TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■တော်တော်လေး အန္တရယ် ရှိပြီး တစ်ခါတစ်လေ ရက်စက်တတ်တဲ့ Alpha
ရုရှားနိုင်ငံမှာလည်း Spetsnaz (စပစ်စ်နက်ဇ်) လို့ခေါတဲ့ အထူးလေ့ကျင့်ရေးတပ်ဖွဲ့ကြီးတစ်ဖွဲ့ရှိပြီး စပစ်စ်နက်ဇ်ထဲမှာမှ တော်တော်လေး အန္တရယ် ရှိပြီး တစ်ခါတစ်လေ ရက်စက်တတ်တဲ့ Alpha (အယ်လ်ဖာ) လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။
၁၉၇၂ခုနှစ်က မူးနစ်ချ် (Munich) မြို့မှာကျင်းပခဲ့တဲ အိုလံပစ်ပြိုင်ပွဲမှာ Black September လို့ခေါ်တဲ့ အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်တာက စပြီး ဒီတပ်ဖွဲ့ကို ဆိုဗီယက် KBG က ၁၉၇၄ မှာဖွဲ့စည်းခဲ့တာပါ။ ကမ္ဘာတစ်ဝန်း အဆင့်မြင့် တိုက်ခိုက်မှုပြင်းထန်ဆုံး အဖွဲ့တစ်ဖွဲ့အဖြစ် လူသိများကြတဲ့ Alpha တပ်ဖွဲ့ဟာ ရုရှားနိုင်ငံရဲ့ ထိပ်သီး နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအောက်မှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။
Beirut(ဘေရု)နိုင်ငံမှာ ဆိုဗီရက် သံတမန်တွေ လုပ်ကြံခံရတုန်းက alpha အဖွဲ့ဟာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့မိသားစုဝင်တွေကို အုပ်စုလိုက်ဝိုင်းထားပြီး တကယ်အကြမ်းဖက်တဲ့အထဲ ပါဝင်လားဆိုတာ ထွက်ဆိုခိုင်းပါတယ် ပြီးတော့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖြတ်ပြီး သူတို့ရဲ့ မိသားစုဝင်တွေဆီကို ပြန်ပို့လိုက်ပါတယ်။
ဆိုလိုတာကတော့ နောက်ထပ်အကြမ်းဖက်မယ့်သူတွေကို Alpha အဖွဲ့က အန္တရာယ်ရှိတယ်ဆိုတဲ့ ကြောက်ဖို့ကောင်းတဲ့ message ကိုပေးချင်တာပါ။ ရုရှားနိုင်ငံမှာ alpha တပ်ဖွဲ့ဟာ ၂၀၀၂ ခုနှစ် မော်စကို ပြဇာတ်ရုံ လက်နက်နဲဝိုင်းရံခံရခြင်း ၊ ၂၀၀၄ခုနှစ် Beslan ကျောင်း ဝိုင်းရံခြင်းလိုမျိုး အကြမ်းဖက်သူတွေနဲ့ ဓားစားခံကာကွယ် စစ်ဆင်ရေးတွေကို အဓိကလုပ်ဆောင်ခဲ့ပါတယ်ပရိတ်သတ်ကြီးရေ။
Ref:youtube
Trans:thegeektext
zawgyi
■ဓားစားခံကာကွယ်စစ်ဆင်ရေးတွေကို အဓိကလုပ်ဆောင်ခဲ့တဲ့ Alphaတပ်ဖွဲ့
Beirut(ဘေရု)နိုင်ငံမှာ ဆိုဗီရက် သံတမန်တွေ လုပ်ကြံခံရတုန်းက alpha အဖွဲ့ဟာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့မိသားစုဝင်တွေကို အုပ်စုလိုက်ဝိုင်းထားပြီး တကယ်အကြမ်းဖက်တဲ့အထဲ ပါဝင်လားဆိုတာ ထွက်ဆိုခိုင်းပါတယ် ပြီးတော့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖြတ်က်ပြီး သူတို့ရဲ့ မိသားစုဝင်တွေဆီကို ပြန်ပို့လိုက်ပါတယ်။
Ref:youtube
Trans:thegeektext