တော်ဝင်ထိုင်းကြည်းတပ်ကတပ်ရင်းတစ်ရင်းစာပမာဏအဖြစ်ပြင်သစ်ထုတ်LG1 Mk III 105mm Howitzerစနစ်များဝယ်ယူမည်

Militarily News

တော်ဝင်ထိုင်းကြည်းတပ်က တပ်ရင်းတစ်ရင်းစာပမာဏအဖြစ် ပြင်သစ်ထုတ် LG1 Mk III 105mm Howitzer စနစ်များဝယ်ယူမည်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က Royal Thai Army Ordnance Department မှ ထုတ်ပြန်ခဲ့သည့်သတင်းအချက်အလက်များအရ အလို အလျောက်ပစ်ခတ်ထိန်းချုပ်မှုစနစ်ပါ ၁၀၅ မမ ယာဉ်ဆွဲအပေါ့စားအမြောက်စနစ်များကို ဝယ်ယူမည်ဖြစ်သည်ဟု သိရှိရသည်။

စုစုပေါင်း အရေအတွက်အားဖြင့် ၁၂ လက်နက်စာဝယ်ယူမည်ဖြစ်သည်ဟုဆိုသည်။ ၎င်းစနစ်များကို United Defense Technology Co., Ltd က တင်သွင်းရန် တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး တန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ
၂၆၇၂၂၁၉၄ ခန့်ကျသင့်မည်ဖြစ်သည်။

LG1 Mk I အပေါ့စားအမြောက်စနစ်သည် ၂၀၁၁ ခုနှစ်က စတင်အသုံးပြုခဲ့ခြင်းဖြစ်သော်လည်း LG1 Mk II စနစ်သည် ၁၉၉၆ ခုနှစ်ကတည်း အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။ ထိုစနစ်များကို အမှတ် ၉၊ အမှတ် ၁၉၊ အမြောက်တပ်ရင်းကြီးနှင့် တပ်မတို့တွင် အသုံးပြုလျက်ရှိသည်ဟု သိရှိရသည်။

တပ်ရင်းတစ်ရင်းစီတွင် ၎င်းစနစ် ၁၂ လက် အသုံးပြုနေပြီး လက်ရှိအသုံးပြုနေသည့် M101A1 သို့မဟုတ် M56 စနစ်များနေရာတွင် အစားထိုးအသုံးပြုမည်ဖြစ်သည်ဟု သိရှိရသည်။

Ref-DS
Myanmarnews24

Leave a Reply