တခ်ိန္က ရွမ္းျပည္ဖက္မွာ လြန္စြာမွ နာမည္ႀကီးခဲ့တဲ့ ၃၆ ေကာင္ထီအေၾကာင္း တေစ့တေစာင္း…

Unicode

တချိန်က ရှမ်းပြည်ဖက်မှာ လွန်စွာမှ နာမည်ကြီးခဲ့တဲ့ ၃၆ ကောင်ထီအကြောင်း တစေ့တစောင်း…

၃၆ ကောင်ကစားနည်းဆိုတာ မြန်မာနိုင်ငံရဲ့ ဟိုးရှေးရှေးတုန်းက ရှမ်းမျိုးနွယ် တွေကနေ စတင်ဖြစ်ပေါ်လာတာပါ

ရာဇဝင်အရ နတ်လည်းကြီးပါတယ် ဒိုင် ကျေးစံနီ နဲ့ ထိုးသား ရွှေထွန်းအောင်ကျော် ဆိုတဲ့ လူ၂ဦး ကစတင် အလောင်းကစားပြုခဲ့ကြပါတယ်

အဲ့ဒီနောက်မှာ ခေတ်အဆက်ဆက် ရှမ်းပြည်နယ်မှာအထူးခေတ်စားခဲ့ပြီးတော့ အစိုးရကိုအခွန်တော်ပေးဆောင်ပြီးဖွင့်ခဲ့ကြတာပေါ့ များသောအားဖြင့် ပွဲလမ်းသဘင်တွေမှာ ပြုလုပ်ခဲ့ကြပါတယ်

၃၆ ကောင်ထီဆိုတာ အရုပ် ၃၆ ကောင်ကိုအခြေခံပြီးထီဖွင့်ပွဲလုပ်တာပါ အဓိက ကတော့ ပဟေဋိ ဖွဲ့တာပေါ့ (စကားထာဖွက်သလိုပါ)

ထူးဆန်းတာကတော့ ၃၆ ကောင်ဟာ ယနေ့ခေတ် 2 d 3d လို မဟုတ်ပဲ နတ်ကြီးပါတယ်၊ အိပ်မက်တို့ အပြင်နိမိတ် အသားလှုပ်နိမိတ်များဟာ တကယ်ကိုအကျိုးပေးပါတယ်

ပါဝင်တဲ့အရုပ်တွေက မြင်း -ဒေါင်း၊ လိပ် – လိပ်ပြာ၊ ဆတ် – သီလ ( ယောဂီ )၊ တော – ဆင် ( တော =တောကြောင်)၊ ကျား – ဗျိုင်း၊ ငန်း – မြွေ၊ မျောက် – ရွှေငါး၊ တီ – ငွေငါး၊ ခို – ငှက်နီ၊ ကျီး – ဆိတ်၊ အိမ် – နဂါးပျံ ( အိမ် = အိမ်ကြောင် )၊ နဂါး – ပုဇွန် ( ဂဏန်း ခေါ် ပုဇွန်လုံး )၊ ပျား – ခရု
နွား – ပင့်ကူ၊ ကျောက် – လယုန် ( ကျောက်=ရတနာ )၊ ဖါး -ဝက်၊ ကြက် – ငါးရှဉ့်၊ ကြွက် – ခွေး

အဲ့ဒီ ၃၆ ကောင်ထဲက ပေါက်ကောင်ကို ဒိုင်ဖြစ်သူက ဘယ်သူမှမသိအောင်သံသေတ္တာထဲထည့်ပြီး ထီရုံရှေ့ကတိုင်ပေါ်မှာတင်ထားတယ်

သံသေတ္တာထဲမှာ ဘာကောင်ထည့်ထားတယ်ဆိုတာ ထိုးသားတွေက မှန်းဆပြီးထိုးရတာ

မှန်ရင် ၂၇ ဆ ရမယ်၊ ၁၀၀၀ ထိုးရင် ၂၇၀၀၀ ရတာပေါ့

ညနေ ထီဖွင့်ချိန်လူအများရှေ့မှာသံသေတ္တာကိုဖွင့်ပြီး ပေါက်ကောင်ကိုပြတယ်

ဒိုင်ဖြစ်သူက ထည့်ထားပြီးသားပေါက်ကောင်ကို ပြန်ပြီးလဲလှယ်ခြင်းမပြုလုပ်ဘူးလို့ ထိုးသားတွေကယုံကြည်ကြတယ်

