တရုတ်နိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းပြည်နယ်တွေမှာ တိုင်ဖွန်းမုန်တိုင်းစတင်ဝင်

News

တရုတ်နိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းပြည်နယ်တွေမှာ တိုင်ဖွန်းမုန်တိုင်းစတင်ဝင်ရောက်

(၂၅ ဇူလိုင် ၂၀၂၁)

တရုတ်အရှ့ပိုင်း ကမ်းရိုးတန်းပြည်နယ်Zhejiang မှာ တနာရီကို မိုင် (၆၀) ကနေ (၈၅) မိုင်အထိတိုက်ခိုက်နိုင်တဲ့ တိုင်ဖွန်းမုန်တိုင်းစတင် ဝင်ရောက်တိုက်ခိုက်နေပြီလို့ တရုတ်အာဏာပိုင်တွေကပြောပါတယ်။

မုန်တိုင်းဟာ ရှန်ဟိုင်းမြို့ကိုပါဖြတ်သန်းတိုက်ခိုက်မှာမို့ လေဆိပ်တွေပိတ်ထားပြီး သယ်ယူပို့ဆောင်ရေးအားလုံးဆိုင်းငံ့ထားပြီဆိုပါတယ်။ အလယ်ပိုင်းပြည်နယ်တွေမှာ ရေကြီးရေလျှံမှုနဲ့ရင်ဆိုင်နေရချိန်မှာ ကမ်းရိုးတန်းပြည်နယ်တွေက မုန်တိုင်းနဲ့ ရင်ဆိုင်ရတာလို့ ပြည်နယ်ကွန်မြူနစ်ပါတီတာဝန်ခံတွေကပြောပါတယ်။

နှစ်ပေါင်း (၁၀၀) အတွင်းအဆိုးဝါးဆုံး သဘာဝဘေးဒဏ်နဲ့ ရင်ဆိုင်ရတာလို့ Zhejiang ပြည်နယ်ကွန်မြူနစ်ပါတီခေါင်းဆောင်ကပြောဆိုကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

Burma News

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply