တစ်ခေတ်တခါက နာမည်ကြီးခဲ့တဲ့ BSA မော်တော်ဆိုင်ကယ်အကြောင်း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

BSA လို႔ ဆိုလိုက္ရင္ ဆိုင္ကယ္ခ်စ္သူေတြကေတာ့ ရင္းႏွီးၿပီးျဖစ္ပါလိမ့္မယ္။ တေခတ္တခါက အလြန္နာမည္ႀကီးခဲ့တဲ့ ေမာ္ေတာ္ဆိုင္ကယ္ အမ်ိဳးအစားျဖစ္ပါတယ္။

အၾကမ္းခံၿပီး အင္မတန္စီးလို႔ေကာင္းတယ္ဆိုတဲ့ ဆိုင္ကယ္ျဖစ္ၿပီး ယေန႔ထိလည္း ဒီေရွးေဟာင္းဆိုင္ကယ္ေတြကို တျမတ္တႏိုးထိန္းသိမ္းထားသူေတြ ျမန္မာမွာ ရွိေနပါေသးတယ္။

ကမာၻပတ္ေဒၚတင္တင္စိန္ တို႔ ႏိုင္ငံေပါင္း ၃၀ေက်ာ္ကို ျဖတ္သန္းသြားခဲ့တာလည္း ဒီ BSA ဆိုင္ကယ္အမ်ိဳးအစားျဖစ္ၿပီး ၁၉၄၂ခုႏွစ္ထုတ္ BSA M20 ဆိုင္ကယ္ျဖစ္ပါတယ္။

ဒီတစ္ခါေတာ့ သုတဇုန္ မိတ္ေဆြမ်ားကို ဒီ BSAေမာ္ေတာ္ဆိုင္ ကယ္ရဲ႕ အေၾကာင္းကို ဗဟုသုတ အျဖစ္ေဝမွ်လိုက္ပါတယ္။

BSA လို႔ေခၚၾကေပမယ့္ သူ႔ရဲ႕အရွည္ေကာက္က Birmingham Small Arms ကုမၸဏီျဖစ္ပါတယ္။ ၿဗိတိသွ်စက္မႈကုမၸဏီႀကီးတစ္ခုျဖစ္ၿပီး

လက္နက္ခဲယမ္း ၊ စက္ဘီး ၊ ဆိုင္ကယ္ ၊ ကား ၊ ဘတ္စ္ကား နဲ႔ စက္မႈပစၥည္းအမ်ိဳးမ်ိဳးထုတ္လုပ္တဲ့ ကုမၸဏီႀကီးျဖစ္ပါတယ္။

 

 

Birmingham Small Arms ကုမၸဏီကိုေတာ့ ၁၈၆၃ ခုႏွစ္ကတည္းက တည္ေထာင္ခဲ့တာပါ။ ၁၈၈၀ ခုႏွစ္ေလာက္ ေရာက္တဲ့အခ်ိန္မွာေတာ့ စက္ဘီးေတြကို ထုတ္လုပ္ေနၿပီျဖစ္ပါတယ္။

၁၉၀၅ ခုႏွစ္မွာေတာ့ စက္ဘီးေတြကို Minerva အင္ဂ်င္ေတြတပ္ၿပီး ပါဝါစက္ဘီးေတြအျဖစ္ ေရာင္းခ်ခဲ့တာဟာ BSA ေမာ္ေတာ္ဆိုင္ကယ္ေတြရဲ႕ အစျဖစ္ပါတယ္။

၁၉၁၀ ခုႏွစ္ လန္ဒန္အိုလံပစ္ပြဲမွာေတာ့ ျမင္းေကာင္ေရ ၃ေကာင္ခြဲအားသာရွိတဲ့ BSA အင္ဂ်င္တပ္စက္ဘီးကို ျပသႏိုင္ခဲ့ပါတယ္။

လူႀကိဳက္အလြန္မ်ားခဲ့ၿပီး တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုေရာင္းခ်ႏိုင္ခဲ့ပါတယ္။ စက္ဘီးေတြကို အဆင့္ျမႇင့္တင္ၿပီး

ဆိုင္ကယ္သီးသန႔္ေရာင္းခ်ဖို႔အတြက္ ၁၉၁၉ ခုႏွစ္မွာေတာ့ BSA Motorcycles ကုမၸဏီကို ခြဲထြက္တည္ေထာင္ခဲ့ပါတယ္။