ဒီလိုပြန်ပြီးလဲလှယ်ရင်လည်း အဲ့ဒီဒိုင်ဘဝပျက်၊စီးပွားပျက်မှာပဲဆိုပြီးတော့လည်း စွဲစွဲမြဲမြဲလက်ခံထားကြတယ်

ဟုတ်ပြီ။ သံသေတ္တာထဲမှာထည့်ထားတဲ့အကောင် ဘာကောင်ဖြစ်မလဲဆိုတာ ဘယ်လိုမှန်းဆကြမလဲ။ အဲ့ဒီအတွက် ဒိုင်ဖြစ်သူကအတိတ်ပေးရတယ်

အတိတ်မှာ အဝေးတိတ် ၊ အနီးတိတ်ဆိုတာရှိတယ်

ဥပမာ -” အပျိုနှစ်ယောက် ဖင်ကကောက် ယောက်ျားမရနိုင် “။ ဒါက အဝေးတိတ်။ အနီးတိတ်က ” လင်လိုချင် ” တဲ့

ဟိုတုန်းကတော့ အဝေးတိတ်ဆိုတာ မနက်အစောကြီးထဲက ပေးထားတာ အနီးတိတ်ကို ဖွင့်ခါနီးမှကပ်ပေးတာ။ ခုခေတ်တော့ အဝေးကော၊အနီးကော မနက်စောစောထဲကတခါထဲပေးထားတော့တာ

အဲ့ဒီပေးထားတဲ့အတိတ်ကို အဓိပ္ပါယ်ဖော်ပြီးထိုးရမှာ။ ကဲ ဘယ်လိုအဓိပ္ပါယ်ဖော်မလဲ ၃၆ ကောင်ထဲကပါအောင် စဉ်းစားကြည့်ကြပါဦး

ဒိုင်ဖြစ်သူပေးထားတဲ့အတိတ်က ထီဖွင့်တဲ့အချိန်ကြ ဒီလိုအကောင်ထွက်လာလိမ့်မယ်။ ” ခို ”

ဘာဆိုင်လို့လဲသွားမမေးနဲ့ ဒိုင်ဖြစ်သူမှာအကြောင်းပြစရာအဖြေရှိပြီးသား

အပျိုနှစ်ယောက် ယောက်ျားမရနိုင်တော့ လင်မလိုချင်ဘူးလား လိုချင်တယ်

လင်လိုချင်တဲ့အပျိုနှစ်ယောက် အချင်းချင်းဆုံကြတော့ အဲ့ဒီလင်လိုချင်တဲ့အကြောင်းပြောပြီး ညည်းကြတာပေါ့။ ညည်းတာမှ ” ခို ” တွေလိုညည်းကြတာလေ တဲ့

ဒိုင်လုပ်သူတွေက ဒီလိုဟာသဆန်တဲ့ အတိတ်တွေလည်း ပေးတတ်ကြတယ်

ဒါပေမဲ့ အချို့ထိုးသားတွေကတော့ ဒိုင်ပေးတဲ့အတိတ်ကို မယူပဲ ကိုယ်ကြုံလိုက်ရတဲ့ နမိတ်ကိုယူပြီးထိုးကြတာလည်း ရှိတယ်

ဥပမာ – ပင့်ကူကိုက်ခံလိုက်ရတယ်ဆိုပါစို့။ ဟယ် ပင့်ကူကိုက်ခံရတယ် ဒီနေ့ ၃၆ ကောင် ပင့်ကူထိုးမယ်ဆိုတာမျိုးပေါ့

ဒီလိုနမိတ်ယူပြီးထိုးကြလို့ ပေါက်တဲ့သူတွေလည်းရှိတာပဲ။ အိုကေ ခင်ဗျားက ဒိုင်ပေးတဲ့အတိတ်ကိုဖော်နိုင်ပြီဆိုပါစို့

ဖော်နိုင်ပေမဲ့ အဲ့အကောင်ကို ဒဲ့ထိုးယုံနဲ့မလုံလောက်သေးဘူး။ တခါတလေ ကိုယ်စားလှယ်ဆိုပြီးထွက်ပါတယ်

ဥပမာ – ခင်ဗျားက အတိတ်ဖော်လိုက်တာ ” ခို ” ရတယ်။ ဒါပေမဲ့ ” ခို ” မထွက်ပဲ ” ခို ” ရဲ့ ကိုယ်စားလှယ် ” ငှက်နီ ” ဆိုပြီးထွက်ချင်ထွက်တာ

