တရုတ္နိုင္ငံအတြင္း ဓာတ္အားမလုံေလာက္သျဖင့္ အီးဗီကားမ်ား တန္းစီေစာင့္ဆိုင္းျပီး အားသြင္းေနရ

News Social News

 

ယခုအခါ တ႐ုတ္ႏိုင္ငံတြင္ဘက္ထရီကား (BEV) ၈ သန္းခန႔္ ႏွင့္ ပလပ္ထိုး ဟိုက္ဘရစ္ကား (PHEV) ကားအစီးေရ ၂ သန္းခန့္သုံးစြဲေနၾကပါတယ္။ဓာတ္ဆီ ဒီဇယ္ဆီ အင္ဂ်င္ကားအသစ္ေတြ ကနဦး မွတ္ပုံတင္ဖို႔ ခြဲတမ္း သတ္မွတ္ထားၿပီး နံပါတ္ရဖို႔ မဲႏႈိက္ရပါတယ္။ မဲေပါက္မွ ကနဦး မွတ္ပုံတင္ခြင့္ ရပါတယ္။

ၿမိဳ႕ႀကီးေတြ အေတာ္မ်ားမ်ားမွာ ခြဲတမ္းက ၅ ႏွစ္စာ ျပည့္ေနပါၿပီ။ အင္ဂ်င္ကားအသစ္ စီးဖို႔ ေလးငါးႏွစ္ ေစာင့္မယ့္အစား ကနဦး မွတ္ပုံတင္ဖို႔ လြယ္ကူတဲ့ အီးဗီအသစ္ကို ဝယ္စီးၾကပါတယ္။ဒီေတာ့ အီးဗီေတြ မ်ားသည္ထက္ ပိုမ်ားလာေနပါတယ္။တ႐ုတ္ျပည္ ေတာင္ပိုင္းမွာ အီးဗီစီးသူမ်ား ည ၈ နာရီမွ မနက္ ၅ နာရီအထိ အားသြင္း႐ုံႏွင့္ ဘက္ထရီလဲ႐ုံမ်ားမွာ ညလုံးေပါက္ တန္းစီၿပီး အားသြင္းေနၾကရပါတယ္။

တ႐ုတ္ျပည္ ေတာင္ပိုင္းမွာ ၁၉၆၁ ခုႏွစ္ေနာက္ပိုင္း အျပင္းထန္ဆုံးေသာ အပူလႈိင္းေၾကာင့္ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ ျမင့္တက္လာရာ မဟာဓာတ္အားလိုင္းမ်ား မႏိုင္မနင္း ျဖစ္ေနတာေၾကာင့္ ခြဲတမ္းစနစ္ျဖင့္ ဓာတ္အား ျဖန္ျဖဴးေနရပါတယ္။အီးဗီ အားသြင္း႐ုံမ်ားႏွင့္ ဘက္ထရီလဲ႐ုံမ်ား ရပ္ဆိုင္း/ ေလွ်ာ့ခ်ထားရန္ ၫႊန္ၾကားထားပါတယ္။အီးဗီေတြကို ညသန္းေခါင္ေက်ာ္မွ အားသြင္းခြင့္ ေပးပါတယ္။မနက္ ၅ နာရီမွာ ရပ္ၾကရပါတယ္။

မိုးထိတိုက္တာမ်ားရဲ႕ အိမ္ရာတိုက္ခန္းမွာ ေနထိုင္တဲ့ အီးဗီပိုင္ရွင္ေတြအဖို႔ အားသြင္း႐ုံေတြမွာသာ အားသြင္းၾကရပါတယ္။ဒီေတာ့ ညဘက္ အားသြင္း႐ုံေတြမွာ အားသြင္းဖို႔ တန္းအရွည္ႀကီးစီၾကရပါတယ္။အပူလႈိင္းေၾကာင့္ ေရခန္းေျခာက္လိူ႔ ေရအားလွ်ပ္စစ္ ထုတ္လုပ္မႈ ေလ်ာ့က်ပါတယ္။ Sichuan ျပည္နယ္က ဓာတ္အား လိုအပ္ခ်က္ ျဖည့္ဆည္းဖို႔ ေရအားလွ်ပ္စစ္ကို ၈၀% အားကိုးထားပါတယ္။ထုတ္လုပ္မႈ ေလ်ာ့က်ေနခ်ိန္မွာ သုံးစြဲမႈက အသုံးၾကမ္းေနပါတယ္။

ျပင္းထန္တဲ့ အပူလႈိင္းေၾကာင့္ အေရအတြက္ သန္းခ်ီတဲ့ အိမ္ရာတိုက္ခန္းေတြမွာ အေရအတြက္ သန္းခ်ီတဲ့ အဲကြန္းေတြ ဖြင့္ထားၾကရလို႔ မဟာဓာတ္အားလိုင္း မႏိုင္မနင္းျဖစ္တာေၾကာင့္ အာဏာပိုင္ေတ‌ြက ဓာတ္အားကို ခြဲတမ္းစနစ္ျဖင့္ ေပးတဲ့အတြက္ အီးဗီေတြ အားသြင္းဖို႔ အခက္ႀကဳံေနၾကရပါတယ္။တ႐ုတ္ျပည္ေတာင္ပိုင္း ျပည္နယ္ ၃ ခု ျဖစ္တဲ့ Sichuan၊ Hunan၊ Zhejiang ႏွင့္ Jiangxi တို႔မွ ဓာတ္အားကို ခြဲတမ္းျဖင့္ ျဖန႔္ျဖဴးပါတယ္။ဓာတ္အားသုံးစြဲမႈမ်ားတဲ့ စက္႐ုံေတြ ပိတ္ခိုင္းလို႔ ပိတ္ထားရပါတယ္။

႐ုံးေတြမွာ ေလေအးစက္ ပိတ္ထားရလို႔ အပူဒဏ္မခံႏိုင္လို႔ အိမ္မွ အလုပ္လုပ္ၾကပါတယ္။မဖြင့္မျဖစ္တဲ့ လက္လီအေရာင္းဆိုင္ေတြမွာ မရွိမျဖစ္ ဝန္ထမ္းဦးေရျဖင့္သာ လုပ္ကိုင္ၾကပါတယ္။Nio ႏွင့္ Geely တို႔ရဲ႕ ဘက္ထရီအလုံးလိုက္ လဲလွယ္တပ္ဆင္ေပးတဲ့ အီးဗီ EV ဘက္ထရီလဲလွယ္ေရး႐ုံမ်ားကို ရပ္ထားဖို႔ အမိန႔္ထုတ္ထားပါတယ္။DC အျမန္အားသြင္း႐ုံေတြမွာ အမ်ားစုကို ရပ္ခိုင္း ထားပါတယ္။အားသြင္းခြင့္ ရတဲ့႐ုံေတြက္ုလည္း ၂၄ နာရီပတ္လည္ လုပ္ကိုင္ခြင့္မေပးဘဲ သတ္မွတ္ခ်ိန္ နာရီပိုင္းကိုသာ အားသြင္းခြင့္ ေပးပါတယ္။

Chengdu မွာTesla Supercharger ၃၁ ခုရွိတဲ့အနက္ ၂ ခုကိုသာအခ်ိန္ပိုင္းျဖင့္ အားသြင္းရန္ ခြင့္ျပဳထားပါတယ္။Article ads တကၠဆီ ယာဥ္ေမာင္းတစ္ဦးက အားသြင္း႐ုံမွာ ည ၈ နာရီဝန္းက်င္ တန္းစစီပါတယ္။ မနက္ ၄ နာရီသာသာမွာ သူ႔အလွည့္ ေရာက္ပါတယ္။ သူ႔အီးဗီက ပုံမွန္အားျဖင့္ အားအျပည့္သြင္းထားရင္ ၄၀၀ ကီလိုမီတာ သြားႏိုင္ပါတယ္။

ယခုအခါ အပူျပင္းတာေၾကာင့္ အဲကြန္းကို အသားကုန္ ေတာက္ေလွ်ာက္ ဖြင့္ထားရလို႔ သြားႏိုင္တဲ့ ကီလိုမီတာ ၄၀၀ ကို မရႏိုင္ေတာ့ေၾကာင္း သူက ေျပာျပပါတယ္။”ဘက္ထရီ အားကုန္တာ တအားျမန္တယ္” လို႔ သူက သည္းပါတယ္။အီဗီကို စိတ္ကုန္သြားၿပီလားလို႔ သူ႔ကို ေမးေတာ့ သူက အီးဗီကို ႏွစ္သက္တုန္းပဲ၊ ဒါေပမဲ့ပါဝါခြဲတမ္းနဲ႔ အားသြင္းဖို႔ တန္းအရွည္ႀကီးစီရတာကိုေတာ့ သူ မႀကိဳက္ဘူးလို႔ ေျဖပါတယ္။
Crd..MyanmarAutomobileGuide

Unicode

တရုတ်နိုင်ငံအတွင်း ဓာတ်အားမလုံလောက်သဖြင့် အီးဗီကားများ တန်းစီစောင့်ဆိုင်းပြီး အားသွင်းနေရ…???

ယခုအခါ တရုတ်နိုင်ငံတွင်ဘက်ထရီကား (BEV) ၈ သန်းခန့် နှင့် ပလပ်ထိုး ဟိုက်ဘရစ်ကား (PHEV) ကားအစီးရေ ၂ သန်းခန့်သုံးစွဲနေကြပါတယ်။ဓာတ်ဆီ ဒီဇယ်ဆီ အင်ဂျင်ကားအသစ်တွေ ကနဦး မှတ်ပုံတင်ဖို့ ခွဲတမ်း သတ်မှတ်ထားပြီး နံပါတ်ရဖို့ မဲနှိုက်ရပါတယ်။ မဲပေါက်မှ ကနဦး မှတ်ပုံတင်ခွင့် ရပါတယ်။

မြို့ကြီးတွေ အတော်များများမှာ ခွဲတမ်းက ၅ နှစ်စာ ပြည့်နေပါပြီ။ အင်ဂျင်ကားအသစ် စီးဖို့ လေးငါးနှစ် စောင့်မယ့်အစား ကနဦး မှတ်ပုံတင်ဖို့ လွယ်ကူတဲ့ အီးဗီအသစ်ကို ဝယ်စီးကြပါတယ်။ဒီတော့ အီးဗီတွေ များသည်ထက် ပိုများလာနေပါတယ်။တရုတ်ပြည် တောင်ပိုင်းမှာ အီးဗီစီးသူများ ည ၈ နာရီမှ မနက် ၅ နာရီအထိ အားသွင်းရုံနှင့် ဘက်ထရီလဲရုံများမှာ ညလုံးပေါက် တန်းစီပြီး အားသွင်းနေကြရပါတယ်။

တရုတ်ပြည် တောင်ပိုင်းမှာ ၁၉၆၁ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးသော အပူလှိုင်းကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာရာ မဟာဓာတ်အားလိုင်းများ မနိုင်မနင်း ဖြစ်နေတာကြောင့် ခွဲတမ်းစနစ်ဖြင့် ဓာတ်အား ဖြန်ဖြူးနေရပါတယ်။အီးဗီ အားသွင်းရုံများနှင့် ဘက်ထရီလဲရုံများ ရပ်ဆိုင်း/ လျှော့ချထားရန် ညွှန်ကြားထားပါတယ်။အီးဗီတွေကို ညသန်းခေါင်ကျော်မှ အားသွင်းခွင့် ပေးပါတယ်။မနက် ၅ နာရီမှာ ရပ်ကြရပါတယ်။

မိုးထိတိုက်တာများရဲ့ အိမ်ရာတိုက်ခန်းမှာ နေထိုင်တဲ့ အီးဗီပိုင်ရှင်တွေအဖို့ အားသွင်းရုံတွေမှာသာ အားသွင်းကြရပါတယ်။ဒီတော့ ညဘက် အားသွင်းရုံတွေမှာ အားသွင်းဖို့ တန်းအရှည်ကြီးစီကြရပါတယ်။အပူလှိုင်းကြောင့် ရေခန်းခြောက်လိူ့ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့ကျပါတယ်။ Sichuan ပြည်နယ်က ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းဖို့ ရေအားလျှပ်စစ်ကို ၈၀% အားကိုးထားပါတယ်။ထုတ်လုပ်မှု လျော့ကျနေချိန်မှာ သုံးစွဲမှုက အသုံးကြမ်းနေပါတယ်။

ပြင်းထန်တဲ့ အပူလှိုင်းကြောင့် အရေအတွက် သန်းချီတဲ့ အိမ်ရာတိုက်ခန်းတွေမှာ အရေအတွက် သန်းချီတဲ့ အဲကွန်းတွေ ဖွင့်ထားကြရလို့ မဟာဓာတ်အားလိုင်း မနိုင်မနင်းဖြစ်တာကြောင့် အာဏာပိုင်တေ‌ွက ဓာတ်အားကို ခွဲတမ်းစနစ်ဖြင့် ပေးတဲ့အတွက် အီးဗီတွေ အားသွင်းဖို့ အခက်ကြုံနေကြရပါတယ်။တရုတ်ပြည်တောင်ပိုင်း ပြည်နယ် ၃ ခု ဖြစ်တဲ့ Sichuan၊ Hunan၊ Zhejiang နှင့် Jiangxi တို့မှ ဓာတ်အားကို ခွဲတမ်းဖြင့် ဖြန့်ဖြူးပါတယ်။ဓာတ်အားသုံးစွဲမှုများတဲ့ စက်ရုံတွေ ပိတ်ခိုင်းလို့ ပိတ်ထားရပါတယ်။

ရုံးတွေမှာ လေအေးစက် ပိတ်ထားရလို့ အပူဒဏ်မခံနိုင်လို့ အိမ်မှ အလုပ်လုပ်ကြပါတယ်။မဖွင့်မဖြစ်တဲ့ လက်လီအရောင်းဆိုင်တွေမှာ မရှိမဖြစ် ဝန်ထမ်းဦးရေဖြင့်သာ လုပ်ကိုင်ကြပါတယ်။Nio နှင့် Geely တို့ရဲ့ ဘက်ထရီအလုံးလိုက် လဲလှယ်တပ်ဆင်ပေးတဲ့ အီးဗီ EV ဘက်ထရီလဲလှယ်ရေးရုံများကို ရပ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။DC အမြန်အားသွင်းရုံတွေမှာ အများစုကို ရပ်ခိုင်း ထားပါတယ်။အားသွင်းခွင့် ရတဲ့ရုံတွေက်ုလည်း ၂၄ နာရီပတ်လည် လုပ်ကိုင်ခွင့်မပေးဘဲ သတ်မှတ်ချိန် နာရီပိုင်းကိုသာ အားသွင်းခွင့် ပေးပါတယ်။

Chengdu မှာTesla Supercharger ၃၁ ခုရှိတဲ့အနက် ၂ ခုကိုသာအချိန်ပိုင်းဖြင့် အားသွင်းရန် ခွင့်ပြုထားပါတယ်။Article ads တက္ကဆီ ယာဉ်မောင်းတစ်ဦးက အားသွင်းရုံမှာ ည ၈ နာရီဝန်းကျင် တန်းစစီပါတယ်။ မနက် ၄ နာရီသာသာမှာ သူ့အလှည့် ရောက်ပါတယ်။ သူ့အီးဗီက ပုံမှန်အားဖြင့် အားအပြည့်သွင်းထားရင် ၄၀၀ ကီလိုမီတာ သွားနိုင်ပါတယ်။

ယခုအခါ အပူပြင်းတာကြောင့် အဲကွန်းကို အသားကုန် တောက်လျှောက် ဖွင့်ထားရလို့ သွားနိုင်တဲ့ ကီလိုမီတာ ၄၀၀ ကို မရနိုင်တော့ကြောင်း သူက ပြောပြပါတယ်။”ဘက်ထရီ အားကုန်တာ တအားမြန်တယ်” လို့ သူက သည်းပါတယ်။အီဗီကို စိတ်ကုန်သွားပြီလားလို့ သူ့ကို မေးတော့ သူက အီးဗီကို နှစ်သက်တုန်းပဲ၊ ဒါပေမဲ့ပါဝါခွဲတမ်းနဲ့ အားသွင်းဖို့ တန်းအရှည်ကြီးစီရတာကိုတော့ သူ မကြိုက်ဘူးလို့ ဖြေပါတယ်။
Crd..MyanmarAutomobil

Crd