ညစ်ပတ်လွန်းလှသော မိလ္လာတွင်းထဲသို့ ပြုတ်ကျနေသော ခွေးပေါက်လေးကို ရွံရှာခြင်းမရှိဘဲ လူကိုယ်တိုင်ဆင်းပြီး ကယ်ဆယ်ပေးခဲ့သည့်အမျိုးသား

လူသားအားလုံးတို့သည် တိရိစ္ဆာန်လေးများကိုလည်း ကိုယ်ချင်းစာတရားထားကာ ချစ်မြတ်နိုးပေးကြလျှင် ကမ္ဘာမြေကြီးဟာ ပိုပြီးပျော်ရွင်စရာကောင်းလှမှာသေချာပါတယ်။စာဖတ်သူတို့အနေဖြင့်လည်း အိမ်သာမစင်တွင်းထဲသို့ ဆင်းရမည်ဆိုလျှင် နှာခေါင်းရှုံ့ပြီးရှောင်ထွက်သွားကြမှာသေချာပါတယ်။

သို့သော်လည်း Nilsak Wichaisornဆိုသည့်အမျိုးသားကတော့ ခွေးငယ်လေးတစ်ကောင်အတွက် မရွံမရှာဘဲ မိလ္လာတွင်းထဲဆင်းကယ်ခဲ့ပါတယ်။မိလ္လာကန်မြောင်းကြီးထဲတွင် ခွေးပေါက်လေးတစ်ကောင်က ပြုတ်ကျနေခဲ့တာကို မြင်လိုက်ရသောအခါ ဘာကိုမှစဥ်းစားမနေဘဲ ဆင်းသွားကာ ကယ်ဆယ်ခဲ့ခြင်းဖြစ်ပါတယ်။

ခွေးပေါက်လေး၏အသက်အန္တရာယ်အတွက် အမျိုးသား၏ အပြုအမူဟာ အလွန်လေးစားဖွယ်ရာကောင်းလှပြီး လူတိုင်းကအတုယူသင့်တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

The post ညစ်ပတ်လွန်းလှသော မိလ္လာတွင်းထဲသို့ ပြုတ်ကျနေသော ခွေးပေါက်လေးကို ရွံရှာခြင်းမရှိဘဲ လူကိုယ်တိုင်ဆင်းပြီး ကယ်ဆယ်ပေးခဲ့သည့်အမျိုးသား appeared first on NEW _ Cele MM New.

Crd