ဒါကြောင့် ကိုယ်က ” ခို ” ထိုးဖို့စဉ်းစားထားရင် ကိုယ်စားလှယ် ” ငှက်နီ ” ကိုလည်း အရံသဘောနဲ့ထိုးထားရလိမ့်မယ်

( ဥပမာ ယနေ့ခေတ် 2d 3d ထိုးသလိုပေါ့ 19 ထိုးရင် 91 ကိုပါထည့်ထိုးသလိုပေါ့ )

၃၆ ကောင်ထိုးဖို့စိတ်ကူးရှိရင် ပါဝင်တဲ့အကောင်တွေရဲ့ အပြန်အလှန်ကိုယ်စားလှယ်ဆိုတာကိုလည်းသိထားဖို့လိုမယ်

ဗျိုင်း (ကိုယ်စားလှယ်) ကျား။ အိမ် (ကိုယ်စားလှယ်) နဂါးပျံ။ ပျား (ကိုယ်စားလှယ်) ခရု။ ကြွက် (ကိုယ်စားလှယ်) ခွေး။ တော (ကိုယ်စားလှယ်) ဆင်။ မြင်း (ကိုယ်စားလှယ်) ဒေါင်း။ ဆင် (ကိုယ်စားလှယ်) တော။

ခွေး (ကိုယ်စားလှယ်) ကြွက်။ နဂါးပျံ (ကိုယ်စားလှယ်) အိမ်။ နွား (ကိုယ်စားလှယ်)ပင့်ကူ။ ဝက် (ကိုယ်စားလှယ်) ဖား။ ယုန် (ကိုယ်စားလှယ်) ကျောက်။ ကျား (ကိုယ်စားလှယ်) ဗျိုင်း။ တီ (ကိုယ်စားလှယ်) ငွေငါး။

ဒေါင်း (ကိုယ်စားလှယ်) မြင်း။ ငန်း (ကိုယ်စားလှယ်) မြွေ။ ခရု (ကိုယ်စားလှယ်) ပျား။ ငွေငါး (ကိုယ်စားလှယ်) တီ။ သီလ (ကိုယ်စားလှယ်) ဆတ်။ ရွှေငါး (ကိုယ်စားလှယ်) မျောက်။ ငါးရှဉ့် (ကိုယ်စားလှယ်) ကြက်။ ကြက် (ကိုယ်စားလှယ်) ငါးရှဉ့်။ လိပ် (ကိုယ်စားလှယ်) လိပ်ပြာ။

ဆိတ် (ကိုယ်စားလှယ်) ကျီး။ ပင့်ကူ (ကိုယ်စားလှယ်) နွား။ ဆတ် (ကိုယ်စားလှယ်) သား။ ပုဇွန် (ကိုယ်စားလှယ်) ရွှေနဂါး။ မြွေ (ကိုယ်စားလှယ်) ငန်း။ ငှက်နီ (ကိုယ်စားလှယ်) ခို။ ခို (ကိုယ်စားလှယ်) ငှက်နီ။ ကျောက် (ကိုယ်စားလှယ်) ယုန်။ လိပ်ပြာ (ကိုယ်စားလှယ်) လိပ်။

ဖား (ကိယ်စားလှယ်) ဝက်။ ကျီး (ကိုယ်စားလှယ်) ဆိတ်။ မျောက် (ကိုယ်စားလှယ်) ရွှေငါး။ ရွှေနဂါး (ကိုယ်စားလှယ်) ပုဇွန်။

ထို့ပြင် ထို၃၆ ကောင်ထဲမှာပါတဲ့ ” ခွေး” ကိုတော့မထိုးကြပေ။ ဘယ်တော့မှ မထွက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော ယုတ်ညံ့တယ်လို့ ယူဆကြလို့ အဲ့ဒီအကောင်ကို ဒိုင်တွေကဘယ်တော့မှမဖွင့်ကြဘူး

Crd

Zawgyi

တခ်ိန္က ရွမ္းျပည္ဖက္မွာ လြန္စြာမွ နာမည္ႀကီးခဲ့တဲ့ ၃၆ ေကာင္ထီအေၾကာင္း တေစ့တေစာင္း…

