တကမာၻလုံး လိုအပ္ခ်က္ အမ်ားဆုံးျဖစ္လာတဲ့ ေျမရွားသတၱဳ၊ အႀကီးက်ယ္ဆုံး ထုတ္လုပ္သူ တ႐ုတ္ႏွင့္ ၾကားထဲက ခါးနာရမယ့္ ျမန္မာ… …

တကမာၻလုံး လိုအပ္ခ်က္ အမ်ားဆုံးျဖစ္လာတဲ့ ေျမရွားသတၱဳ၊ အႀကီးက်ယ္ဆုံး ထုတ္လုပ္သူ တ႐ုတ္ႏွင့္ ၾကားထဲက ခါးနာရမယ့္ ျမန္မာ… …

ေခတ္မီအသုံးအေဆာင္ပစၥည္းေတြ ျဖစ္တဲ့ ကြန္ျပဴတာ၊ လက္ကိုင္ဖုန္း၊ လွ်ပ္စစ္ကား…စတဲ့ အီလက္ထေရာနစ္ ပစၥည္းေတြမွာ သုံးတဲ့ ေျမရွားသတၱဳက ရွားသလို ေဈးကြက္အႀကိဳက္လည္း ျဖစ္လာတယ္၊
ေျမရွားသတၱဳဆိုတာကေတာ့ အဂၤလိပ္လို Rare Earth ေခၚၿပီး ကမာၻ႔အေပၚယံ ေျမလႊာထဲမွာ အမ်ားအျပားရွိေနတာပါ။ ဒါေပသိ သူခ်ည္းရွိေနတာမဟုတ္ဘဲ တျခားျဒပ္စင္ေတြနဲ႔ ေရာေႏွာေနလို႔ ျပန္လည္ ခြဲထုတ္ရၿပီး ကုန္က်စရိတ္လည္း မ်ားပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ကခ်င္ျပည္နယ္၊ ခ်ီေဖြၿမိဳ႕နယ္၊ ပန္ဝါေဒသမွာ အမ်ားဆုံးေတြ႕ရပါတယ္။
သူ႔ကို အထူးသျဖင့္ လွ်ပ္စစ္ကား ဘထၳရီအတြက္ အသုံးမ်ားၿပီး အျခားလွ်ပ္စစ္ပစၥည္း ထုတ္လုပ္တဲ့ေနရာေတြမွာလည္း အသုံးဝင္ပါတယ္။

ကမာၻေပၚ ေျမရွားသတၱဳ ထုတ္ယူတဲ့ ေနရာေတြကေတာ့ ေတာ္ေတာ္ေလး နည္းပါးၿပီး အေၾကာင္းကေတာ့ တူးရတဲ့ လုပ္ငန္း ခက္ခဲသလို၊ သဘာဝဝန္းက်င္ ထိခိုက္ပ်က္စီးတဲ့ အႏၲရာယ္လည္း ရွိတာေၾကာင့္လည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ ေျမရွားသတၱဳ တန္ခ်ိန္ သိန္းရာခ်ီေနတဲ့ ႏိုင္ငံေတြမွာေတာင္ တကယ္တမ္း ထုတ္တဲ့အခါ တန္ တစ္ေထာင္ ဝန္းက်င္ေလာက္ပဲ ထုတ္ၾကတာ ျဖစ္ပါတယ္။

အထူးသျဖင့္ ျမန္မာမွာ ေဖ ၁၊ အာဏာသိမ္းလိုက္ေတာ့ တ႐ုတ္မွာ ေျမရွားသတၱဳ (Rare-Earth) ေဈးက ၃၀% ရာခိုင္ႏႈန္းတက္သြားတယ္လို႔ Nickkei Asia ကေဖၚျပသလို ၂၆ ဧၿပီ၊ ၂၀၂၁ ဧရာဝတီမွာလည္း ကခ်င္ျပည္နယ္ ခ်ီေဘြနဲ႔ ပန္ဝါေဒသေတြမွာ တ႐ုတ္ေျမရွားသတၱဳထုတ္လုပ္ငန္း ၅ ဆ တိုးပြားလာတယ္လို႔ ေဒသခံေတြက ေျပာေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ေျမရွားသတၱဳရွာေဖြျခင္းရဲ႕ အက်ိဳးဆက္ေတြကေတာ့…

ေျမရွား Rare Earth တူးတယ္ဆိုတာ (၁) တေတာင္လုံးကို အေပါက္ေဖါက္ ၿပီးရင္အက္ဆစ္ ေလာင္းထည့္ (၂) ေတာင္ေအာက္ဆုံးမွာ လိုင္ေခါင္းေဖါက္ၿပီး အက္ဆစ္ ေလာင္က်လာတဲ့ အရည္ကိုခံယူရတာပါ။

ဒါေၾကာင့္ ေတာင္ မရွိတဲ့ေနရာမွာ လုပ္ရင္ ကုန္က်စရိတ္ မကာမိဘူး။ ေျမကိုတူးၿပီး သီးသန႔္ခြဲထုတ္ရလို႔ ကုန္က်စရိတ္မ်ားတယ္။ ခုလို ေတာင္ ထူထပ္တဲ့ေနရာမွာလုပ္ရင္ ေအးေဆးပဲ။

Rare Earth ဆိုတာ တကယ့္ေျမရွား သတၱဳ မဟုတ္။ ေျမရွိတဲ့ေနရာတိုင္းက စစ္ယူလို႔ရတယ္။
ျပႆနာက အဲ့လို ေတာင္တခုလုံး ဖ်က္ဆီးလိုက္ဖို႔ ေနရာ ရွားသြားတဲ့ အခ်က္ပါ။

ေတာင္လုံးႀကီးဖ်က္လို႔မရရင္ ေျမႀကီးကို တူးယူၿပီး သီးသန႔္စက္႐ုံေထာင္ ခြဲထုတ္ယူတဲ့နည္းဟာ အင္မတန္ အဖိုးအခမ်ားတယ္။ မကိုက္ဘူး။

ကခ်င္ျပည္နယ္က ေတာင္ေတြဟာ တခုၿပီး တခု အဆိပ္သင့္တဲ့ ေရေတြနဲ႔ က်န္ခဲ့မွာပါ။
ကုန္းေန၊ေရေနသတၱဝါေတြ အကုန္မ်ိဳးတုန္းသြားႏိုင္။

အဆိုးဆုံးကေတာ့ အဲ့လို အက္ဆစ္ရည္ ေလာင္းထည့္မဲ့ ေနရာဟာ ျမန္မာ တျပည္လုံးကို စီးဆင္းေနတဲ့ ဧရာဝတီ ျမစ္ဖ်ားခံရာ ေမခ နဲ႔ မလိခ ျမစ္ဖ်ားမွာ တည္ရွိတဲ့အခ်က္ပဲ။
တႏိုင္ငံလုံး ကင္ဆာေရာဂါ နဲ႔ အစတုံးသြားႏိုင္သည္ အထိ ပင္ျဖစ္လာႏိုင္ပါသည္။(Zinghtaung Brang Tawng)

ပန္ဝါေဒသတြင္ ေျမရွားသတၱဳတူးေဖၚေရးလုပ္ငန္းခြင္တြင္ အလုပ္လုပ္ကိုင္ခဲ့သူတစ္ဦးျဖစ္သည့္ ကို ဘရန္နန္ကလည္း “ကားေပၚကေျမဩဇာထမ္းခ်တဲ့အခါနဲ႔ ကန္ထဲမွာေဖ်ာ္တဲ့အခါမွာ အိမ္ေထာင္မက်ေသးတဲ့လူငယ္ေတြ ကို မလုပ္ၾကဖို႔..
မ်ိဳးမေအာင္တာ.. မ်ိဳးပြါးႏႈန္းက်ဆင္းတာေတြျဖစ္မယ္ လို႔ အလုပ္သမားအခ်င္းခ်င္းက သတိေပးၾကတယ္..

ေျမရွားသတၱဳတူးတဲ့ ေတာင္တစ္ခုလုံးမွာလည္း အေပါက္ေတြအမ်ားႀကီးဘဲ၊ အေပါက္ေတြထဲမွာလည္း အခ်င္း(၆)လက္မေလာက္ရွိတဲ့ ပိုက္လုံးေတြ (၄)ေပျခားစီထိုးထည့္ထားၿပီး ဓါတုေဆးရည္ေတြ ေန႔တိုင္း (၂၄)နာရီေလာင္းထည့္ ေနတယ္…

ၾကာရင္ေတာ့ေတာင္ေတြက အထဲမွာလႈိင္ေခါင္းျဖစ္ၿပီး ၿပိဳက်သြားႏိုင္ တယ္…ေဘးနားကေခ်ာင္းေတြမွာလည္း ဘာေရေနသတၱဝါမွမရွိေတာ့ဘူး…

ေသာက္သုံးလို႔လည္းမရေတာ့ဘူး.. ေခ်ာင္းတေလွ်ာက္က ေက်ာက္ခဲေတြလည္း အကုန္ျဖဴသြားတယ္ ထုံးလိုဘဲျဖစ္သြားတယ္…”လို႔ ေျပာ သည္။

လက္ရွိအခ်ိန္တြင္ တ႐ုတ္ႏိုင္ငံသည္ လွ်ပ္စစ္ကားမ်ား ႏွင့္ ေလအားလွ်ပ္စစ္ထုတ္လုပ္သည့္ ေလရဟတ္မ်ားတည္ ေဆာက္ရန္လိုအပ္ေသာ ေျမရွားသတၱဳျဒပ္စင္ မ်ားႏွင့္ပတ္သက္၍ ပိုမိုလိုအပ္လာခဲ့ပါသည္။

လြန္ခဲ့သည့္ ဆယ္စုႏွစ္အတြင္း တ႐ုတ္တို႔သည္ သူတို႔ ႏိုင္ငံတြင္ အလြန္အကြၽံ တူးေဖာ္မႈမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ဆုံးရႈံးမႈ မ်ားႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္မႈမ်ား ႀကီးထြားလာကာ သူတို႔ ႏိုင္ငံတြင္း တူးေဖာ္မႈမ်ားကို ပိတ္သိမ္းလာခဲ့သည္။

ထိုသို႔ ပိတ္သိမ္းထားသည့္တိုင္ တ႐ုတ္သည္ ကမာၻေပၚတြင္ ေျမရွားသတၱဳ အမ်ားဆုံး ထုတ္လုပ္သူ ျဖစ္ေနဆဲပင္ျဖစ္သည္။
ထို႔ေၾကာင့္ ျမန္မာအေနျဖင့္လည္း အိမ္နီးခ်င္း တ႐ုတ္မွ ေျမရွားသတၱဳ ဝင္ေရာက္ တူးေဖာ္မႈမ်ားကို ေသခ်ာ ၾကပ္မတ္သင့္ၿပီ ျဖစ္ပါေၾကာင္း…

credit/coppy@

Unicode
တကမ္ဘာလုံး လိုအပ်ချက် အများဆုံးဖြစ်လာတဲ့ မြေရှားသတ္တု၊ အကြီးကျယ်ဆုံး ထုတ်လုပ်သူ တရုတ်နှင့် ကြားထဲက ခါးနာရမယ့် မြန်မာ… …

ခေတ်မီအသုံးအဆောင်ပစ္စည်းတွေ ဖြစ်တဲ့ ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ လျှပ်စစ်ကား…စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေမှာ သုံးတဲ့ မြေရှားသတ္တုက ရှားသလို ဈေးကွက်အကြိုက်လည်း ဖြစ်လာတယ်၊
မြေရှားသတ္တုဆိုတာကတော့ အင်္ဂလိပ်လို Rare Earth ခေါ်ပြီး ကမ္ဘာ့အပေါ်ယံ မြေလွှာထဲမှာ အများအပြားရှိနေတာပါ။ ဒါပေသိ သူချည်းရှိနေတာမဟုတ်ဘဲ တခြားဒြပ်စင်တွေနဲ့ ရောနှောနေလို့ ပြန်လည် ခွဲထုတ်ရပြီး ကုန်ကျစရိတ်လည်း များပါတယ်။

မြန်မာနိုင်ငံမှာတော့ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသမှာ အများဆုံးတွေ့ရပါတယ်။
သူ့ကို အထူးသဖြင့် လျှပ်စစ်ကား ဘထ္ထရီအတွက် အသုံးများပြီး အခြားလျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့နေရာတွေမှာလည်း အသုံးဝင်ပါတယ်။

ကမ္ဘာပေါ် မြေရှားသတ္တု ထုတ်ယူတဲ့ နေရာတွေကတော့ တော်တော်လေး နည်းပါးပြီး အကြောင်းကတော့ တူးရတဲ့ လုပ်ငန်း ခက်ခဲသလို၊ သဘာဝဝန်းကျင် ထိခိုက်ပျက်စီးတဲ့ အန္တရာယ်လည်း ရှိတာကြောင့်လည်း ဖြစ်ပါတယ်။

ဒါကြောင့် မြေရှားသတ္တု တန်ချိန် သိန်းရာချီနေတဲ့ နိုင်ငံတွေမှာတောင် တကယ်တမ်း ထုတ်တဲ့အခါ တန် တစ်ထောင် ဝန်းကျင်လောက်ပဲ ထုတ်ကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာမှာ ဖေ ၁၊ အာဏာသိမ်းလိုက်တော့ တရုတ်မှာ မြေရှားသတ္တု (Rare-Earth) ဈေးက ၃၀% ရာခိုင်နှုန်းတက်သွားတယ်လို့ Nickkei Asia ကဖေါ်ပြသလို ၂၆ ဧပြီ၊ ၂၀၂၁ ဧရာဝတီမှာလည်း ကချင်ပြည်နယ် ချီဘွေနဲ့ ပန်ဝါဒေသတွေမှာ တရုတ်မြေရှားသတ္တုထုတ်လုပ်ငန်း ၅ ဆ တိုးပွားလာတယ်လို့ ဒေသခံတွေက ပြောကြောင်း ဖော်ပြခဲ့ပါတယ်။

မြေရှားသတ္တုရှာဖွေခြင်းရဲ့ အကျိုးဆက်တွေကတော့…

မြေရှား Rare Earth တူးတယ်ဆိုတာ (၁) တတောင်လုံးကို အပေါက်ဖေါက် ပြီးရင်အက်ဆစ် လောင်းထည့် (၂) တောင်အောက်ဆုံးမှာ လိုင်ခေါင်းဖေါက်ပြီး အက်ဆစ် လောင်ကျလာတဲ့ အရည်ကိုခံယူရတာပါ။

ဒါကြောင့် တောင် မရှိတဲ့နေရာမှာ လုပ်ရင် ကုန်ကျစရိတ် မကာမိဘူး။ မြေကိုတူးပြီး သီးသန့်ခွဲထုတ်ရလို့ ကုန်ကျစရိတ်များတယ်။ ခုလို တောင် ထူထပ်တဲ့နေရာမှာလုပ်ရင် အေးဆေးပဲ။

Rare Earth ဆိုတာ တကယ့်မြေရှား သတ္တု မဟုတ်။ မြေရှိတဲ့နေရာတိုင်းက စစ်ယူလို့ရတယ်။
ပြဿနာက အဲ့လို တောင်တခုလုံး ဖျက်ဆီးလိုက်ဖို့ နေရာ ရှားသွားတဲ့ အချက်ပါ။

တောင်လုံးကြီးဖျက်လို့မရရင် မြေကြီးကို တူးယူပြီး သီးသန့်စက်ရုံထောင် ခွဲထုတ်ယူတဲ့နည်းဟာ အင်မတန် အဖိုးအခများတယ်။ မကိုက်ဘူး။

