တစ်ဒေါ်လာ၏ တန်ဖိုးကို အမျိုးမျိုးပြောင်းလဲအောင် လုပ်နိုင်တဲ့ ဗဟိုဘဏ်ရဲ့ မျက်လှည့်ပြကွက်များ

News Social News

ရှေ့နောက်ဆီလျော်မှု မရှိသော ဗဟိုဘဏ်၏ ဒေါ်လာထိန်းကြောင်းမှုများ..

ဗဟိုဘဏ် (CBM) ရည်ညွန်းစျေး 1 USD = 2100 MMK, CBM ခွင့်ပြုသည့် AD လိုင်စင်ရဘဏ်များရောင်းဝယ်ရမည့်စျေး 1 USD = 2106 MMK (maximum) (ရည်ညွှန်းစျေး၏ +/- 0.3% )

ဗဟိုဘဏ်မှ ရွှေဒင်္ဂါးထုတ်ရောင်းသည့်စျေး 1 USD = 3200 ဝန်းကျင်ဖြင့်တွက်ချက်သည်။ တရားဝင်ခွင့်ပြုထားသော မှောင်ခိုစျေး (Black Market But Legal Rate) 1 USD = 3400 MMK

သင်္ဘောသားလစာငွေဒေါ်လာများကို AYA ဘဏ်က ဝယ်ယူမည့်စျေး အမြင့်ဆုံးစျေးပေးမည်ဟု ကြေညာထားပါသည်။ သင်္ဘောသားလစာငွေဒေါ်လာများကို KBZ ဘဏ်က ဝယ်ယူမည့်စျေး 1 USD = 3000 MMK

ဆီတင်သွင်းခွင့်ရသူများကို ၃ လဆိုင်းဖြင့် ဗဟိုဘဏ်က ရောင်းပေးသည့်စျေး 1 USD = 3070 MMK (အတိုးပေါင်းပြီးစျေး), Import Permit များကို မိမိအစီစဉ်ဖြင့် ပြင်ပမှောင်ခိုစျေး ဒေါ်လာဖြင့် ဝယ်ယူတင်သွင်းမည်ဆိုလျင် ခွင့်ပြု၍ ဗဟိုဘဏ်မှ ရည်ညွှန်းစျေးဒေါ်လာကို ဝယ်ယူတင်သွင်းမည်ဟု လျောက်ထားလျင် ခွင့်မပြုပါ။

ဗဟိုဘဏ် (CBM) သည် မျက်လှည့်ပြသကဲ့သို့ 1 USD ၏ တန်ဖိုးကို အမျိုးမျိုးပြောင်းလဲအောင် ထိန်းကြောင်းနိုင်ပါသည်။ နိုင်ငံခြားကုမ္ပဏီ၏ မြန်မာပြည်တွင်စီးပွါးရှာ၍ ရလာသောဝင်ငွေတဒေါ်လာသည် 3400 ကျပ်တန်၍ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ၏ ဝင်ငွေတဒေါ်လာသည် 2100 ကျပ်သာတန်ပါသည်။

ဗဟိုဘဏ် (CBM) သည် multi-standard, multi-price policy ကိုကျင့်သုံးသည့် multi-tasking လုပ်သော institution ကြီးတခုဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသားဖြစ်ရခြင်းကို ဂုဏ်ယူဝမ်းမြောက်လှပါသည်။ (Thin Thin Nwe)

Crd