၃၆ ေကာင္ကစားနည္းဆိုတာ ျမန္မာႏိုင္ငံရဲ႕ ဟိုးေရွးေရွးတုန္းက ရွမ္းမ်ိဳးႏြယ္ ေတြကေန စတင္ျဖစ္ေပၚလာတာပါ

ရာဇ၀င္အရ နတ္လည္းႀကီးပါတယ္ ဒိုင္ ေက်းစံနီ နဲ႔ ထိုးသား ေ႐ႊထြန္းေအာင္ေက်ာ္ ဆိုတဲ့ လူ၂ဦး ကစတင္ အေလာင္းကစားျပဳခဲ့ၾကပါတယ္

အဲ့ဒီေနာက္မွာ ေခတ္အဆက္ဆက္ ရွမ္းျပည္နယ္မွာအထူးေခတ္စားခဲ့ၿပီးေတာ့ အစိုးရကိုအခြန္ေတာ္ေပးေဆာင္ၿပီးဖြင့္ခဲ့ၾကတာေပါ့ မ်ားေသာအားျဖင့္ ပြဲလမ္းသဘင္ေတြမွာ ျပဳလုပ္ခဲ့ၾကပါတယ္

၃၆ ေကာင္ထီဆိုတာ အ႐ုပ္ ၃၆ ေကာင္ကိုအေျခခံၿပီးထီဖြင့္ပြဲလုပ္တာပါ အဓိက ကေတာ့ ပေဟဋိ ဖြဲ႕တာေပါ့ (စကားထာဖြက္သလိုပါ)

ထူးဆန္းတာကေတာ့ ၃၆ ေကာင္ဟာ ယေန႔ေခတ္ 2 d 3d လို မဟုတ္ပဲ နတ္ႀကီးပါတယ္၊ အိပ္မက္တို႔ အျပင္နိမိတ္ အသားလႈပ္နိမိတ္မ်ားဟာ တကယ္ကိုအက်ိဳးေပးပါတယ္

ပါဝင္တဲ့အ႐ုပ္ေတြက ျမင္း -ေဒါင္း၊ လိပ္ – လိပ္ျပာ၊ ဆတ္ – သီလ ( ေယာဂီ )၊ ေတာ – ဆင္ ( ေတာ =ေတာေၾကာင္)၊ က်ား – ဗ်ိဳင္း၊ ငန္း – ေႁမြ၊ ေမ်ာက္ – ေ႐ႊငါး၊ တီ – ေငြငါး၊ ခို – ငွက္နီ၊ က်ီး – ဆိတ္၊ အိမ္ – နဂါးပ်ံ ( အိမ္ = ​အိမ္ေၾကာင္ )၊ နဂါး – ပုဇြန္ ( ဂဏန္း ေခၚ ပုဇြန္လုံး )၊ ပ်ား – ခ႐ု
ႏြား – ပင့္ကူ၊ ေက်ာက္ – လယုန္ ( ေက်ာက္=ရတနာ )၊ ဖါး -၀က္၊ ၾကက္ – ငါးရွဥ့္၊ ႂကြက္ – ေခြး

အဲ့ဒီ ၃၆ ေကာင္ထဲက ေပါက္ေကာင္ကို ဒိုင္ျဖစ္သူက ဘယ္သူမွမသိေအာင္သံေသတၱာထဲထည့္ၿပီး ထီ႐ုံေရွ႕ကတိုင္ေပၚမွာတင္ထားတယ္

သံေသတၱာထဲမွာ ဘာေကာင္ထည့္ထားတယ္ဆိုတာ ထိုးသားေတြက မွန္းဆၿပီးထိုးရတာ

မွန္ရင္ ၂၇ ဆ ရမယ္၊ ၁၀၀၀ ထိုးရင္ ၂၇၀၀၀ ရတာေပါ့

ညေန ထီဖြင့္ခ်ိန္လူအမ်ားေရွ႕မွာသံေသတၱာကိုဖြင့္ၿပီး ေပါက္ေကာင္ကိုျပတယ္

ဒိုင္ျဖစ္သူက ထည့္ထားၿပီးသားေပါက္ေကာင္ကို ျပန္ၿပီးလဲလွယ္ျခင္းမျပဳလုပ္ဘူးလို႔ ထိုးသားေတြကယုံၾကည္ၾကတယ္

ဒီလိုျပန္ၿပီးလဲလွယ္ရင္လည္း အဲ့ဒီဒိုင္ဘဝပ်က္၊စီးပြားပ်က္မွာပဲဆိုၿပီးေတာ့လည္း စြဲစြဲၿမဲၿမဲလက္ခံထားၾကတယ္

