တောင်အာဖရိကမှာ လူထုမှဆူပူအုံကြွကာ ကုန်တိုက်ကြီးများရှိအစားအစာရိက္ခာများကိုလုယက်ကြရာတွင် အချင်းချင်းနင်းမိကာ ၇၂ ဦးသေဆုံး ၊ ၁၂၃၂ ဦးဖမ်းဆီးခံရ

Knowledge

တောင်အာဖရိကနိုင်ငံတွင် ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က သမ္မတဟောင်း Jacob Zuma ဟာလာဘ်စားမှုဖြင့် ထောင်ဒဏ် ၁၅ လကျခံရန်အကျဉ်းထောင်မှာကိုယ်တိုင်အဖမ်းခံရပြီးနောက် ဇူလိုင်လ ၁၃ ရက်နေ့က မြို့တော် Johannesburg နှင့် Pretoria မြို့ ၊ Gautengs , KwaZulu- Natal မြို့များရှိ ပြည်သူများဆူပူအုံကြွမှုဖြစ်ကာ

ရှော့ပင်းမောလ်ကြီးများကို မီးရှို့ဖျက်ဆီးကာ စားသောက်ဖွယ်ရာ ပစ္စည်းကိုလုယူမှုများဖြစ်ပေါ်ခဲ့မှု့ကြောင့် ရဲတပ်ဖွဲ့မှ အင်အား ၂၅၀၀ ခန့် ဖြင့်ဖြိုခွင်းရာ အသီးသီးထွက်ပြေးကြစဉ် အချင်းချင်းတက်နင်းမိကြသဖြင့်လူပေါင်း ၇၂ ဦးသေဆုံးခဲ့တယ်လို့ သေဆုံးသူများမှာ KwaZulu မြို့ရှိကုန်တိုက်အနီးတွင် ၂၇ ဦးသေဆုံးပြီး ၅၄၉ ဦးဖမ်းဆီးခံရပြီး Gauteng မြို့တွင် ၄၅ ဦးသေဆုံးပြီး ၆၈၃ ဦးဖမ်းဆီးခံရသည်ဟုသိရ ။

စုစုပေါင်း ၁၃၂၃ ဦးဖမ်းဆီးခံခဲ့ရသည် ၊ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွါးရေးကျဆင်းကာ အခြေခံလူတန်းစားများအငတ်ဘေးနှင့်ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ယခုလို ဆူပူအုံကြွကြတဲ့လူအုပ်ကြီးများဟာ ရဲတပ်ဖွဲ့မှ ယာဘာကျည်နှင့်မျက်ရည်ယိုဗုံများဖြင့်ပစ်ခတ်ဖြိုခွင်းခြင်းကြောင့်ကစဉ့်ကလျားထွက်ပြေးကြစဉ် အချင်းချင်းနင်းမိကာသေဆုံးကြတာဖြစ်တယ်လို့သတင်းများမှာရေးသားဖော်ပြထားသည် ။

Sithu Maung

Leave a Reply