■တရုတ်စစ်တပ်တွေဟာ ဒီ လေ့ကျင့်မှုမျိုးကို ၂၀၁၄ ခုနှစ်မှာ ရပ်နားခဲ့ကာကိုယ်ခံပညာဟာ PLA အတွက် အမှတ်တံဆိပ်တစ်ခုတောင်ဖြစ်နေခဲ့

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■တရုတ်စစ်တပ်တွေဟာ ဒီ လေ့ကျင့်မှုမျိုးကို ၂၀၁၄ ခုနှစ်မှာ ရပ်နားခဲ့ကာကိုယ်ခံပညာဟာ PLA အတွက် အမှတ်တံဆိပ်တစ်ခုတောင်ဖြစ်နေခဲ့

၂၀၁၂ ခုနှစ်တုန်းက အင်တာနက်ပေါ်မှာ ဗီဒီယို နှစ်ခု ပျံ့နှံ့ခဲ့ပါတယ်။
ပထမတစ်ခုကတော့ တရုတ်စစ်သားတွေဟာ စစ်ရေးလေ့ကျင်ခန်းအတွက် သူတို့ရဲ့ ဦးခေါင်းဖြင့် အုတ်ခဲတွေကို ရိုက်ခွဲနေတဲ့ ဗီဒီယိုဖြစ်ပြီး ဒုတိယတစ်ခုက တော့ တောင်ကိုးရီးယား စစ်သားတွေဟာ ကွန်ကရစ်ချပ်တွေကို ခေါင်းဖြင့် ရိုက်ခွဲနေတဲ့ ဗီဒီယိုပဲဖြစ်ပါတယ်။

လူအများစုကတော့ ဒါဟာ People’s Liberation Army (တရုတ်ပြည်သူ့သမ္မတနိုင်ငံတပ်မတော်) ရဲ့အင်အားကို ပြသဖို့အတွက်သာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမယ့် ဒိတိုက်ခိုက်ရေးတွေသာ ရုပ်ပြသက်သက်ပဲဆိုရင် PLA အဖွဲ့ဟာ အနာဂတ်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။
ဒါပေမယ့်လည်း စစ်တပ်အာဏာပိုင်တွေကတော့ ဒီသရုပ်ပြမှုတွေဟာ လက်တွေ့မှာ အသုံးဝင်မှု အနည်းငယ်မျှသာရှိပြီး စစ်တပ်ဟာ ဒီလို့ လေ့ကျင့်ရေးမျိုးအတွက် အချိန်အများကြီးပေးပြီးလေ့ကျင့်တာကို ပြန်စဥ်းစားသင့်တယ်လို့ဆိုပါတယ်။

အချိန်ပိုင်းဟာ နည်းပေမယ့် တရုတ်နိုင်ငံရဲ့ကျယ်ပြန့်တဲ့ အင်အားကို ပိုပြီး ခေတ်မှီအောင်လို့ ပြုလုပ်တဲ့နေရာမှာတော့ သိသိသာသာကို အရေးပါပါတယ်။
စစ်ဖြစ်တာဟာ ဖျော်ဖြေရေးအတွက် မဟုတ်ပါဘူး။
ကျန်းအိုင်ဂျွန်ခေါ်သူ ဘေကျင်းမှာရှိတဲ့ အထူးတပ်ဖွဲ့ဝင်ဗိုလ်ချုပ်က PLA daily လို့ခေါ်တဲ့ တရုတ် စစ်တပ်ဆိုင်ရာ နိုင်ငံပိုင်သတင်းစာကို လေ့ကျင့်မှုတွေဟာ တကယ့်တိုက်ပွဲနှင့်အလားသဏ္ဌာန်တူနေရမှာဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးဖို့ကိုလည်း အထူးအလေးထားသင့်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါကြောင့် တရုတ်စစ်တပ်တွေဟာ ဒီ လေ့ကျင့်မှုမျိုးကို ၂၀၁၄ ခုနှစ်မှာ ရပ်နားခဲ့ကာကိုယ်ခံပညာဟာ PLA အတွက် အမှတ်တံဆိပ်တစ်ခုတောင်ဖြစ်နေပါပြီ။

PLA အဖွဲ့ဟာလည်း အခြားဗျူဟာတွေကို အသေးစိတ်မရှင်းပြတော့ပါဘူး။ နှစ်ပေါင်းများစွာတိုင်အောင် သူတို့ဟာ ဒီစွမ်းရည်တွေအပေါ်အခြေခံပြီးသူတို့ရဲ့ လုပ်နိုင်စွမ်းတွေကို ပြသခဲ့ပြီး ချီးမြှောက်မှုများစွာဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီစတန့်ကွက်တွေဟာ စစ်မြေပြင်ပေါ်မှာ တကယ်ပဲ အသုံးဝင်ရဲ့လား။
Ref:youtube
Trans:thegeektext

zawgyi


■ဦးခေါင်းဖြင့်အုတ်ခဲတွေကို ရိုက်ခွဲတဲ့တရုတ်နဲ့ကိုရီးယား စစ်ရေးလေ့ကျင့်မှုများ





Ref:youtube
Trans:thegeektext