တစ်ရက်အတွင်း ငွေသန်းဂဏန်းအထိ ဝင်ငွေရရှိခြင်းရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ကိုပြန်လည်မျှဝေတဲ့ online ‘ live ’ ရောင်းချသူအမျိုးသမီး

တစ်ရက်အတွင်း ငွေသန်းဂဏန်းအထိ ဝင်ငွေရရှိခြင်းရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ကိုပြန်လည်မျှဝေတဲ့ online ‘ live ’ ရောင်းချသူအမျိုးသမီး

Online မှာ ‘Ledam’ လို့လူသိများတဲ့ Madel Delos Santos အမည်ရှိအမျိုးသမီးတစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံမှာ အအောင်မြင်ဆုံးအွန်လိုင်းရောင်းချသူ တစ်ဦးဖြစ်ပြီး သူမရဲ့ ‘Live’ ရောင်းချမှုတစ်ခုအတွင်း Php 1 သန်းအထိရောင်းချနိုင်အောင် လှုံ့ဆော်နိုင်သူလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် Madel Delos Santos ဟာ သူမရဲ့စီးပွါးရေးလုပ်ငန်းကို အခြားသူများလည်း အတုယူနိုင်ရန်နှင့် သူမရဲ့အောင်မြင်မှုလျှို့ဝှက်ချက်တို့ကိုမျှဝေခဲ့ပါတယ်။ i-Witness အမည်ရှိ Facebook Account မှာ Delos Santos ဟာ အောင်မြင်တဲ့ သူမရဲ့ဖိလစ်ပိုင်နိုင်ငံ Bulacan ခရိုင်အခြေစိုက်လုပ်ငန်းအကြောင်းကို Atom Araullo အမည်ရှိ အစီစဉ်မှူးအမျိုးသားတစ်ဦးနှင့်အတူ မျှဝေပေးခဲ့ပါတယ်။

Delos Santos ဟာ သူမမှာခမ်းနားတဲ့အိမ်ကြီးတစ်လုံးနှင့် ကားများစွာရှိလာတဲ့အပြင် သူမနှင့် သူမရဲ့မိသားစုတို့ ယခင်က အိပ်မက်မက်ခဲ့တဲ့ဇိမ်ခံပစ္စည်းများ၊ သူမတို့လိုချင်သမျှကို အမှန်တကယ်ဝယ်ယူနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံရှိ နိုင်ငံရပ်ခြား ဖိလစ်ပိုင်လုပ်သားဟောင်းတစ်ဦးဖြစ်သူ Delos Santos ဟာ သူမရဲ့အွန်လိုင်းစီးပွားရေးကိုအရင်းအနှီးငွေ php ၄၀၀၀ ဖြင့်စတင်ခဲ့ပြီး ထိုစဉ်က သူမဟာ သူမရဲ့ရင်သွေးကို ပြုစုစောင့်ရှောက်ဖို့ ပိုအာရုံစိုက်ခဲ့ပေမယ့် ပြင်ပဝင်ငွေကို လိုချင်နေဆဲဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ တစ်လမှာ ဂဏန်း 7 လုံး အထိအမြတ်ငွေရရှိကြောင်း Delos Santos မှဝန်ခံတဲ့အခါ Atom Araullo ဟာ အတော်လေးအံ့အားသင့်သွားခဲ့ပါတယ်။

ကံကောင်းတာက Delos Santos ဟာ ယခင်က ဂျပန်နိုင်ငံမှာ အခြေစိုက်နေထိုင်ခဲ့သူဖြစ်တာကြောင့် ဂျပန်ရှိပစ္စည်းများကို သက်သာတဲ့ဈေးနှုန်းဖြင့်ဝယ်ယူနိုင်ကာ ဖိလစ်ပိုင်နိုင်ငံသို့ အမြတ်ပိုပြီးရောင်းချနိုင်ခဲ့တာဘဲဖြစ်ပါတယ်။ထိုအမြတ်အစွန်းများကို လှိမ့်သွင်းရင်း သူမရဲ့ Facebook မှာ Follower များ တိုးပွါးလာစဉ် များစွာတဲ့အရာများစွာကို ဝယ်ရောင်းလုပ်နိုင်ခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။