သီးသန႔္ေမာ္ေတာ္ဆိုင္ကယ္ကုမၸဏီ တည္ေထာင္ၿပီး ပထမဆုံး ထုတ္လုပ္ခဲ့တဲ့ ဆိုင္ကယ္အမ်ိဳးအစားကေတာ့ Model E ဆိုင္ကယ္ပါ။

50 degree V2 အင္ဂ်င္ 770cc ရွိတဲ့ ဒီဆိုင္ကယ္ကို ၁၉၂၀ ခုႏွစ္အတြက္ ရည္႐ြယ္ထုတ္လုပ္ခဲ့တာျဖစ္ၿပီး အဲဒီဆိုင္ကယ္တစ္စီးကို ေပါင္ ၁၃၀ နဲ႔ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

7-plate clutch, 3 speed gear box တို႔နဲ႔အတူ kickstarter ကို အသုံးျပဳထားပါတယ္။ လူႀကိဳက္မ်ားခဲ့ၿပီး Blue Star ၊ Empire Star ၊ Silver Star ၊ Gold Star နဲ႔ Sloper စတဲ့ ေမာ္ဒယ္အမ်ိဳးမ်ိဳးကို

အဆင့္ျမႇင့္တင္ထုတ္လုပ္ခဲ့ၿပီး လူႀကိဳက္အမ်ားဆုံးျဖစ္ခဲ့တာကေတာ့ S27 ေခၚ Sloper ေမာ္ဒယ္ပါ။ BSA ကုမၸဏီဟာ ဒုတိယကမာၻစစ္မွာလည္း ပါဝင္ပတ္သတ္ခဲ့ရပါတယ္။

ႏိုင္ငံစစ္တပ္အတြက္ လိုအပ္တဲ့ လက္နက္ နဲ႔ ခဲယမ္း ေတြကို စက္႐ုံေပါင္း ၆၇ ခုေလာက္တည္ေဆာက္ၿပီး ထုတ္လုပ္ေပးခဲ့ပါတယ္။ Lee-Enfield rifles နဲ႔ Sten machine guns ေပါင္း ၁သန္းခန႔္ ၊

စပင္ဖိုင္းယားေလယာဥ္ေတြမွာ တပ္ဆင္အသုံးျပဳတဲ့ Browning machine gun ေပါင္း ၅သိန္းခန႔္ကို BSA ကေန ထုတ္လုပ္ေပးခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ စစ္တပ္မွာ အသုံးျပဳဖို႔အတြက္ စစ္သုံးေမာ္ေတာ္ဆိုင္ ကယ္ေပါင္း ၁၂၆၀၀၀ ခန႔္ကို ၁၉၃၇ခုႏွစ္ကေန ၁၉၅၀ ခုႏွစ္အတြင္း ထုတ္လုပ္ေပးခဲ့ပါတယ္။

စစ္သုံးေမာ္ေတာ္ဆိုင္ကယ္ေတြကေတာ့ 500cc ရွိတဲ့ M20 နဲ႔ 600cc ရွိတဲ့ M21 ေမာ္ဒယ္ေတြျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာလည္း အဲဒီေခတ္က BSA M20 ေမာ္ေတာ္ ဆိုင္ကယ္ကို ေတာ္ေတာ္ေလးအသုံးျပဳခဲ့ၾကပါတယ္။ 4 stroke အင္ဂ်င္ ၊ ဂီယာ ၄ ခ်က္ ၊ ၈ လက္မအခ်င္းရွိၿပီး

လိုအပ္ရင္ အေဝးကမျမင္ရေအာင္ ကာထားႏိုင္တဲ့ black out mask ပါတဲ့ မီးလုံးႀကီး ၊ ခရီးေဝးသြားႏိုင္တဲ့ ၃ ဂါလံဆန႔္တဲ့ ဆီတိုင္ကီ စတာေတြက BSA M20 ရဲ႕ ထူးျခားခ်က္ေတြပါ။

ဒါေၾကာင့္လည္း စစ္ႀကီးၿပီးတဲ့အခါ တတ္ႏိုင္သူေတြက ဒီဆိုင္ကယ္ေတြကို လိုက္လံဝယ္ယူၿပီး ႏွစ္ေပါင္းမ်ားစြာ စီးနင္းခဲ့ၾကတာ

ယခုထိတိုင္ ဒီဆိုင္ကယ္ေတြကို အျမတ္တႏိုး ထိန္းသိမ္းထားသူေတြ ရွိေနပါေသးတယ္။ အဲဒီအခ်ိန္က BSA ရဲ႕ အေအာင္ျမင္ဆုံးအခ်ိန္ေတြျဖစ္ခဲ့ၿပီး

ကမာၻ႔အႀကီးဆုံးေမာ္ေတာ္ ဆိုင္ကယ္ ကုမၸဏီအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ေမာ္ေတာ္ဆိုင္ကယ္ေတြ ထုတ္လုပ္ေအာင္ျမင္ေနသလို

တဖက္မွာလည္း စက္ဘီး ၊ ေမာ္ေတာ္ကား နဲ႔ လက္နက္ခဲယမ္းေတြကို ဌာနခြဲေတြ အေနနဲ႔ ထုတ္လုပ္ေနတာေၾကာင့္

 

 

BSA ကုမၸဏီရဲ႕ အင္ပါယာဟာ ႀကီးသထက္ႀကီးလာပါတယ္။ စစ္ၿပီးတဲ့အခါမွာေတာ့ အမ်ားျပည္သူ အသုံးျပဳႏိုင္ဖို႔ ဒီဇိုင္းေျပာင္းလဲကာ ထုတ္လုပ္ခဲ့ပါတယ္။

ဒါအျပင္ တျခားနာမည္ရွိတဲ့ ဆိုင္ကယ္ကုမၸဏီေတြျဖစ္တဲ့ Triumph ၊ Ariel ၊ Sunbeam နဲ႔ New Hudson တို႔ကို ဝယ္ယူခဲ့တာေၾကာင့္ BSA ဟာ တကမာၻလုံးရဲ႕ ေမာ္ေတာ္ ဆိုင္ကယ္ေဈးကြက္ အမ်ားစုကို

ခ်ဳပ္ကိုင္ႏိုင္ခဲ့ပါတယ္။ BSA Bantam ၊ A10 Super Rocket နဲ႔ A65Thunderbolt /Lightning/Spitfire စတဲ့ ဆိုင္ကယ္အမ်ိဳးအစားေတြဟာ လူႀကိဳက္အလြန္မ်ားခဲ့ပါတယ္။

၁၉၆၄ ခုႏွစ္ နဲ႔ ၁၉၆၅ခုႏွစ္ေတြမွာ ကမာၻ႔ေမာ္ေတာ္ဆိုင္ကယ္ၿပိဳင္ပြဲေတြကို ဝင္ေရာက္ခဲ့ၿပီး ၿဗိတိသွ်ဆိုင္ကယ္ေမာင္းသမား Jeff Smith က B40 ေမာ္ဒယ္ကို စီးရင္း

ေအာင္ျမင္မႈေတြရရွိခဲ့ပါေသးတယ္။ ၁၉၆၅ ခုႏွစ္မွာေတာ့ BSA ရဲ႕ ေမာ္ေတာ္ ဆိုင္ကယ္ေဈးကြက္ကို အျခားကုမၸဏီေတြက လုယူဖို႔ ဝင္ေရာက္လာခဲ့ပါတယ္။

ခ်က္ကုမၸဏီ Jawa ၊ စပိန္ကုမၸဏီ Bultaco နဲ႔ ဆြီဒင္ကုမၸဏီ Husqvarna တို႔အျပင္ ဂ်ပန္နာမည္ႀကီးတံဆိပ္ေတြျဖစ္တဲ့ ဟြန္ဒါ ၊ တို႐ိုတာ ၊ ယာမဟာ စတာေတြ

သူ႔ထက္ငါ ေကာင္းတဲ့ဆိုင္ကယ္မ်ိဳးစုံကို အၿပိဳင္အဆိုင္ထုတ္လုပ္လာတာေၾကာင့္ BSA ဟာ သူ႔ရဲ႕ဆိုင္ကယ္ေဈးကြက္ေတာ္ေတာ္မ်ားမ်ားကို လက္လႊတ္ေပးခဲ့ရပါတယ္။

လူေတြကလည္း ခန႔္ခန႔္ထည္ထည္နဲ႔ ႐ိုး႐ိုးပုံစံ BSA ဆိုင္ကယ္ေတြထက္ ဒီဇိုင္းဆန္းဆန္း ေဈးသက္သာတဲ့ ဆိုင္ကယ္ေတြကို ပိုမိုႏွစ္သက္လာတာေၾကာင့္ BSA ကို ဝယ္ယူသူနည္းပါးလာခဲ့ပါတယ္။

