တေလာဆွစ်ရဲ့ အချစ်တော်လေးတွေ
အဆိုတော်မလေး တေလာဆွစ်ကို သိကြမှာပါ။ သူ့သီချင်းတွေကိုလည်း နှစ်သက်ကြမယ်ထင်ပါတယ်။ သူမဟာ တိရစ္ဆာန်ချစ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့အချစ်တော် ကြောင်လေးတွေ ဘယ်လိုချမ်းသာတယ်ဆိုတာ ရှာဖွေတင်ပြလိုက်ပါတယ်။
တေလာဆွစ်ဟာ သူ့ကိုယ်သူ Cat Lady လို့ အမည်ပေးထားပါတယ်။ သူမရဲ့ ကြောင်လေး (၃)ကောင်ဟာလည်း သူမလိုပဲ ဆယ်လီစာရင်းဝင်နေပါပြီ။
သူမကြောင့်မဟုတ်ဘဲ ကြောင်လေးတွေဟာ သူတို့ကိုယ်ပိုင် အရည်အသွေးကြောင့် ဆယ်လီဖြစ်လာရတာပါ။ သူတို့ဟာ ဒေါ်လာသန်းချီပြီးပိုင်ဆိုင်တဲ့ ကြောင်သူဌေးလေးတွေ ဖြစ်နေကြပါပြီ။
တေလာဟာ အမြဲတမ်း တိချစ်သူ ဖြစ်ခဲ့တာပါ။ တချိန်က သူမမှာ Siamese taddy ကပြား ကြောင်(၂)ကောင် ရှိခဲ့ပါတယ်။ အမည်တွေကတော့ အင်ဒီ (Indy) နဲ့ အဲလီရှန် (Eliehsen) တို့ ဖြစ်ပါတယ်။
အဲဒီ (၂) ကောင်ဟာ မိသားစုထဲမှာ တေလာကိုပဲ ခင်တွယ်ကြပါတယ်။ သူမမှာ ဒိုဘာမင် (Doberman) ခွေး(၂)ကောင်လည်း ရှိပါတယ်။ ခွေးလေးတွေကိုတော့ ဘပ်ဂ်ျ(Bug)နဲ့ ဘေဘီ (Baby) လို့ နာမည်ပေးထားပါတယ်။
နောက်တော့ ကြောင်အသစ် (၃) ကောင်ကို တေလာက ထပ်မွေးစားပြန်ပါတယ်။ ချစ်စရာ (၃) ကောင်မှာ အကြီးဆုံးအကောင်က Scottish Fold အမျိုးအစား ဖြစ်ပါတယ်။ နာမည်က မယ်ရာဒစ် ဂရေး (Meredith Grey) ပါတဲ့။ သူ့ကိုတော့ တေလာက ၂၀၁၁ ခုနှစ် ဟော်လိုးဝင်းပွဲတော်နေ့မှာ ရခဲ့တာပါ။ ဆိုတော့ (၁၁) နှစ်သား ဖြစ်နေပါပြီ။
မယ်ရာဒစ် ဂရေး
ဒုတိယကြောင်ကိုတော့ အိုလီဗီယာ ဘင်ဆင် (Olivia Benson) လို့ ခေါ်ပါတယ်။ ဒီ ကြောင်မလေးကို ၂၀၁၄ ခုနှစ်၊ ဂျွန်လမှာ မွေးစားခဲ့တာ ဖြစ်ပါတယ်။ သူမကလည်း Scottish Fold အမျိုးအစားပါပဲ။
အငယ်ဆုံးကြောင်လေးကတော့ Rezdoll အမျိုးအစားဖြစ်ပြီး နာမည်ကတော့ ဘင်ဂျမင် ဘတ်တန် (Benjamin Button) ဖြစ်ပါတယ်။ သူကတော့ တေလာ့ဆီကို ၂၀၁၉ ခုနှစ်မှ ရောက်လာတာပါ။ နာမည်ကိုလည်း သူမရဲ့ သဘောအကျဆုံး ဇာတ်ကောင်နာမည်ကို ပေးခဲ့တာပါ။