Facebook app က ‘Live’ ကို ဖြန့်ချီလိုက်တဲ့အခါမှာ သူမဟာ ခေတ်ရှေ့ပြေးတဲ့လမ်းကြောင်းသစ်များမှာပါဝင်ခဲ့ပြီး ၎င်းက သူမရဲ့ထုတ်ကုန်များကို ပိုမိုမြန်ဆန်စွာရောင်းချလာနိုင်စေခဲ့ကြောင်းလည်း ဆိုခဲ့ပါတယ်။

4 နာရီအကြာ ‘Live’ လွှင့်ရင်း သူမရဲ့ထုတ်ကုန်အားလုံးကိုရောင်းထွက်သွားတဲ့အခေါက်ပေါင်းများစွာရှိခဲ့သလို ‘Live’ တစ်ခုအတွင်း php ငွေတစ်သန်းအထိရရှိတဲ့အချိန်လည်းရှိခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ်။ Delos Santos က သူမရဲ့လျှို့ဝှက်ချက်ကတော့ အထူးသဖြင့် တိုက်ရိုက်ရောင်းချခြင်းမှာ ပရော်ဖက်ရှင်နယ်ပုံစံဖြင့် စကားအပြောအဆို သေသပ်ရန် လိုအပ်ကြောင်းဆိုခဲ့ပါတယ်။

သူမက သူမရဲ့ထုတ်ကုန်များကိုပြသပြီး ကြည့်ရှုသူများကိုဝယ်ယူရန် ဆွဲဆောင်ကြိုးစားနေချိန်တိုင်းမှာ ၎င်းတို့ကို သေချာရှင်းလင်းစွာ ရှင်းပြပေးသင့်ကြောင်းနှင့် ထုတ်ကုန်များအတွက် မော်ဒယ်လုပ်ပေးခြင်းကလည်း ၎င်းတို့အပေါ် ဘယ်လောက်ကြီးစိုးစေလဲဆိုတာကို မြင်စေကြောင်းလည်းပြောကြားခဲ့ပါသေးတယ်။

Zawgyi

တစ္ရက္အတြင္း ေငြသန္းဂဏန္းအထိ ဝင္ေငြရရွိျခင္းရဲ႕ေအာင္ျမင္မႈလွ်ိဳ႕ဝွက္ခ်က္ကိုျပန္လည္မွ်ေဝတဲ့ online ‘ live ’ ေရာင္းခ်သူအမ်ိဳးသမီး


Online မွာ ‘Ledam’ လို႔လူသိမ်ားတဲ့ Madel Delos Santos အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ ဖိလစ္ပိုင္ႏိုင္ငံမွာ အေအာင္ျမင္ဆုံးအြန္လိုင္းေရာင္းခ်သူ တစ္ဦးျဖစ္ၿပီး သူမရဲ႕ ‘Live’ ေရာင္းခ်မႈတစ္ခုအတြင္း Php 1 သန္းအထိေရာင္းခ်ႏိုင္ေအာင္ လႈံ႕ေဆာ္ႏိုင္သူလည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Madel Delos Santos ဟာ သူမရဲ႕စီးပြါးေရးလုပ္ငန္းကို အျခားသူမ်ားလည္း အတုယူႏိုင္ရန္ႏွင့္ သူမရဲ႕ေအာင္ျမင္မႈလွ်ိဳ႕ဝွက္ခ်က္တို႔ကိုမွ်ေဝခဲ့ပါတယ္။ i-Witness အမည္ရွိ Facebook Account မွာ Delos Santos ဟာ ေအာင္ျမင္တဲ့ သူမရဲ႕ဖိလစ္ပိုင္ႏိုင္ငံ Bulacan ခ႐ိုင္အေျခစိုက္လုပ္ငန္းအေၾကာင္းကို Atom Araullo အမည္ရွိ အစီစဥ္မႉးအမ်ိဳးသားတစ္ဦးႏွင့္အတူ မွ်ေဝေပးခဲ့ပါတယ္။

