TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■တစ်မိနစ်ကိုပစ်ချက်ပေါင်း၁၀၀၀ပစ်ခတ်နိုင်တဲ့ RosoborneExport Pantsir-ME

RosoborneExport Pantsir-ME (ရော်စဘိုရွန် အိတ်စပို့ ပန်ဆီရာ အမ်အီး) ဖြစ်ပါတယ်။ Pantsir ME ရဲ့လက်အောက်မှာရှိတဲ့ ရုရှားနိုင်ငံထုတ် Pantsir M ဟာ ကိုယ်ပိုင်စီမံခွင့်ရှိတဲ့ ရေတပ်လေကြောင်းကာကွယ်ရေးစနစ်မှာ စံနမူနာစနစ်တစ်ခုဖြစ်ပါတယ်။

ရင်ဘတ်လိုကြီးမားတဲ့ ကိုယ်ထည်မှာ သေနတ်ပြောင်းခြောက်ခုပါ gsh-620 auto cannon နှစ်လက်ကို လက်မောင်းနှစ်ဖက်လို တပ်ဆင်ထားပြီး ပုခုံးမှာတော့ Hermes(ဟားမီး)K နဲ့ 57E6 missile တွေပစ်ခတ်နိုင်တဲ့ မစ်ဆိုင်းလောင်ချာ ရှစ်ခုကို တပ်ဆင်ထားတာပါ။Pantsir ဟာ ပြီးပြည့်စုံတဲ့ကာကွယ်ရေးလက်နက်စနစ်တစ်ခုလိုပါပဲ။

Phased array radar(ဖေ့ အက်ရေး ရေဒါ)၊ electro-optical(အလက်ထရို အော်ပတစ်ကယ်)၊ နဲ့ အနီအောက်ရောင်ခြည် ပစ်မှတ်ချိန်ခြင်းနဲ့ ပစ်မှတ်သတ်မှတ်တဲ့စနစ် အစုံက Pantsir ကို ရိုးရိုးရေဒါစနစ်တွေရှောင်လွှဲနိုင်တဲ့ sea skimming missile(ဆီး စကီးမီး မစ်ဆိုင်း)တွေကို ကြားဖြတ်တိုက်ခိုက်နိုင်စေတာပါ။

Pantsir ME ရဲ့ အော်တိုကန်နွန်ကနေ တစ်မိနစ်ကို ပစ်ချက်ပေါင်း ၁၀၀၀ ပစ်ခတ်နိုင်ပြီး ၂၀ ကီလိုမီတာအကွာအဝေးအထိ ပစ်နိုင်တာပါ။ဒါကရန်သူ့ရေယာဉ်နဲ့ လေယာဉ်တွေကို တိုက်ခိုက်ရာမှာ တကယ့်ကို ထိရောက်ပါတယ်။

reaction rate (ရီအက်ရှင် ရိတ်)ကတော့ သုံးစက္ကန့်ကနေ ငါးစက္ကန့် အတွင်း ရှိပါတယ်ရှင်။ မကြာသေးခင်က အာဘူ ဒါဘီ UAE မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ အင်တာနေရှင်နယ် ဒီဖန့် အိတ်စက်ဘစ်ရှင်း အိုင်းဒက် မှာ RosoborneExport ဟာ နောက်ဆုံးမျိုးဆက်သစ် Pantsir ME ကို ပြသခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■တစ္မိနစ္ကိုပစ္ခ်က္ေပါင္း၁၀၀၀ပစ္ခတ္နိုင္ၿပီး ၂၀ ကီလိုမီတာအကြာအေဝးအထိပစ္နိုင္တဲ့ RosoborneExport Pantsir-ME
RosoborneExport Pantsir-ME (ေရာ္စဘိုရြန္ အိတ္စပို႔ ပန္ဆီရာ အမ္အီး) ျဖစ္ပါတယ္။ Pantsir ME ရဲ့လက္ေအာက္မွာရွိတဲ့ ႐ုရွားနိုင္ငံထုတ္ Pantsir M ဟာ ကိုယ္ပိုင္စီမံခြင့္ရွိတဲ့ ေရတပ္ေလေၾကာင္းကာကြယ္ေရးစနစ္မွာ စံနမူနာစနစ္တစ္ခုျဖစ္ပါတယ္။
ရင္ဘတ္လိုႀကီးမားတဲ့ ကိုယ္ထည္မွာ ေသနတ္ေျပာင္းေျခာက္ခုပါ gsh-620 auto cannon ႏွစ္လက္ကို လက္ေမာင္းႏွစ္ဖက္လို တပ္ဆင္ထားၿပီး ပုခုံးမွာေတာ့ Hermes(ဟားမီး)K နဲ႔ 57E6 missile ေတြပစ္ခတ္နိုင္တဲ့ မစ္ဆိုင္းေလာင္ခ်ာ ရွစ္ခုကို တပ္ဆင္ထားတာပါ။Pantsir ဟာ ၿပီးျပည့္စုံတဲ့ကာကြယ္ေရးလက္နက္စနစ္တစ္ခုလိုပါပဲ။
Phased array radar(ေဖ့ အက္ေရး ေရဒါ)၊ electro-optical(အလက္ထရို ေအာ္ပတစ္ကယ္)၊ နဲ႔ အနီေအာက္ေရာင္ျခည္ ပစ္မွတ္ခ်ိန္ျခင္းနဲ႔ ပစ္မွတ္သတ္မွတ္တဲ့စနစ္ အစုံက Pantsir ကို ရိုးရိုးေရဒါစနစ္ေတြေရွာင္လႊဲနိုင္တဲ့ sea skimming missile(ဆီး စကီးမီး မစ္ဆိုင္း)ေတြကို ၾကားျဖတ္တိုက္ခိုက္နိုင္ေစတာပါ။
Pantsir ME ရဲ့ ေအာ္တိုကန္ႏြန္ကေန တစ္မိနစ္ကို ပစ္ခ်က္ေပါင္း ၁၀၀၀ ပစ္ခတ္နိုင္ၿပီး ၂၀ ကီလိုမီတာအကြာအေဝးအထိ ပစ္နိုင္တာပါ။ဒါကရန္သူ႔ေရယာဥ္နဲ႔ ေလယာဥ္ေတြကို တိုက္ခိုက္ရာမွာ တကယ့္ကို ထိေရာက္ပါတယ္။
reaction rate (ရီအက္ရွင္ ရိတ္)ကေတာ့ သုံးစကၠန႔္ကေန ငါးစကၠန႔္ အတြင္း ရွိပါတယ္ရွင္။ မၾကာေသးခင္က အာဘူ ဒါဘီ UAE မွာ က်င္းပခဲ့တဲ့ ၂၀၁၉ အင္တာေနရွင္နယ္ ဒီဖန႔္ အိတ္စက္ဘစ္ရွင္း အိုင္းဒက္ မွာ RosoborneExport ဟာ ေနာက္ဆုံးမ်ိဳးဆက္သစ္ Pantsir ME ကို ျပသခဲ့ပါတယ္။
Ref:youtube
Trans:thegeektext