ကချင်ပြည်နယ်က တောင်တွေဟာ တခုပြီး တခု အဆိပ်သင့်တဲ့ ရေတွေနဲ့ ကျန်ခဲ့မှာပါ။
ကုန်းနေ၊ရေနေသတ္တဝါတွေ အကုန်မျိုးတုန်းသွားနိုင်။

အဆိုးဆုံးကတော့ အဲ့လို အက်ဆစ်ရည် လောင်းထည့်မဲ့ နေရာဟာ မြန်မာ တပြည်လုံးကို စီးဆင်းနေတဲ့ ဧရာဝတီ မြစ်ဖျားခံရာ မေခ နဲ့ မလိခ မြစ်ဖျားမှာ တည်ရှိတဲ့အချက်ပဲ။
တနိုင်ငံလုံး ကင်ဆာရောဂါ နဲ့ အစတုံးသွားနိုင်သည် အထိ ပင်ဖြစ်လာနိုင်ပါသည်။(Zinghtaung Brang Tawng)

ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖေါ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည့် ကို ဘရန်နန်ကလည်း “ကားပေါ်ကမြေဩဇာထမ်းချတဲ့အခါနဲ့ ကန်ထဲမှာဖျော်တဲ့အခါမှာ အိမ်ထောင်မကျသေးတဲ့လူငယ်တွေ ကို မလုပ်ကြဖို့..
မျိုးမအောင်တာ.. မျိုးပွါးနှုန်းကျဆင်းတာတွေဖြစ်မယ် လို့ အလုပ်သမားအချင်းချင်းက သတိပေးကြတယ်..

မြေရှားသတ္တုတူးတဲ့ တောင်တစ်ခုလုံးမှာလည်း အပေါက်တွေအများကြီးဘဲ၊ အပေါက်တွေထဲမှာလည်း အချင်း(၆)လက်မလောက်ရှိတဲ့ ပိုက်လုံးတွေ (၄)ပေခြားစီထိုးထည့်ထားပြီး ဓါတုဆေးရည်တွေ နေ့တိုင်း (၂၄)နာရီလောင်းထည့် နေတယ်…

ကြာရင်တော့တောင်တွေက အထဲမှာလှိုင်ခေါင်းဖြစ်ပြီး ပြိုကျသွားနိုင် တယ်…ဘေးနားကချောင်းတွေမှာလည်း ဘာရေနေသတ္တဝါမှမရှိတော့ဘူး…

သောက်သုံးလို့လည်းမရတော့ဘူး.. ချောင်းတလျှောက်က ကျောက်ခဲတွေလည်း အကုန်ဖြူသွားတယ် ထုံးလိုဘဲဖြစ်သွားတယ်…”လို့ ပြော သည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် လျှပ်စစ်ကားများ နှင့် လေအားလျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်များတည် ဆောက်ရန်လိုအပ်သော မြေရှားသတ္တုဒြပ်စင် များနှင့်ပတ်သက်၍ ပိုမိုလိုအပ်လာခဲ့ပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်တို့သည် သူတို့ နိုင်ငံတွင် အလွန်အကျွံ တူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှု များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ကြီးထွားလာကာ သူတို့ နိုင်ငံတွင်း တူးဖော်မှုများကို ပိတ်သိမ်းလာခဲ့သည်။

ထိုသို့ ပိတ်သိမ်းထားသည့်တိုင် တရုတ်သည် ကမ္ဘာပေါ်တွင် မြေရှားသတ္တု အများဆုံး ထုတ်လုပ်သူ ဖြစ်နေဆဲပင်ဖြစ်သည်။
ထို့ကြောင့် မြန်မာအနေဖြင့်လည်း အိမ်နီးချင်း တရုတ်မှ မြေရှားသတ္တု ဝင်ရောက် တူးဖော်မှုများကို သေချာ ကြပ်မတ်သင့်ပြီ ဖြစ်ပါကြောင်း…

credit/coppy@

Crd