Delos Santos ဟာ သူမမွာခမ္းနားတဲ့အိမ္ႀကီးတစ္လုံးႏွင့္ ကားမ်ားစြာရွိလာတဲ့အျပင္ သူမႏွင့္ သူမရဲ႕မိသားစုတို႔ ယခင္က အိပ္မက္မက္ခဲ့တဲ့ဇိမ္ခံပစၥည္းမ်ား၊ သူမတို႔လိုခ်င္သမွ်ကို အမွန္တကယ္ဝယ္ယူႏိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံရွိ ႏိုင္ငံရပ္ျခား ဖိလစ္ပိုင္လုပ္သားေဟာင္းတစ္ဦးျဖစ္သူ Delos Santos ဟာ သူမရဲ႕အြန္လိုင္းစီးပြားေရးကိုအရင္းအႏွီးေငြ php ၄၀၀၀ ျဖင့္စတင္ခဲ့ၿပီး ထိုစဥ္က သူမဟာ သူမရဲ႕ရင္ေသြးကို ျပဳစုေစာင့္ေရွာက္ဖို႔ ပိုအာ႐ုံစိုက္ခဲ့ေပမယ့္ ျပင္ပဝင္ေငြကို လိုခ်င္ေနဆဲျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။ တစ္လမွာ ဂဏန္း 7 လုံး အထိအျမတ္ေငြရရွိေၾကာင္း Delos Santos မွဝန္ခံတဲ့အခါ Atom Araullo ဟာ အေတာ္ေလးအံ့အားသင့္သြားခဲ့ပါတယ္။

ကံေကာင္းတာက Delos Santos ဟာ ယခင္က ဂ်ပန္ႏိုင္ငံမွာ အေျခစိုက္ေနထိုင္ခဲ့သူျဖစ္တာေၾကာင့္ ဂ်ပန္ရွိပစၥည္းမ်ားကို သက္သာတဲ့ေဈးႏႈန္းျဖင့္ဝယ္ယူႏိုင္ကာ ဖိလစ္ပိုင္ႏိုင္ငံသို႔ အျမတ္ပိုၿပီးေရာင္းခ်ႏိုင္ခဲ့တာဘဲျဖစ္ပါတယ္။ထိုအျမတ္အစြန္းမ်ားကို လွိမ့္သြင္းရင္း သူမရဲ႕ Facebook မွာ Follower မ်ား တိုးပြါးလာစဥ္ မ်ားစြာတဲ့အရာမ်ားစြာကို ဝယ္ေရာင္းလုပ္ႏိုင္ခဲ့တယ္လို႔လည္း ဆိုခဲ့ပါတယ္။

Facebook app က ‘Live’ ကို ျဖန႔္ခ်ီလိုက္တဲ့အခါမွာ သူမဟာ ေခတ္ေရွ႕ေျပးတဲ့လမ္းေၾကာင္းသစ္မ်ားမွာပါဝင္ခဲ့ၿပီး ၎က သူမရဲ႕ထုတ္ကုန္မ်ားကို ပိုမိုျမန္ဆန္စြာေရာင္းခ်လာႏိုင္ေစခဲ့ေၾကာင္းလည္း ဆိုခဲ့ပါတယ္။

4 နာရီအၾကာ ‘Live’ လႊင့္ရင္း သူမရဲ႕ထုတ္ကုန္အားလုံးကိုေရာင္းထြက္သြားတဲ့အေခါက္ေပါင္းမ်ားစြာရွိခဲ့သလို ‘Live’ တစ္ခုအတြင္း php ေငြတစ္သန္းအထိရရွိတဲ့အခ်ိန္လည္းရွိခဲ့ေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။ Delos Santos က သူမရဲ႕လွ်ိဳ႕ဝွက္ခ်က္ကေတာ့ အထူးသျဖင့္ တိုက္႐ိုက္ေရာင္းခ်ျခင္းမွာ ပေရာ္ဖက္ရွင္နယ္ပုံစံျဖင့္ စကားအေျပာအဆို ေသသပ္ရန္ လိုအပ္ေၾကာင္းဆိုခဲ့ပါတယ္။

သူမက သူမရဲ႕ထုတ္ကုန္မ်ားကိုျပသၿပီး ၾကည့္ရႈသူမ်ားကိုဝယ္ယူရန္ ဆြဲေဆာင္ႀကိဳးစားေနခ်ိန္တိုင္းမွာ ၎တို႔ကို ေသခ်ာရွင္းလင္းစြာ ရွင္းျပေပးသင့္ေၾကာင္းႏွင့္ ထုတ္ကုန္မ်ားအတြက္ ေမာ္ဒယ္လုပ္ေပးျခင္းကလည္း ၎တို႔အေပၚ ဘယ္ေလာက္ႀကီးစိုးေစလဲဆိုတာကို ျမင္ေစေၾကာင္းလည္းေျပာၾကားခဲ့ပါေသးတယ္။

Crd