ဟုတ္ၿပီ။ သံေသတၱာထဲမွာထည့္ထားတဲ့အေကာင္ ဘာေကာင္ျဖစ္မလဲဆိုတာ ဘယ္လိုမွန္းဆၾကမလဲ။ အဲ့ဒီအတြက္ ဒိုင္ျဖစ္သူကအတိတ္ေပးရတယ္

အတိတ္မွာ အေဝးတိတ္ ၊ အနီးတိတ္ဆိုတာရွိတယ္

ဥပမာ -” အပ်ိဳႏွစ္ေယာက္ ဖင္ကေကာက္ ေယာက္်ားမရႏိုင္ “။ ဒါက အေဝးတိတ္။ အနီးတိတ္က ” လင္လိုခ်င္ ” တဲ့

ဟိုတုန္းကေတာ့ အေဝးတိတ္ဆိုတာ မနက္အေစာႀကီးထဲက ေပးထားတာ အနီးတိတ္ကို ဖြင့္ခါနီးမွကပ္ေပးတာ။ ခုေခတ္ေတာ့ အေဝးေကာ၊အနီးေကာ မနက္ေစာေစာထဲကတခါထဲေပးထားေတာ့တာ

အဲ့ဒီေပးထားတဲ့အတိတ္ကို အဓိပၸါယ္ေဖာ္ၿပီးထိုးရမွာ။ ကဲ ဘယ္လိုအဓိပၸါယ္ေဖာ္မလဲ ၃၆ ေကာင္ထဲကပါေအာင္ စဥ္းစားၾကည့္ၾကပါဦး

ဒိုင္ျဖစ္သူေပးထားတဲ့အတိတ္က ထီဖြင့္တဲ့အခ်ိန္ၾက ဒီလိုအေကာင္ထြက္လာလိမ့္မယ္။ ” ခို ”

ဘာဆိုင္လို႔လဲသြားမေမးနဲ႔ ဒိုင္ျဖစ္သူမွာအေၾကာင္းျပစရာအေျဖရွိၿပီးသား

အပ်ိဳႏွစ္ေယာက္ ေယာက္်ားမရႏိုင္ေတာ့ လင္မလိုခ်င္ဘူးလား လိုခ်င္တယ္

လင္လိုခ်င္တဲ့အပ်ိဳႏွစ္ေယာက္ အခ်င္းခ်င္းဆုံၾကေတာ့ အဲ့ဒီလင္လိုခ်င္တဲ့အေၾကာင္းေျပာၿပီး ညည္းၾကတာေပါ့။ ညည္းတာမွ ” ခို ” ေတြလိုညည္းၾကတာေလ တဲ့

ဒိုင္လုပ္သူေတြက ဒီလိုဟာသဆန္တဲ့ အတိတ္ေတြလည္း ေပးတတ္ၾကတယ္

ဒါေပမဲ့ အခ်ိဳ႕ထိုးသားေတြကေတာ့ ဒိုင္ေပးတဲ့အတိတ္ကို မယူပဲ ကိုယ္ႀကဳံလိုက္ရတဲ့ နမိတ္ကိုယူၿပီးထိုးၾကတာလည္း ရွိတယ္

ဥပမာ – ပင့္ကူကိုက္ခံလိုက္ရတယ္ဆိုပါစို႔။ ဟယ္ ပင့္ကူကိုက္ခံရတယ္ ဒီေန႔ ၃၆ ေကာင္ ပင့္ကူထိုးမယ္ဆိုတာမ်ိဳးေပါ့

ဒီလိုနမိတ္ယူၿပီးထိုးၾကလို႔ ေပါက္တဲ့သူေတြလည္းရွိတာပဲ။ အိုေက ခင္ဗ်ားက ဒိုင္ေပးတဲ့အတိတ္ကိုေဖာ္ႏိုင္ၿပီဆိုပါစို႔

ေဖာ္ႏိုင္ေပမဲ့ အဲ့အေကာင္ကို ဒဲ့ထိုးယုံနဲ႔မလုံေလာက္ေသးဘူး။ တခါတေလ ကိုယ္စားလွယ္ဆိုၿပီးထြက္ပါတယ္

