■ဇာတိမြေကိုကိုယ်စားပြုတဲ့သင်္ကေတအနေနဲ့မှတ်ယူနိုင်တဲ့ toblerone logoမှ ဝက်ဝံ
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဇာတိမြေကိုကိုယ်စားပြုတဲ့သင်္ကေတအနေနဲ့မှတ်ယူနိုင်တဲ့ toblerone logoမှ ဝက်ဝံ
ဂိမ်းလေးတစ်ခုလောက်ကစားကြည့်ရအောင်ပါ။သင့်မျက်လုံးတွေကိုခဏမှိတ်ပြီးတော့တိုဘလိုရုမ်းချောကလက်ရဲ့ထုပ်ပိုးမှုပုံစံကိုတစ်ချက်လောက်မြင်ယောင်ကြည့်ပါဦး။
စာလုံးတွေအပြင်တခြားဘာပုံလေးတွေပုံဖော်ထားသေးလဲဆိုတာပြောပြပေးပါဦးနော်။၉၀%လောက်ကတောင်ပုံလို့ဖြေကြမယ်ဆိုတာတော့လောင်းရဲပါတယ်။မှန်ပါတယ်။ဒါပေမယ့်အဲ့ဒီမှာဝှက်ထားတဲ့ပုံတစ်ခုခုရှိပါသေးတယ်။အရိပ်အမြွက်လေးတစ်ခုပြောပြပါမယ်နော်။
ဒီကုမ္ပဏ္ဏီကို၁၉၀၈ခုနှစ်မှာဝက်ဝံကိုမြို့ရဲ့အမှတ်တံဆိပ်မှာအသားပေးဖော်ပြထားတဲ့ဆွစ်ဇာလန်ကမြို့တစ်မြို့မှာတည်ထောင်ခဲ့တာပါ။တိုဘလိုရုမ်းရဲ့တောင်ပုံကိုတစ်ချက်ပြန်ကြည့်ရအောင်ပါ။
ဟုတ်ပါတယ်ဝက်ဝံပါ။ဝက်ဝံကိုလိုဂိုထဲမှာဝှက်ထားတာဖြစ်ပြီးဇာတိမြေကိုကိုယ်စားပြုတဲ့သင်္ကေတအနေနဲ့မှတ်ယူနိုင်ပါတယ်။
ဒါနဲ့လိုဂိုထဲမှာပါတဲ့တောင်ကလည်းစိတ်ကူးယဉ်သပ်သပ်မဟုတ်ပါဘူးနော်။အပြင်မှာတကယ်ရှိတဲ့မတ်တာဟွန်လို့ခေါ်တဲ့တောင်ဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext