
တစ်ရက်ကို ဒေါ်လာ သန်း ၂၀၀ နီးပါးဆုံးရှုံးနေရလို့ ပူတင်ကြီး ဘူနေရတဲ့ နောက်ကွယ်က အကြောင်းအရင်း….
“အနောက်နိုင်ငံတွေရဲ့ ရေနံစျေးသတ်မှတ်မှုကြောင့် တစ်ရက်ကို ဒေါ်လာ သန်း ၂၀၀ ဆုံးရှုံးနေရဟု ရုရှားက ဆိုသည်”

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှားရဲ့ ရေနံစျေးနူံးကိုတစ်ဖက်သတ် ချိူးနှိမ်သတ်မှတ် ထားမှုကြောင့် တစ်ရက်ကို ဒေါ်လာ သန်း ၂၀၀ နီးပါးဆုံးရှုံးနေရတယ်လို့ ကရင်မလင်သမ္မတ ရုံး ပြောခွင့်ရ ဒီမီထရီ ပက်စကောဗ်က ပြောပါတယ်။ စျေးနူံးသတ်မှတ်မှုတွေကြောင့် အသေးစိတ် ဆုံးရှုံးနေရမှုတွေကို သက်ဆိုင်တဲ့ရုရှားစီးပွားရေးပညာရှင်တွေကိုပဲ မေးကြဖို့လည်း ပက်စကောဗ်က ဒီကနေ့ ဖုန်းနဲ့ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ရုရှားရဲ့ ဆုံးရှုံးနေရမှုတွေအတွက် လက်တုန့်ပြန်ဖို့လည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေက
ပြင်ဆင်နေ တယ်လို့လည်း ပက်စကောဗ်က ဆိုပါတယ်။

ယူကရိန်းနဲ့ ငြိမ်းချမ်းရေးစကားပြောဖို့ ရုရှားအစိုးရက အမြဲအသင့်ရှိနေပေမဲ့ ယူကရိန်းသမ္မတကို ငြိမ်း ချမ်းရေးမဆွေးနွေးဖို့ အနောက်နိုင်ငံတွေကဖိအားပေးထားတယ်လို့လည်း ပက်စကောဗ်က ပြောပါ တယ်။ စစ်ပွဲ အနိုင်အရှုံး သတင်းတွေနဲ့ပတ်သက်လို့လည်း လူမှုကွန်ယက်တွေပေါ်က သတင်းတွေကို မယုံကြည်ကြဖို့နဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တဲ့သတင်းတွေကိုပဲ စောင့်ကြည့်ကြဖို့ ပက်စကောဗ်က ထပ်မံပြောဆိုပါတယ်။

တူရကီကနေ ယူကရိန်းကို လက်နက်တွေ ကူညီပေးနေတယ်ဆိုတဲ့သတင်းတွေကိုလည်း စောင့်ကြည့် အတည်ပြုဖို့လုပ်နေဆဲဖြစ်ကြောင်း ကရင်မလင်သမ္မတရုံးပြောခွင့်ရ ဒီမီထရီ ပက်စကောဗ်က ဇန်နဝါရီ ၁၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

crd
#BNN
#BurmaNewsNetwork

Unicode





crd
#BNN
#BurmaNewsNetwork

Crd