အိုလီဗီယာ ဘင်ဆင်ဆိုတဲ့အမည်က Law & Order SUV (Special Victims Unit) အခွေထွက်ပြီး မှည့်ခေါ်ခဲ့တာပါ။ မယ်ရာဒစ် ဂရေးကတော့ Grey Anatomy အခွေကနာမည် ဖြစ်ပါတယ်။ ဘင်ဂျမင်ကတော့ Cruise Case ထဲကနာမည် ဖြစ်ပါတယ်။
အိုလီဗီယာ ဘင်ဆင်
အိုလီဗီယာနဲ့ မယ်ရာဒစ်တို့ဟာ သီချင်းခွေထဲမှာ ပါဝင်ထားကြပါတယ်။ “ME” ဆိုတဲ့ အခွေပါ။ အဲဒီအခွေထဲမှာ သူမဟာ ဘင်ဂျမင်ကို ဘယ်လိုတွေ့ခဲ့တယ်ဆိုတာ ရိုက်ကူးထားပါတယ်။
အဲဒီတုန်းက ဘင်ဂျမင်က ငယ်ပါသေးတယ်။ တေလာဟာ ဘင်ဂျမင်ကို မြင်မြင်ချင်း ချစ်မိသွားတယ် ဆိုပါတယ်။ သူမဟာ ဘင်ဂျမင်ကို အပိုင်ရနိုင်မလားလို့မေးပြီး တစ်ခါတည်း မွေးစားလိုက်ပါတယ်။
၂၀၂၂ ခုနှစ်မှာ တေလာဆွစ်ရဲ့ ချမ်းသာမှုအစုစုကို အကြမ်းဖျင်း ခန့်မှန်းချက်အရ ဒေါ်လာ သန်း ၅၇၀ လောက်ရှိပါတယ်။ အလားတူပါပဲ သူမရဲ့ ကြောင်လေးတွေကလည်း ဝင်ငွေအမြောက်အများ ရရှိနေပါပြီ။
ဘင်ဂျမင် ဘတ်တန်
အိုလီဗီယာတစ်ကောင်တည်းတင် အသားတင် ၉၇ သန်းလောက် ရရှိနေပါတယ်။ ဒါတွေဟာ သူမရဲ့ စီးပွားရေးကတဆင့် ရရှိနေတာ ဖြစ်ပါတယ်။ အိုလီဗီယာကို တေလာဆွစ်ရဲ့ Diet Coke ကြော်ငြာမှာသုံးခဲ့တာ ဖြစ်ပါတယ်။ တေလာဆွစ်ရဲ့ ဂီတခွေတွေမှာလည်း အိုလီဗီယာ ပါဝင်ပါတယ်။ Blank Space အခွေမှာကြည့်ရင် အိုလီဗီယာကို တွေ့ရပါလိမ့်မယ်။
သူမရဲ့ အင်စတာဂရမ်မှာ ကြောင်လေးတွေကို မကြာခဏ တွေ့ဖူးကြမှာပါ။ မယ်ရာဒစ်နဲ့ အိုလီဗီယာတို့မှာ ကိုယ်ပိုင် လူမှုကွန်ယက်အကောင့်တွေ ရှိပါတယ်။
ဒါကို တေလာဆွစ်နဲ့ သူ့အကိုက လုပ်ပေးထားတာပါ။ တေလာဆွစ်က သူမရဲ့ ကြောင်လေးတွေဟာ ဉာဏ်ရည်မြင့်တယ်လို့ ဆိုပါတယ်။ သူမ သွားလေရာကိုလည်း ကြောင်လေးတွေကို ခေါ်သွားလေ့ ရှိပါတယ်။
ကြောင်တွေ သယ်ဖို့အတွက် သီးသန့် အိတ်တွေ ချုပ်ထားပါတယ်။ ဒါ့အပြင် အထူးပြုလုပ်ထားတဲ့ ကျောပိုးအိတ်နဲ့လည်း သယ်သွားတတ်ပါတယ်။ သူမရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ပါ။ ဒီလို သယ်ပြီး သွားလေရာခေါ်ရတာကို အဆိုတော်မလေးက သဘောကျပါတယ်တဲ့။
အိုလီဗီယာနဲ့ မယ်ရာဒစ်တို့ဟာ တေလာဆွစ်ရဲ့ ခရီးစဉ်တွေမှာ လူသိများလာခဲ့ပါတယ်။ ကြောင်အမည်တွေဟာ တေလာဆွစ်ရဲ့ Trademarks တွေလို ဖြစ်လာပါတယ်။
ကြောင်လေးတွေပုံနဲ့ အမှတ်တရပစ္စည်းတွေကို ၂၀၁၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ စပို့စ်ရှပ်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်း တိုလီမိုလီတွေ၊ ခရီးဆောင်အိတ်တွေနဲ့ အရုပ်တွေအထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ကြောင်လေးတွေဟာ သူမဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းပါပဲလို့ တေလာက ပြောပါတယ်။ သူမရဲ့ အသက် (၃၀) ပြည့် မွေးနေ့မှာဆိုရင် ကိတ်မုန့်ပေါ်မှာ ကြောင်(၃)ကောင်ရဲ့ မျက်နှာတွေနဲ့ ပုံဖော်ခဲ့ပါတယ်။ တစ်ကြိမ်မှာဆို အိုလီဗီယာမျက်နှာပုံလုပ်ထားတဲ့ နားဆွဲကိုတောင် တေလာက ဝတ်ဆင်ခဲ့ပါတယ်။
တေလာဆွစ်ရဲ့ အနုပညာအလုပ်ကလည်း ဒီကြောင်လေးတွေနဲ့ အကျိုးပေးတယ် ဆိုနိုင်ပါတယ်။ သူတို့ရဲ့ ပုံရိပ်တွေက တေလာဆွစ်ကို ပိုအောင်မြင်ဖို့ ပံ့ဖိုးပေးနေသလိုပါပဲ။
“Bombalurina Cats” ထဲမှာလည်း ကြောင်လေးတွေ ပါဝင်သရုပ်ဆောင်ကြပါတယ်။ နောက်ဆုံး တေလာဆွစ်ဟာ သူမရဲ့ စတူဒီယိုကိုတောင် Kitty Committee Studio ” လို့ အမည်ပေးထားပါတယ်။
အရင်ကဆို တေလာဆွစ်ဟာ အိမ်တံခါးပိတ်ပြီး ကြောင်လေးတွေကို အပြင်မှာ ထားခဲ့ဖူးပါတယ်။ အဲဒီအချိန်မျိုးဆို ကြောင်လေးတွေဟာ တညောင်ညောင်နဲ့ ကျယ်လောင်စွာ သူမကို ခေါ်နေတတ်ပါတယ်။
အမှန်က စတူဒီယိုမှာ အသံသွင်းနေတုန်း ကြောင်တွေက အနှောင့်အယှက်ဖြစ်မှာစိုးလို့ အပြင်ကို ထုတ်ထားတာပါ။ အခုတော့ ကြောင်လေးတွေဟာ တေလာဆွစ်အနားမှာ အမြဲတမ်းရှိနေခွင့်ရသွားကြပါပြီ။ အသံသွင်းနေတုန်းတောင်မှပေါ့။
တေလာဆွစ်က ကြောင်တွေဟာ သူမအတွက် နံပါတ်(၁) အရေးပါဆုံးတွေလို့ ပြောပါတယ်။ သူတို့နဲ့ ပျော်ရွှင်စွာနေထိုင်ဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။
သင်ရော တေလာဆွစ်လို ကြောင်လေးတွေ ပိုင်ဆိုင်ထားသလား။ မန့်ခဲ့ကြပါဦးနော်။
Knight News Team
Knight News © 2022
Crd