■တရားဝင်ကမ္ဘာ့အသန်မာဆုံးလူတစ်ယောက်ဖြစ်သူ Martins Licis

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■တရားဝင်ကမ္ဘာ့အသန်မာဆုံးလူတစ်ယောက်ဖြစ်သူ Martins Licis

နောက်ထပ်သန်မာတဲ့တစ်ယောက်ကတော့ မာတင်း လိုက်စပ် ဖြစ်ပါတယ်။သူကတော့ ရေခဲတုံးတွေကို ခွဲတာမျိုးမဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ ဘယ်သူမှမ မနိုင်တဲ့အလေးချိန်တွေကို မနိုင်တာပါ။သူကတရားဝင် ကမ္ဘာ့အသန်မာဆုံးလူတစ်ယောက်ဖြစ်ပါတယ်။အရင်က ကမ္ဘာ့ချန်ပီယံ ဟဖ် သော ဘီယွန်ဆင် ၊ ဘရိုင်ယန် ရှောလ် တို့နဲ့မတူဘဲ ခြောက်ပေသုံးနဲ့ သုံးရာ့လေးဆယ်ပေါင်ရှိတဲ့သူကို တော်တော်ရိုကျိုးတဲ့ပုံနဲ့ အမှတ်မထင်တွေ့ခဲ့တာပါ။

ဒါပေမဲ့ သူကမယုံနိုင်လောက်အောင်ခွန်အားကြီးပါတယ်။အားလုံးရဲ့အစကတော့ သူဆယ်ကျော်သက်အရွယ် လာဗီယာမှာ ကျောက်တုံးတွေ မရာကနေ ပါ။သူ့အသက်နှစ်ဆယ်မှာတော့ ကယ်လီဖိုးနီးယားက လူသန်မာတစ်ယောက်ဖြစ်တဲ့ ODD E. Haugen(အာ အီ ဟာဂန်)ဆီမှာ လေ့ကျင့်ခဲ့ပါပြီ။

ဟာသဉာဏ်ရွှင်တဲ့သူက သူ့ကိုယ်သူဖော်ပြရာမှာ “ လက်ရံးရည်ပြိုင်ပွဲတွေမှာ အလေးအနက်ထားတဲ့ လူအတစ်ယောက်”လို့ပြောကြားခဲ့ပါတယ်။သူရဲ့ခွန်အားတွေကတော့ ပေါက်ကွဲထွက်မတတ်ပါပဲ။ကြီးမားတဲ့ကြွက်သားတွေနဲ့ဒီလူသားဟာ ၆၀၅ ပေါင်အလေးတစ်ခုကို မပြီး ထိုင်ထ အလွယ်တကူလုပ်နိုင်ပါတယ်။

ဒါက အထင်ကြီးလောက်စရာမဟုတ်သေးပါဘူး။ NFL စတားအဟောင်းဖြစ်ပြီး သူရဲ့သူငယ်ချင်းဖြစ်သူ ရော့ဘ် ဂရန်ကိုစကီ ကို သူ့ခေါင်းပေါ်ထိမြှောက်ပြီး ထိုင်ထလုပ်တာကို ရိုက်ကူးခဲ့ပါသေးတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext