တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ၂၆ ထပ် မြင့်မားသည့် ဝက်ဟိုတယ်…

News Social News





Crd..Team (ရိုးရာလေး)

Unicode

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ၂၆ ထပ် မြင့်မားသည့် ဝက်ဟိုတယ်…

အခုပုံမှာ မြင်ရတဲ့ အဆောက်အအုံက ဟိုတယ်တစ်ခုတော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက ဝက်မွေးမြူရေးအဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ အီကျိုးမြို့မှာ တည်ရှိတဲ့ ဒီအဆောက်အအုံက ၂၆ ထပ် မြင့်မားပါတယ်။

စတုရန်းမီတာ ၄၀၀၀၀၀ ကျယ်ဝန်းတဲ့ အဆောက်အအုံ ၂ လုံး ပါဝင်ပြီး အလိုအလျောက် ဝက်များအား အစာကျွေးဖို့အတွက် စက်တွေ ကိုလဲ တပ်ဆင်ထားရှိပါတယ်။

လေဝင် လေထွက်ကောင်းဖို့၊ ပိုးသတ်ဖို့၊ အညစ်အကြေးတွေကနေ လျှပ်စစ်စွမ်းအင်နဲ့ အပူစွမ်းအင် ထုတ်လုပ်နိုင်ဖို့ စနစ်တွေလည်း ထားရှိပါတယ်။ တစ်နှစ်ကို ဝက်အကောင်ရေ ၆၀၀၀၀၀ မွေးမြူပြီး ဝက်သားတန်ချိန် ၅၄၀၀၀ ထုတ်လုပ်နိုင်ဖို့ ခန့်မှန်းထားပါတယ်။

ဒီဝက်မွေးမြူရေးခြံကို Zhongxin Kaiwei Modern Farming ကုမ္ပဏီက ပိုင်ဆိုင်ပြီး တရုတ်နိုင်ငံရဲ့အကြီးမားဆုံး ဝက်မွေးမြူရေးခြံလဲ ဖြစ်ပါတယ်။ထိုနေရာကိုတော့ ဝက်ဟိုတယ်လို့လည်း ခေါ်ကြပါတယ်။
Crd..Team (ရိုးရာလေး)

Crd