တရုတ်အစိုးရဟာ ကွန်ပျူတာအိုင်တီစနစ်တွေကို ခိုးယူဖျက်စီးအလွဲသုံးစားလုပ်ခဲ့ဟု နိုင်ငံတကာကပြောပြီ

News

(၁၉ ဇူလိုင် ၂၀၂၁)တရုတ်နိုင်ငံလုံခြုံရေးရာဝန်ကြီးဌာနကနေ ဒီမိုကရေစီအနောက်နိုင်ငံတွေရဲ့ ကွန်ပျူတာစနစ်တွေထဲကို ခိုးဝင်ဖျက်ဆီးဖို့ ကျိုးစားခဲ့တယ်လို့ အမေရိကန် နော်ဝေနဲ့ EU ဥရောပသမဂ္ဂတို့က ဒီကနေ့ပြောပါတယ်။

အခုနှစ်မတ်လထဲမှာ နော်ဝေပါလီမန်ရဲ့ Email ပေးပို့တဲ့စနစ် ခိုးဝင်နှောက်ယှက်မှုနဲ့ ကြုံခဲ့ရတယ်ဆိုပါတယ်။ နော်ဝေထောက်လှမ်းရေးအဖွဲ့က ကွန်ပျူတာ Hacker တွေကို စနစ်တကျခြေရာခံစုံစမ်းခဲ့ပြီး တရုတ်ရဲ့လက်ချက်ဆိုတာ အတိအကျဖေါ်ထုတ်နိုင်ပြီလို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Eriksen Søreide က ပြောပါတယ်။ .

ဒီမိုကရေစီနိုင်ငံအတွက် အသက်သွေးကြောတစ်ခုလိုအရေးကြီးတဲ့နေရာ တန်ဖိုးကြီးတဲ့နေရာကို ခိုးကြောင်ခိုးဝှက်သူခိုးအလုပ်လုပ်တဲ့အပေါ် ဖြေရှင်းချက်ပေးဖို့ တရုတ်သံအမတ်ကို ဆင့်ခေါ်ပြောပြီးပြီလို့လည်း Eriksen Søreide ကပြောပါတယ်။

အလားတူ EU ဥရောပသမဂ္ဂနဲ့ Microsoft ကုမ္ပဏီတွေကလည်း ကွန်ပျူတာစနစ်တွေကို ဖျက်စီးဖို့ အလွဲသုံးစားလုပ်ဖို့ ကျိုးစားခဲ့တဲ့ Hacker တွေဟာ တရုတ်နိုင်ငံကဖြစ်တယ်လို့ ဒီကနေ့ပြောဆိုထားပါတယ်။

အမေရိကန်နိုင်င်ငံခြားရေးဝန်ကြီး Antony Bllinken ကလည်း တရုတ်ဟာ ကွန်ပျူတာHacker တွေသုံးပြီး နိုင်ငံတော်လုံခြုံရေးအတွက်သာမက ဒေါ်လာသန်းချီ ငွေညှစ်တဲ့လုပ်ရပ်တွေလုပ်ခဲ့တယ်ဆိုပါတယ်။ တရုတ်ရဲ့ ဆိုက်ဘာရာဇဝတ်မှုကို နေတိုးအဖွဲ့ကပါ ပါဝင်ထောက်လှမ်းဖေါ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

တရုတ်အပေါ် ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကို NATO ဗြိတိန် ဩစတေးလျှ နယူးဇီလန် ကနေဒါနိုင်ငံတွေနဲ့ ဒီကနေ့ ဆွေးနွေးမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

Burma News

Leave a Reply