တိုက်လေယာဉ်အစီးရေ ၃၀ တင်နိုင်သည့် ဧရာမလေယာဉ်တင် သင်္ဘောကြီး အိန္ဒိယတွင် ပထမဆုံးထုတ်လုပ်အောင်မြင်ခဲ့…

News Social News

အိန္ဒိယ၏ ပထမဆုံးပြည်တွင်းတွင် ထုတ်လုပ်သည့် တိုက်လေယာဉ်တင်သင်္ဘောကို သောကြာနေ့တွင် တော်ဝင်အခမ်းနားဖြင့်ရေချပွဲပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများ အရသိရှိရသည်။

၁၇ နှစ်ကြာ တည်ဆောက်မှုနှင့် စမ်းသပ်မှုများပြုလုပ်ခဲ့သည့် အိန္ဒိယရေတပ်၏ ဒုတိယမြောက် စစ်ဆင်ရေး လေယာဉ်တင်သင်္ဘော INS Vikrant ကို တောင်ပိုင်းရှိ အစိုးရပိုင် သင်္ဘောကျင်းတစ်ခုတွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ယင်းသင်္ဘောသည် လေယာဉ်အမှုထမ်း ၁၆၀၀ ခန့်နှင့် လေယာဉ် အစီး ၃၀ တင်ဆောင်နိုင်ပြီး တန်ချိန် ၄၃၀၀၀ရှိကာ ရုရှားနိုင်ငံထုတ် MIG-29K တိုက်လေယဉ်များ သယ်ဆောင်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။

အဆိုပါ သင်္ဘော၏ ရ၆ ရာခိုင်နှုန်းကို အိန္ဒိယတွင်ပြုလုပ်ထားသည်။ လေယာဉ်တင် သင်္ဘောကြီးသည် အိန္ဒိယ၏ ရေကြောင်းဆိုင်ရာ စွမ်းရည်များကို သိသိသာသာ တိုးလာမည်ဖြစ်ပြီး ရေတပ်အား ၎င်း၏ ဖျက်သင်္ဘော ၁၀ စီး ဖရီးဂိတ်သင်္ဘော ၁၂ စီးနှင့် ကော်ဗက် အစင်း ၂၀ တို့နှင့်အတူလည်ပတ်သွားနိုင်မည်ဖြစ်သည်။

Crd..Western News

Unicode





Crd..Western News

Crd