တိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောတွေဖြတ်သန်းနေပြီး တရုတ်က အပြင်းအထန် ကန့်ကွက် ရုရှားကအထူးစိုးရိမ် စိုးရိမ်နေ..

News Social News World

တိုင်ဝမ်ရေလက်ကြားကို အမေရိကန် ခရုစ်ဒုံးကျည်တိုက်ခိုက်ရေးသင်္ဘော၂ စင်း ဖြတ်သန်းနေကြောင်း အမေရိကန် အမှတ်(၇) ရေတပ်မဟာဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

ပဲ့ထိန်းဒုံးကျည်တင် တိုက်ခိုက်ရေးသင်္ဘော USS Antietam(CG 54) နဲ့ USS Chancellorsville(CG 62) တို့ဟာ နိုင်ငံတကာဥပဒေနှင့်အညီ သွားလာပျံသန်းခွင့်ရှိတဲ့ ထိုင်ဝမ် ရေလက်ကြားပင်လယ်ပြင်မှာ ပုံမှန်အတိုင်း လွတ်လပ်စွာဖြတ်သန်းနေကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး သင်္ဘောဖြတ်သန်းမှုဟာ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအတွက်အမေရိကန်ပြည်ထောင်စုရဲ့ပေးအပ်ထားတဲ့ ကတိကဝတ်ကို အကောင်အထည်ဖေါ်ပြနေတာလို့လည်း အမေရိကန်ရေတပ်သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်ဟာ အင်မတန် အန္တရာယ်များပြီး ရန်စတဲ့အပြုအမှုဖြစ်လို့ အပြင်းအထန် ကန့်ကွက်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန်သင်္ဘောတွေဖြတ်သန်းမှုကို တရုတ်ရေတပ်က အနီးကပ်လိုက်ပါစောင့်ကြည့်နေပြီး အဆင့်အမြင့်ဆုံး တပ်လှန့်ထားကြောင်းလည်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်အနေနဲ့ တရုတ်ရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားအသိအမှတ်ပြုသင့်ကြောင်းနဲ့ တရုတ်က စစ်ရေးလေ့ကျင့်နေချိန်မှာ အခုလို ဖြတ်သန်းသွားလာတာ မလုပ်သင့်ကြောင်း ပြောဆိုထားပါတယ်။
Crd..

Unicode






Crd..

Crd