၁၉၆၈ ခုႏွစ္မွာေတာ့ အရည္အေသြးျမႇင့္တင္ၿပီး ဒီဇိုင္းဆန္းတဲ့ BSA Rocket 3 ကို ထုတ္လုပ္ၿပီး ဝယ္ယူသူေတြ ကို ဆြဲေဆာင္ဖို႔ႀကိဳးစားခဲ့ပါတယ္။

လူေတြက ႏွစ္သက္ေပမယ့္ တန္ဖိုးႀကီးျမင့္တာေၾကာင့္ စီးေရအနည္းငယ္သာေရာင္းခ်ခဲ့ရပါတယ္။

ဒါေပမယ့္ ဘုရင္မႀကီးက ေပးအပ္တဲ့ စက္မႈထုတ္ကုန္ဆုကိုေတာ့ ရခဲ့ပါေသးတယ္။ ၁၉၇၁ခုႏွစ္မွာေတာ့ Triumph ဆိုဒ္မွာ ထုတ္ကုန္အားလုံးကို

ဒီဇိုင္းအသစ္နဲ႔ ထုတ္လုပ္ခဲ့ေပမယ့္ ဂ်ပန္ထုတ္ဆိုင္ကယ္ေတြကို မယွဥ္ႏိုင္ခဲ့ပါဘူး။ အဲဒီေနာက္ပိုင္းမွာလည္း ဆိုင္ကယ္ေတြကို ဆက္လက္ထုတ္လုပ္ေနေပမယ့္

ေငြေရးေၾကးေရး အခက္အခဲေတြႀကဳံလာတာေၾကာင့္ Small Heath က စက္႐ုံကို ပိတ္သိမ္းပစ္ခဲ့ရပါတယ္။ ၁၉၇၂ ခုႏွစ္မွာ

Norton-Villiers ကုမၸဏီနဲ႔ ပူးေပါင္းကာ BSA နာမည္မပါဝင္ေတာ့ပဲ Norton-Villiers-Triumph နာမည္နဲ႔ ဆိုင္ကယ္ေတြထုတ္လုပ္ခဲ့ပါေသးတယ္။

ဒါေပမယ့္ Gold Star 500 (B50), 650 Thunderbolt /Lightning နဲ႔ 750 cc Rocket Three စတဲ့ ေမာ္ဒယ္ ၄မ်ိဳးသာ ထုတ္လုပ္ခဲ့ၿပီးေနာက္

 

 

ေအာင္ျမင္မႈျပန္မရေတာ့ပဲ ၄ႏွစ္အၾကာမွာ စက္႐ုံေတြကို အၿပီးတိုင္ပိတ္သိမ္းပစ္ခဲ့ရပါေတာ့တယ္။ Norton Villiers Triumph ကုမၸဏီကို ၁၉၇၈ခုႏွစ္မွာ

ဖ်က္သိမ္းလိုက္ၿပီးတဲ့ေနာက္ BSA ကို ၿဗိတိသွ်လုပ္ငန္းရွင္ Dennis Poore ရဲ႕ Manganese Bronze Holdings လုပ္ငန္းစုက ျပန္လည္ဝယ္ယူခဲ့ပါတယ္။

၁၉၈၆ ခုႏွစ္မွာေတာ့ Blockley မွာ စက္႐ုံတည္ေဆာက္ၿပီး စစ္ဘက္ဆိုင္ရာ နဲ႔ off-road ေမာ္ေတာ္ဆိုင္ကယ္ေတြကို ဆက္လက္ထုတ္လုပ္ခဲ့ၿပီး

အာဖရိကႏိုင္ငံအခ်ိဳ႕ကို ေရာင္းခ်ေပးခဲ့ေပမယ့္ ကမာၻ႔ေမာ္ေတာ္ဆိုင္ကယ္ေဈးကြက္ကိုေတာ့ ျပန္လည္ဝင္ေရာက္ျခင္း မရွိခဲ့ပါဘူး။

၂၀၁၆ ခုႏွစ္မွာေတာ့ အိႏၵိယႏိုင္ငံ မြန္ဘိုင္းအေျခစိုက္ စက္မႈကုမၸဏီလုပ္ငန္းစုႀကီး Mahindra Group က BSA ကို ေပါင္ ၃.၄သန္း တန္ဖိုးနဲ႔ ျပန္လည္ဝယ္ယူခဲ့ၿပီး

လက္ရွိအခ်ိန္မွာေတာ့ ေမာ္ေတာ္ဆိုင္ကယ္ နဲ႔ စကူတာ အေရအတြက္အနည္းငယ္ကို လက္ေအာက္ခံကုမၸဏီခြဲျဖစ္တဲ့ Mahindra Two Wheelers ကေန ထုတ္လုပ္လွ်က္ရွိပါတယ္။

လက္ရွိအခ်ိန္မွာ မူလလက္ေဟာင္း BSA ဆိုင္ကယ္ေတြဟာ ရွားပါးေနပါၿပီ။ သူ႔ေခတ္သူ႔အခါက နာမည္အႀကီးဆုံးျဖစ္ခဲ့တဲ့ အၾကမ္းခံတဲ့ ၊

စီးလို႔ေကာင္းတဲ့ BSA ဆိုင္ကယ္ႀကီးေတြကို မီခဲ့တဲ့ ဆိုင္ကယ္ခ်စ္သူေတြကေတာ့ ယခုထိတိုင္ေအာင္ BSA မွ BSA ျဖစ္ေနၾကတုန္းပါပဲ…..

Crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္

Unicode

BSA လို့ ဆိုလိုက်ရင် ဆိုင်ကယ်ချစ်သူတွေကတော့ ရင်းနှီးပြီးဖြစ်ပါလိမ့်မယ်။ တခေတ်တခါက အလွန်နာမည်ကြီးခဲ့တဲ့ မော်တော်ဆိုင်ကယ် အမျိုးအစားဖြစ်ပါတယ်။

အကြမ်းခံပြီး အင်မတန်စီးလို့ကောင်းတယ်ဆိုတဲ့ ဆိုင်ကယ်ဖြစ်ပြီး ယနေ့ထိလည်း ဒီရှေးဟောင်းဆိုင်ကယ်တွေကို တမြတ်တနိုးထိန်းသိမ်းထားသူတွေ မြန်မာမှာ ရှိနေပါသေးတယ်။

ကမ္ဘာပတ်ဒေါ်တင်တင်စိန် တို့ နိုင်ငံပေါင်း ၃၀ကျော်ကို ဖြတ်သန်းသွားခဲ့တာလည်း ဒီ BSA ဆိုင်ကယ်အမျိုးအစားဖြစ်ပြီး ၁၉၄၂ခုနှစ်ထုတ် BSA M20 ဆိုင်ကယ်ဖြစ်ပါတယ်။

ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများကို ဒီ BSAမော်တော်ဆိုင် ကယ်ရဲ့ အကြောင်းကို ဗဟုသုတ အဖြစ်ဝေမျှလိုက်ပါတယ်။

BSA လို့ခေါ်ကြပေမယ့် သူ့ရဲ့အရှည်ကောက်က Birmingham Small Arms ကုမ္ပဏီဖြစ်ပါတယ်။ ဗြိတိသျှစက်မှုကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး

လက်နက်ခဲယမ်း ၊ စက်ဘီး ၊ ဆိုင်ကယ် ၊ ကား ၊ ဘတ်စ်ကား နဲ့ စက်မှုပစ္စည်းအမျိုးမျိုးထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။

Birmingham Small Arms ကုမ္ပဏီကိုတော့ ၁၈၆၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ ၁၈၈၀ ခုနှစ်လောက် ရောက်တဲ့အချိန်မှာတော့ စက်ဘီးတွေကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။

၁၉၀၅ ခုနှစ်မှာတော့ စက်ဘီးတွေကို Minerva အင်ဂျင်တွေတပ်ပြီး ပါဝါစက်ဘီးတွေအဖြစ် ရောင်းချခဲ့တာဟာ BSA မော်တော်ဆိုင်ကယ်တွေရဲ့ အစဖြစ်ပါတယ်။

 

၁၉၁၀ ခုနှစ် လန်ဒန်အိုလံပစ်ပွဲမှာတော့ မြင်းကောင်ရေ ၃ကောင်ခွဲအားသာရှိတဲ့ BSA အင်ဂျင်တပ်စက်ဘီးကို ပြသနိုင်ခဲ့ပါတယ်။

လူကြိုက်အလွန်များခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုရောင်းချနိုင်ခဲ့ပါတယ်။ စက်ဘီးတွေကို အဆင့်မြှင့်တင်ပြီး

ဆိုင်ကယ်သီးသန့်ရောင်းချဖို့အတွက် ၁၉၁၉ ခုနှစ်မှာတော့ BSA Motorcycles ကုမ္ပဏီကို ခွဲထွက်တည်ထောင်ခဲ့ပါတယ်။

သီးသန့်မော်တော်ဆိုင်ကယ်ကုမ္ပဏီ တည်ထောင်ပြီး ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ ဆိုင်ကယ်အမျိုးအစားကတော့ Model E ဆိုင်ကယ်ပါ။

50 degree V2 အင်ဂျင် 770cc ရှိတဲ့ ဒီဆိုင်ကယ်ကို ၁၉၂၀ ခုနှစ်အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီဆိုင်ကယ်တစ်စီးကို ပေါင် ၁၃၀ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

7-plate clutch, 3 speed gear box တို့နဲ့အတူ kickstarter ကို အသုံးပြုထားပါတယ်။ လူကြိုက်များခဲ့ပြီး Blue Star ၊ Empire Star ၊ Silver Star ၊ Gold Star နဲ့ Sloper စတဲ့ မော်ဒယ်အမျိုးမျိုးကို

အဆင့်မြှင့်တင်ထုတ်လုပ်ခဲ့ပြီး လူကြိုက်အများဆုံးဖြစ်ခဲ့တာကတော့ S27 ခေါ် Sloper မော်ဒယ်ပါ။ BSA ကုမ္ပဏီဟာ ဒုတိယကမ္ဘာစစ်မှာလည်း ပါဝင်ပတ်သတ်ခဲ့ရပါတယ်။

နိုင်ငံစစ်တပ်အတွက် လိုအပ်တဲ့ လက်နက် နဲ့ ခဲယမ်း တွေကို စက်ရုံပေါင်း ၆၇ ခုလောက်တည်ဆောက်ပြီး ထုတ်လုပ်ပေးခဲ့ပါတယ်။ Lee-Enfield rifles နဲ့ Sten machine guns ပေါင်း ၁သန်းခန့် ၊

စပင်ဖိုင်းယားလေယာဉ်တွေမှာ တပ်ဆင်အသုံးပြုတဲ့ Browning machine gun ပေါင်း ၅သိန်းခန့်ကို BSA ကနေ ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် စစ်တပ်မှာ အသုံးပြုဖို့အတွက် စစ်သုံးမော်တော်ဆိုင် ကယ်ပေါင်း ၁၂၆၀၀၀ ခန့်ကို ၁၉၃၇ခုနှစ်ကနေ ၁၉၅၀ ခုနှစ်အတွင်း ထုတ်လုပ်ပေးခဲ့ပါတယ်။

စစ်သုံးမော်တော်ဆိုင်ကယ်တွေကတော့ 500cc ရှိတဲ့ M20 နဲ့ 600cc ရှိတဲ့ M21 မော်ဒယ်တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အဲဒီခေတ်က BSA M20 မော်တော် ဆိုင်ကယ်ကို တော်တော်လေးအသုံးပြုခဲ့ကြပါတယ်။ 4 stroke အင်ဂျင် ၊ ဂီယာ ၄ ချက် ၊ ၈ လက်မအချင်းရှိပြီး

လိုအပ်ရင် အဝေးကမမြင်ရအောင် ကာထားနိုင်တဲ့ black out mask ပါတဲ့ မီးလုံးကြီး ၊ ခရီးဝေးသွားနိုင်တဲ့ ၃ ဂါလံဆန့်တဲ့ ဆီတိုင်ကီ စတာတွေက BSA M20 ရဲ့ ထူးခြားချက်တွေပါ။

ဒါကြောင့်လည်း စစ်ကြီးပြီးတဲ့အခါ တတ်နိုင်သူတွေက ဒီဆိုင်ကယ်တွေကို လိုက်လံဝယ်ယူပြီး နှစ်ပေါင်းများစွာ စီးနင်းခဲ့ကြတာ

ယခုထိတိုင် ဒီဆိုင်ကယ်တွေကို အမြတ်တနိုး ထိန်းသိမ်းထားသူတွေ ရှိနေပါသေးတယ်။ အဲဒီအချိန်က BSA ရဲ့ အအောင်မြင်ဆုံးအချိန်တွေဖြစ်ခဲ့ပြီး

ကမ္ဘာ့အကြီးဆုံးမော်တော် ဆိုင်ကယ် ကုမ္ပဏီအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်အောင်မြင်နေသလို

တဖက်မှာလည်း စက်ဘီး ၊ မော်တော်ကား နဲ့ လက်နက်ခဲယမ်းတွေကို ဌာနခွဲတွေ အနေနဲ့ ထုတ်လုပ်နေတာကြောင့်

BSA ကုမ္ပဏီရဲ့ အင်ပါယာဟာ ကြီးသထက်ကြီးလာပါတယ်။ စစ်ပြီးတဲ့အခါမှာတော့ အများပြည်သူ အသုံးပြုနိုင်ဖို့ ဒီဇိုင်းပြောင်းလဲကာ ထုတ်လုပ်ခဲ့ပါတယ်။

ဒါအပြင် တခြားနာမည်ရှိတဲ့ ဆိုင်ကယ်ကုမ္ပဏီတွေဖြစ်တဲ့ Triumph ၊ Ariel ၊ Sunbeam နဲ့ New Hudson တို့ကို ဝယ်ယူခဲ့တာကြောင့် BSA ဟာ တကမ္ဘာလုံးရဲ့ မော်တော် ဆိုင်ကယ်ဈေးကွက် အများစုကို

ချုပ်ကိုင်နိုင်ခဲ့ပါတယ်။ BSA Bantam ၊ A10 Super Rocket နဲ့ A65Thunderbolt /Lightning/Spitfire စတဲ့ ဆိုင်ကယ်အမျိုးအစားတွေဟာ လူကြိုက်အလွန်များခဲ့ပါတယ်။

 

၁၉၆၄ ခုနှစ် နဲ့ ၁၉၆၅ခုနှစ်တွေမှာ ကမ္ဘာ့မော်တော်ဆိုင်ကယ်ပြိုင်ပွဲတွေကို ဝင်ရောက်ခဲ့ပြီး ဗြိတိသျှဆိုင်ကယ်မောင်းသမား Jeff Smith က B40 မော်ဒယ်ကို စီးရင်း

အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။ ၁၉၆၅ ခုနှစ်မှာတော့ BSA ရဲ့ မော်တော် ဆိုင်ကယ်ဈေးကွက်ကို အခြားကုမ္ပဏီတွေက လုယူဖို့ ဝင်ရောက်လာခဲ့ပါတယ်။

ချက်ကုမ္ပဏီ Jawa ၊ စပိန်ကုမ္ပဏီ Bultaco နဲ့ ဆွီဒင်ကုမ္ပဏီ Husqvarna တို့အပြင် ဂျပန်နာမည်ကြီးတံဆိပ်တွေဖြစ်တဲ့ ဟွန်ဒါ ၊ တိုရိုတာ ၊ ယာမဟာ စတာတွေ

သူ့ထက်ငါ ကောင်းတဲ့ဆိုင်ကယ်မျိုးစုံကို အပြိုင်အဆိုင်ထုတ်လုပ်လာတာကြောင့် BSA ဟာ သူ့ရဲ့ဆိုင်ကယ်ဈေးကွက်တော်တော်များများကို လက်လွှတ်ပေးခဲ့ရပါတယ်။

လူတွေကလည်း ခန့်ခန့်ထည်ထည်နဲ့ ရိုးရိုးပုံစံ BSA ဆိုင်ကယ်တွေထက် ဒီဇိုင်းဆန်းဆန်း ဈေးသက်သာတဲ့ ဆိုင်ကယ်တွေကို ပိုမိုနှစ်သက်လာတာကြောင့် BSA ကို ဝယ်ယူသူနည်းပါးလာခဲ့ပါတယ်။

၁၉၆၈ ခုနှစ်မှာတော့ အရည်အသွေးမြှင့်တင်ပြီး ဒီဇိုင်းဆန်းတဲ့ BSA Rocket 3 ကို ထုတ်လုပ်ပြီး ဝယ်ယူသူတွေ ကို ဆွဲဆောင်ဖို့ကြိုးစားခဲ့ပါတယ်။

လူတွေက နှစ်သက်ပေမယ့် တန်ဖိုးကြီးမြင့်တာကြောင့် စီးရေအနည်းငယ်သာရောင်းချခဲ့ရပါတယ်။

ဒါပေမယ့် ဘုရင်မကြီးက ပေးအပ်တဲ့ စက်မှုထုတ်ကုန်ဆုကိုတော့ ရခဲ့ပါသေးတယ်။ ၁၉၇၁ခုနှစ်မှာတော့ Triumph ဆိုဒ်မှာ ထုတ်ကုန်အားလုံးကို

ဒီဇိုင်းအသစ်နဲ့ ထုတ်လုပ်ခဲ့ပေမယ့် ဂျပန်ထုတ်ဆိုင်ကယ်တွေကို မယှဉ်နိုင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာလည်း ဆိုင်ကယ်တွေကို ဆက်လက်ထုတ်လုပ်နေပေမယ့်

ငွေရေးကြေးရေး အခက်အခဲတွေကြုံလာတာကြောင့် Small Heath က စက်ရုံကို ပိတ်သိမ်းပစ်ခဲ့ရပါတယ်။ ၁၉၇၂ ခုနှစ်မှာ

Norton-Villiers ကုမ္ပဏီနဲ့ ပူးပေါင်းကာ BSA နာမည်မပါဝင်တော့ပဲ Norton-Villiers-Triumph နာမည်နဲ့ ဆိုင်ကယ်တွေထုတ်လုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် Gold Star 500 (B50), 650 Thunderbolt /Lightning နဲ့ 750 cc Rocket Three စတဲ့ မော်ဒယ် ၄မျိုးသာ ထုတ်လုပ်ခဲ့ပြီးနောက်

အောင်မြင်မှုပြန်မရတော့ပဲ ၄နှစ်အကြာမှာ စက်ရုံတွေကို အပြီးတိုင်ပိတ်သိမ်းပစ်ခဲ့ရပါတော့တယ်။ Norton Villiers Triumph ကုမ္ပဏီကို ၁၉၇၈ခုနှစ်မှာ

 

ဖျက်သိမ်းလိုက်ပြီးတဲ့နောက် BSA ကို ဗြိတိသျှလုပ်ငန်းရှင် Dennis Poore ရဲ့ Manganese Bronze Holdings လုပ်ငန်းစုက ပြန်လည်ဝယ်ယူခဲ့ပါတယ်။

၁၉၈၆ ခုနှစ်မှာတော့ Blockley မှာ စက်ရုံတည်ဆောက်ပြီး စစ်ဘက်ဆိုင်ရာ နဲ့ off-road မော်တော်ဆိုင်ကယ်တွေကို ဆက်လက်ထုတ်လုပ်ခဲ့ပြီး

အာဖရိကနိုင်ငံအချို့ကို ရောင်းချပေးခဲ့ပေမယ့် ကမ္ဘာ့မော်တော်ဆိုင်ကယ်ဈေးကွက်ကိုတော့ ပြန်လည်ဝင်ရောက်ခြင်း မရှိခဲ့ပါဘူး။

၂၀၁၆ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းအခြေစိုက် စက်မှုကုမ္ပဏီလုပ်ငန်းစုကြီး Mahindra Group က BSA ကို ပေါင် ၃.၄သန်း တန်ဖိုးနဲ့ ပြန်လည်ဝယ်ယူခဲ့ပြီး

လက်ရှိအချိန်မှာတော့ မော်တော်ဆိုင်ကယ် နဲ့ စကူတာ အရေအတွက်အနည်းငယ်ကို လက်အောက်ခံကုမ္ပဏီခွဲဖြစ်တဲ့ Mahindra Two Wheelers ကနေ ထုတ်လုပ်လျှက်ရှိပါတယ်။

လက်ရှိအချိန်မှာ မူလလက်ဟောင်း BSA ဆိုင်ကယ်တွေဟာ ရှားပါးနေပါပြီ။ သူ့ခေတ်သူ့အခါက နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ အကြမ်းခံတဲ့ ၊

စီးလို့ကောင်းတဲ့ BSA ဆိုင်ကယ်ကြီးတွေကို မီခဲ့တဲ့ ဆိုင်ကယ်ချစ်သူတွေကတော့ ယခုထိတိုင်အောင် BSA မှ BSA ဖြစ်နေကြတုန်းပါပဲ…..

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Crd