■တဲရာဒွန်ငါးအမျိုးအစားထဲမှာပါတဲ့ ငါးအသေးလေးတွေကပြုလုပ်ထားသော ရေအောက်စက်ဝိုင်းများ

News Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■တဲရာဒွန်ငါးအမျိုးအစားထဲမှာပါတဲ့ ငါးအသေးလေးတွေကပြုလုပ်ထားသော ရေအောက်စက်ဝိုင်းများ

၁၉၉၅ ခုနှစ်လောက်တုန်းက ရေငုပ်သမားတစ်စုဟာအရှေ့တရုတ်ပင်လယ်က ဂျပန်ကျွန်းဖြစ်တဲ့ အာမာမီအိုရှီမာမှာ အလွန်အံ့အားသင့်ဖွယ်ရာကောင်းတဲ့ စက်ဝိုင်းပုံတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာလည်း သဲဖြင့်ပြုလုပ်ထားတဲ့အနုပညာသဖွယ်ဖြစ်နေတာပါ။

လုံးဝိုင်းနေတဲ့စက်ဝိုင်းရှိပြီး အချိုးကျတဲ့ အတန်းတွေဟာ ဗဟိုကနေ ဖြန့်ကျက်နေပါတယ်။ သုတေသနပညာရှင်တွေကတော့ ဒါကိုလေ့လာနေကြပါပြီ။ ဒီပုံတွေရဲ့ မူလအစကတော့ သဘာဝလွန်ဖြစ်ရပ်ဖြစ်တယ်လို့ရိုးရှင်းစွာယူဆထားပါတယ်။ ဒီဟာကိုရေးသားတဲ့သူတွေကလည်းတွေ့ရှိထားတာမကြာသေးပါဘူး။

၁၈ နှစ်ကြာပြီးနောက်မှာ ဒီပုံတွေကို တဲရာဒွန်ငါးအမျိုးအစားထဲမှာပါတဲ့ ငါးအသေးလေးတွေကပြုလုပ်တာကိုသိရှိခဲ့ပါပီး။ သူတို့ရဲ့အရွယ်တွေဟာ ၁၂ စင်တီမီတာထက်မပိုပါဘူး။ သူတို့ဖန်တီးထားတဲ့အဝိုင်းရဲ့အချင်းဟာ ၂ မီတာအထိတောင်ရောက်ပါတယ်။ဒါပေမယ့်ဘာလို့အဲ့လိုလုပ်တာလဲ။ အပျော်တမ်းလုပ်နေတာလား။ မဟုတ်လောက်ပါဘူး။ သဘာဝတရားက အရာတိုင်းအတွက် လက်တွေ့ကျတဲ့ဖြေရှင်းချက်တစ်ခုရှိပါတယ်။

အဓိကကတော့ ဒါဟာ ငါးအထီးတွေဟာ ငါးမတွေ ဥအုဖို့အတွက် လုပ်ထားပေးတာပါ။ အမတွေဟာ တကယ်လို့ပုံဖော်ထားတာကြိုက်ရင်ကျင်းထဲမှာ ဥအုချခဲ့ပြီးအထီးတွေက မျိုးပွားပါတယ်။ သို့ပေမယ့်လည်း သိပ္ပံပညာရှင်တွေက ဘယ်လိုအချက်မျိုးနဲ့ ငါးအမတွေက အထီးတွေရဲ့ပုံကို ကြိုက်မကြိုက်ဆုံးဖြတ်ကြလဲဆိုတာကို လေ့လာနေကြတုန်းပါပဲ။
ref:youtube
trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■တဲရာဒြန္ငါးအမ်ိဳးအစားထဲမွာပါတဲ့ ငါးအေသးေလးေတြကျပဳလုပ္ထားေသာ ေရေအာက္စက္ဝိုင္းမ်ား

၁၉၉၅ ခုႏွစ္ေလာက္တုန္းက ေရငုပ္သမားတစ္စုဟာအေရွ႕တ႐ုတ္ပင္လယ္က ဂ်ပန္ကၽြန္းျဖစ္တဲ့ အာမာမီအိုရွီမာမွာ အလြန္အံ့အားသင့္ဖြယ္ရာေကာင္းတဲ့ စက္ဝိုင္းပုံတစ္ခုကိုေတြ႕ရွိခဲ့ပါတယ္။ ဒီျဖစ္ရပ္ဟာလည္း သဲျဖင့္ျပဳလုပ္ထားတဲ့အႏုပညာသဖြယ္ျဖစ္ေနတာပါ။

လုံးဝိုင္းေနတဲ့စက္ဝိုင္းရွိၿပီး အခ်ိဳးက်တဲ့ အတန္းေတြဟာ ဗဟိုကေန ျဖန္႔က်က္ေနပါတယ္။ သုေတသနပညာရွင္ေတြကေတာ့ ဒါကိုေလ့လာေနၾကပါၿပီ။ ဒီပုံေတြရဲ့ မူလအစကေတာ့ သဘာဝလြန္ျဖစ္ရပ္ျဖစ္တယ္လို႔ရိုးရွင္းစြာယူဆထားပါတယ္။ ဒီဟာကိုေရးသားတဲ့သူေတြကလည္းေတြ႕ရွိထားတာမၾကာေသးပါဘူး။

၁၈ ႏွစ္ၾကာၿပီးေနာက္မွာ ဒီပုံေတြကို တဲရာဒြန္ငါးအမ်ိဳးအစားထဲမွာပါတဲ့ ငါးအေသးေလးေတြကျပဳလုပ္တာကိုသိရွိခဲ့ပါပီး။ သူတို႔ရဲ့အရြယ္ေတြဟာ ၁၂ စင္တီမီတာထက္မပိုပါဘူး။ သူတို႔ဖန္တီးထားတဲ့အဝိုင္းရဲ့အခ်င္းဟာ ၂ မီတာအထိေတာင္ေရာက္ပါတယ္။ဒါေပမယ့္ဘာလို႔အဲ့လိုလုပ္တာလဲ။ အေပ်ာ္တမ္းလုပ္ေနတာလား။ မဟုတ္ေလာက္ပါဘူး။ သဘာဝတရားက အရာတိုင္းအတြက္ လက္ေတြ႕က်တဲ့ေျဖရွင္းခ်က္တစ္ခုရွိပါတယ္။

အဓိကကေတာ့ ဒါဟာ ငါးအထီးေတြဟာ ငါးမေတြ ဥအုဖို႔အတြက္ လုပ္ထားေပးတာပါ။ အမေတြဟာ တကယ္လို႔ပုံေဖာ္ထားတာႀကိဳက္ရင္က်င္းထဲမွာ ဥအုခ်ခဲ့ၿပီးအထီးေတြက မ်ိဳးပြားပါတယ္။ သို႔ေပမယ့္လည္း သိပၸံပညာရွင္ေတြက ဘယ္လိုအခ်က္မ်ိဳးနဲ႔ ငါးအမေတြက အထီးေတြရဲ့ပုံကို ႀကိဳက္မႀကိဳက္ဆုံးျဖတ္ၾကလဲဆိုတာကို ေလ့လာေနၾကတုန္းပါပဲ။
ref:youtube
trans:thegeektext