တရုတ် မိုးပျံပူဖောင်းကြီး အမေရိကန်နိုင်ငံပေါ်ကနေ ဖြတ်ပျံထောက်လှမ်းမှု နောက်ဆက်တွဲ

အမေရိကန်နိုင်ငံ မွန်တာနာမှာ မနေ့ထဲက မိုးပျံပူဖောင်းကြီးတခုကို တွေ့ရှိခဲ့ရပါတယ်။ Bus ကား ၃ စီးစာလောက် ကြီးတဲ့ အဲဒီပူဖောင်းကြီးဟာ တရုတ်ပြည်က လွှတ်တင်ထားတဲ့ဟာလို့ ယနေ့မှာ ပင်တဂွန်က ကြေညာပါတယ်။ အမေရိကန်စစ်စခန်းတွေကို ထောက်လှမ်းဖို့လို့ လူတွေက ပြောနေကြပြီး တရုတ်ကတော့ မိုးလေဝသခန့်မှန်းရာမှာ သုံးတဲ့ဘောလုံးလို့ဆိုပါတယ်။

အမေရိကန် လေပိုင်နက်ထဲ ဝင်ရောက်သွားလို့ အလေးအနက် တောင်းပန်တယ်လို့လဲ တရုတ်နိုင်ငံခြားရေးက ဆိုပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ အမေရိကန်နဲ့ အချိန်ပြည့်ဆက်သွယ်နေတယ်လို့လဲ ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနကတော့ တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး ပြင်းထန်တဲ့ သမ္ဗာန်စာ ပေးခဲ့ပါတယ်။

ဒီပူဖောင်းကို ပစ်ချဖို့ လုပ်ခဲ့ပေမယ့် ပင်တဂွန်ကတော့ ပစ်ချရင် အပျက်အစီးတွေ အများကြီးပြန့်ကြဲကုန်မှာမို့ လတ်တလော မပစ်ချဖို့ သမ္မတဘိုင်ဒန်ကို အကြံပေးခဲ့ပြီး သမ္မတကလဲ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီပူဖောင်းပြဿနာဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ တရုတ်ခရီးစဉ်မတိုင်ခင် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ (Nay Thway)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ သူ့ရဲ့တရုပ်ပြည် ခရီးစဉ်ကို မိုးပျံပူဖောင်းကိစ္စပေါ်လာပြီးနောက် ရွှေ့ဆိုင်းလိုက်ပါတယ်။ ပင်တဂွန်ကတော့ နောက်ထပ်တရုပ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီး တစ်လုံးကို လက်တင်အမေရိက အပေါ်မှာတွေ့ထားတယ်လို့ ပြောပါတယ်။ ပင်တဂွန်က တရုပ်တို့ရဲ့အကြောင်းပြချက်ဖြစ်တဲ့ အရပ်ဖက်ဆိုင်ရာ မိုးပျံပူဖောင်းဆိုတာကို လက်မခံပဲပယ်ချခဲ့ပြီး ဒါဟာထောက်လှမ်းရေးအတွက်သာဖြစ်တယ်လို့ ဆိုပါတယ်။

ပင်တဂွန်ရဲ့အပြောအရ မိုးပျံပူဖောင်းကြီးဟာ လတ်တလောခြိမ်းခြောက်မှုကို လုပ်နိုင်တာတော့ မဟုတ်ပေမဲ့ သူတို့ဆက်လက် စောင့်ကြည့်နေတယ် လို့ဆိုပါတယ်။ အခုတော့ မိုးပျံပူဖောင်းကြီးဟာ အမေရိကန်နိုင်ငံအလယ်ဗဟိုကို ဖြတ်ပြီး အရှေ့ဖက်ဆီကိုရွေ့လျားနေပါတယ်။ နောက်ထပ်တွေ့ရတဲ့ မိုးပျံပူဖောင်းဟာ လက်တင်အမေရိကပေါ်ကနေဖြတ်နေတာပါ ဒါကိုလည်းတရုပ်တို့ရဲ့ထောက်လှမ်းရေး မိုးပျံပူဖောင်းအဖြစ် သတ်မှတ်ထားပါတယ် လို့ ပင်တဂွန်က သတင်းစာရှင်းလင်းရေးကိုယ်စားလှယ် ဗိုလ်မှူးချုပ် Patrick Ryder က ထုတ်ပြန်ထားပါတယ်။

လက်တင်အမေရိကရဲ့ ဘယ်နေရာအပေါ်တည့်တည့်မှာဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမဲ့ အဲ့သည့်ဟာက လောလောဆယ်မှာ အမေရိကန်နိုင်ငံဆီကို ဦးတည်နေတဲ့ပုံတော့မရှိပါဘူး လို့ဆိုပါတယ်။ အဲ့သည့် တရုပ် မိုးပျံပူဖောင်းကြီးတွေဟာ အမေရိကန်နိုင်ငံရဲ့အပေါ်မှာ အမြင့်ပေ ၆၀၀၀၀ လောက်ကနေ ပျံသန်းနေတာပါ လို့သိရပါတယ်။ ပြောရရင် သူတို့ဟာ stratosphere ဆိုတဲ့ လေထုအလွှာထဲမှာပါ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းနိုင်တဲ့အမြင့်ပေထက် ပေပေါင်း ၁၈၀၀၀ လောက် ပိုမြင့်တဲ့နေရာကနေပျံနေတာဖြစ်ပါတယ်။

တရုပ်ကတော့ အကြောင်းပြချက်နဲ့တောင်းပန်ထားပေသိ အမေရိကန်ပင်တဂွန်က အကြောင်းပြတာဟာ မဟုတ်ဘူး ထောက်လှမ်းရေးလုပ်နေတာလို့ ဆိုပြီးပယ်ချခဲ့ပါတယ်။ အမေရိကန်တရုပ်ဆက်ဆံရေးမှာ တင်းမာမှုတွေတအားမြင့်ပြီးအေးခဲနေလို့နေလို့ နှင်းခဲပျော်မှတ်ထိဆွဲချဖို့ရာ တရုပ်တို့ဖက်ကစပြောင်းလာတယ်လို့ ကမ္ဘာကမြင်ကြပေမဲ့ အခုလိုကိစ္စ(လုပ်ရပ်) ဟာ တရုပ်တို့ရဲ့ မရိုးသားတဲ့ သဘောတွေကို မငြင်းသာအောင်ဖော်ပြနေပါတယ်လို့ဆိုကြပါတယ်။ (Pi Lon)

Crd