တစ်ယောက်တည်း အထီးကျန်ကာ ညိုးနွမ်းသော မျက်နှာကြီးအား မတွေ့ချင်၍ မိတ်ကပ် နှုတ်ခမ်းနီများ လိမ်းပြီး လှပအောင် နေခဲ့သော အဖိုးအို

News

များသောဖြင့် စိတ်ညစ်သည့်အခါ ကိုယ့်ကိုယ်ကို လှအောင် ပြင်ဆင်ပြီး နေလိုက်ခြင်းသည် ယုံကြည်မှုရှိခြင်းအတွက် အနည်းငယ် သက်သာစေသော နည်းလမ်းအဖြစ် သုံးကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Ninh Kieu ခရိုင်တွင်နေထိုင်သော အသက် ၆၃နှစ်အရွယ် အဖိုးအိုသည် စားဝတ်နေရေးအတွက် နှစ် ၂၀နီးပါး လမ်းမပေါ်တွင် စွန့်ပစ်ထားသော ဘူးခွံ ပုလင်းခွံများကောက်ကာ အသက်မွေး၀မ်းကျောင်းပြုခဲ့သည်။

အဖိုးအိုမှာ ယခင်က ဇနီးနှင့် သားသမီးများရှိသော်လည်း ကွာရှင်းပြတ်စဲပြီးနောက် တစ်ယောက်တည်း အထီးကျန်သည့်ဘဝကြီးကို ရင်နာနာနှင့် ဖြတ်သန်းလာခဲ့ရသည်။

အဖိုးအိုသည် နာကျင်မှုဒဏ်ကို အချိန်တော်ကြာ ခံစားရပြီးနောက်ပိုင်း သူဧ။် မျက်နှာမှာ အမြဲညှိုးနွမ်းကာ မရှူမလှဖြစ်နေသည်ကို မမြင်ချင်၍ မိတ်ကပ်များလိမ်းကာ လှအောင်နေခဲ့သည်။

အဖိုးအိုသည် ဆင်းရဲသော်လည်း ကိုယ့်ကိုယ်ကို စိတ်ဓာတ်မကျဖို့နှင့် အမြဲရွှင်လန်းနေစေရန် မိတ်ကပ်နှင့် နှုတ်ခမ်းနီများကို အမြဲလိမ်းခြယ်ကာ ပျော်ရွှင်မှုကို ကိုယ့်ဟာကို ရှာပြီး ဘူးခွံများကောက်ခဲ့ခြင်းဖြင့် လူသိများလာခဲ့သည်။

Credit-Hlaing (Love Feeling)

Leave a Reply