ဥပမာ – ခင္ဗ်ားက အတိတ္ေဖာ္လိုက္တာ ” ခို ” ရတယ္။ ဒါေပမဲ့ ” ခို ” မထြက္ပဲ ” ခို ” ရဲ႕ ကိုယ္စားလွယ္ ” ငွက္နီ ” ဆိုၿပီးထြက္ခ်င္ထြက္တာ

ဒါေၾကာင့္ ကိုယ္က ” ခို ” ထိုးဖို႔စဥ္းစားထားရင္ ကိုယ္စားလွယ္ ” ငွက္နီ ” ကိုလည္း အရံသေဘာနဲ႔ထိုးထားရလိမ့္မယ္

( ဥပမာ ယေန႔ေခတ္ 2d 3d ထိုးသလိုေပါ့ 19 ထိုးရင္ 91 ကိုပါထည့္ထိုးသလိုေပါ့ )

၃၆ ေကာင္ထိုးဖို႔စိတ္ကူးရွိရင္ ပါဝင္တဲ့အေကာင္ေတြရဲ႕ အျပန္အလွန္ကိုယ္စားလွယ္ဆိုတာကိုလည္းသိထားဖို႔လိုမယ္

ဗ်ိဳင္း (ကိုယ္စားလွယ္) က်ား။ အိမ္ (ကိုယ္စားလွယ္) နဂါးပ်ံ။ ပ်ား (ကိုယ္စားလွယ္) ခ႐ု။ ႂကြက္ (ကိုယ္စားလွယ္) ေခြး။ ေတာ (ကိုယ္စားလွယ္) ဆင္။ ျမင္း (ကိုယ္စားလွယ္) ေဒါင္း။ ဆင္ (ကိုယ္စားလွယ္) ေတာ။

ေခြး (ကိုယ္စားလွယ္) ႂကြက္။ နဂါးပ်ံ (ကိုယ္စားလွယ္) အိမ္။ ႏြား (ကိုယ္စားလွယ္)ပင့္ကူ။ ၀က္ (ကိုယ္စားလွယ္) ဖား။ ယုန္ (ကိုယ္စားလွယ္) ေက်ာက္။ က်ား (ကိုယ္စားလွယ္) ဗ်ိဳင္း။ တီ (ကိုယ္စားလွယ္) ေငြငါး။

ေဒါင္း (ကိုယ္စားလွယ္) ျမင္း။ ငန္း (ကိုယ္စားလွယ္) ေႁမြ။ ခ႐ု (ကိုယ္စားလွယ္) ပ်ား။ ေငြငါး (ကိုယ္စားလွယ္) တီ။ သီလ (ကိုယ္စားလွယ္) ဆတ္။ ေ႐ႊငါး (ကိုယ္စားလွယ္) ေမ်ာက္။ ငါးရွဥ့္ (ကိုယ္စားလွယ္) ၾကက္။ ၾကက္ (ကိုယ္စားလွယ္) ငါးရွဥ့္။ လိပ္ (ကိုယ္စားလွယ္) လိပ္ျပာ။

ဆိတ္ (ကိုယ္စားလွယ္) က်ီး။ ပင့္ကူ (ကိုယ္စားလွယ္) ႏြား။ ဆတ္ (ကိုယ္စားလွယ္) သား။ ပုဇြန္ (ကိုယ္စားလွယ္) ေ႐ႊနဂါး။ ေႁမြ (ကိုယ္စားလွယ္) ငန္း။ ငွက္နီ (ကိုယ္စားလွယ္) ခို။ ခို (ကိုယ္စားလွယ္) ငွက္နီ။ ေက်ာက္ (ကိုယ္စားလွယ္) ယုန္။ လိပ္ျပာ (ကိုယ္စားလွယ္) လိပ္။

ဖား (ကိယ္စားလွယ္) ၀က္။ က်ီး (ကိုယ္စားလွယ္) ဆိတ္။ ေမ်ာက္ (ကိုယ္စားလွယ္) ေ႐ႊငါး။ ေ႐ႊနဂါး (ကိုယ္စားလွယ္) ပုဇြန္။

ထို႔ျပင္ ထို၃၆ ေကာင္ထဲမွာပါတဲ့ ” ေခြး” ကိုေတာ့မထိုးၾကေပ။ ဘယ္ေတာ့မွ မထြက္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ ယုတ္ညံ့တယ္လို႔ ယူဆၾကလို႔ အဲ့ဒီအေကာင္ကို ဒိုင္ေတြကဘယ္ေတာ့မွမဖြင့္ၾကဘူး

Crd

Crd