တန်ဖိုးကြီးရွှေငါးတစ်ကောင်ကို ကံကောင်းစွာဖြင့် ဖမ်းမိခဲ့သော်လည်း တစ်ခါတည်းဟင်းချက်စားရန် စီစဥ်နေတာကြောင့် အိမ်နီးချင်းများက ဝိုင်းတားခဲ့ရသည့်အဖြစ်




Shoon (Cele Daily)

Zawgyi

တန်ဖိုးကြီးရွှေငါးတစ်ကောင်ကို ကံကောင်းစွာဖြင့် ဖမ်းမိခဲ့သော်လည်း တစ်ခါတည်းဟင်းချက်စားရန် စီစဉ်နေတာကြောင့် အိမ်နီးချင်းများက ဝိုင်းတားခဲ့ရသည့်အဖြစ်

လူအချို့တို့သည် ငါးလေးတွေကို နေအိမ်တွင် အလှအပအတွက်သော်လည်းကောင်း ကံကောင်းခြင်း၊စီးပွားတက်ခြင်းဆိုသော အယူအဆများကြောင့်သော်လည်းကောင်း နေအိမ်တွင်မွေးထားတတ်ကြပါတယ်။

ရွှေငါးများတွင်လည်း အမျိုးအစားအမျိုးမျိုးရှိနေခဲ့ပြီး အချို့ငါးများသည် သူဋ္ဌေးကြီးများသာ ဝယ်ယူနိုင်လောက်အောင် တန်ဖိုးကြီးလှတာဖြစ်ပါတယ်။ထိုင်းနိုင်ငံ Phon Thongခရိုင်အနီးမှ ကျေးရွာတစ်ခုတွင်နေထိုင်သော အသက်၆၇နှစ်အရွယ် အဖွားတန်ဟာ ချောင်းထဲမှ တန်ဖိုးကြီးရွှေငါးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။

ထိုအခါ ရွှေငါးကိုပင် တစ်ခါတည်းဟင်းချက်စားရတ်စီစဉ်နေသ​ဖြင့် အိမ်နီးချင်းများက ရွှေငါးလေးကို နေအိမ်၏စီးပွားလာဏ်လာဘတွေတိုးပွားစေရန် မွေးထားသင့်ကြောင်း ရှင်းပြခဲ့ရပါတယ်။

Shoon (Cele Daily)

Crd