပါတယ်။ တံတားဝန်ကျင်မှာ ဒုံးကျည်ကာကွယ်ရေး ရေဒါရောင်ပြန်စနစ်တွေတပ်ဆင်ပြီး ဆက်လက်အသုံးပြုဖို့ကျိုးစားရာမှာ အခုလို ပစ်ခတ်ခံခဲ့ရတာလို့ ရုရှားစစ်တပ် သတင်းတွေက ဖေါ်ပြနေပါတယ်။

#BNN #russiainvasion

crd