ဇလုံဘုရား ပြီးတော့ လာပြန်ပါပြီ တီဗွီစေတီ၊ ထူးဆန်းအံ့သြဖွယ်ရာများနဲ့ တိုင်းပြည်ကြီးလော

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာမှာ တီဗွီအဟောင်းအကျွမ်းများကို အုတ်အစားအသုံးပြုကာ စေတီတည်ထားကိုကွယ်ရန် တီဗွီအဟောင်းများ အလှူခံလျှက်ရှိနေကြောင်း တီဗွီစေတီတည်ထားရန်ဆောင်ရွက်နေသူထံက သိရပါတယ်။

” တီဗွီစေတီ တည်ထားခြင်တာက ရိုးရာအတိုင်းပါပဲ ရည်ရွယ်ချက်တော့မရှိပါဘူး ။အုတ်အစား တီဗွီအဟောင်းတွေကို အသုံးပြုလိုက်တာပါ။ တီဗွီအဟောင်းတွေက တစ်နေရာမှာ အစားထိုးအသုံးပြုဖို့ အသုံးဝင်နေသေးပေမယ့် အမှိုက်ပုံမှာ ဒီအတိုင်းစွန့်ပစ်ပြီး ကြေမွ နေတာတွေကိုမြင်ရာကနေ စိတ်ကူးလိုက်ခြင်းပါ။

အခုလောလောဆယ်တော့ ကျွန်တော့အနေနဲ့ ဘာမှသိပ်မပြင်ဆင်ရသေးတော့ အရမ်းကြီး လူသိမများစေခြင်သေးပါဘူး။ ဖြစ်နိုင်ရင်တော့ သတင်းမလွှင့်စေခြင်သေးပါဘူး။ အလှူခံတဲ့သဘော လောက်ပဲအလှူခံသေးပါတယ်” လို့ တီဗွီစေတီ တည်ထားဖို့ဦးစီးဆောင်ရွက်နေတဲ့ ဘကြီးမှုံက ပြောပါတယ်။

တီဗွီစေတီ တည်ထားရာမှာ တီဗွီအလုံးပေါင်း (၁) သောင်းပမာဏ နဲ့တည်ထားဖို့ရည်ရွယ်ထားပြီး လက်ရှိမှာ အလုံးရေ (၃) ထောင်ပမာဏ ရရှိထားပြီဖြစ်ကာ တီဗွီပြင်ဆိုင်တွေကနေ အများဆုံးလက်ခံရ ရှိတယ်လို့ဆိုပါတယ်။

“တီဗွီ အဟောင်းတွေကို အလှူခံတာက အခုတော့ အဝေးသိပ်မထွက်ဖြစ်သေးဘူး။ စေတီက တီဗွီနဲ့ဘိလပ်မြေတွေ လိုအပ်သလောက်ရပြီးရင်တော့ တည်ဖို့လုပ်ငန်းစမယ်။ ပထမက ကျွန်တော် ကျောက်စေတီ နဲ့ အုတ်စေတီ (၂) ဆူလည်းတည်ထားဖူးတော့ အခု ထပ်ပြီးတည်ဖို့ စဉ်းစားမိတာပါ။ တီဗွီတွေကို အခုက တစ်ချို့ကျတော့လည်း သွားရင်းလာရင်းနဲ့လာပို့ လာလှူတာတွေရှိပါတယ်” လို့ ဘကြီးမှုံက ဆက်လက်ပြောကြားပါတယ်။

တီဗွီစေတီ တည်ဖို့အတွက် တီဗွီအဟောင်းအကျွမ်းများကို ပုံပါ ဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်ကာ ပါဝင်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

တီဗွီစေတီကို ကမ္ဘာအေးစေတီ လို့လည်း အမည်နာမ သတ်မှတ်ထားပြီး မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာ ထိပ်မှာ တည်ထားကိုးကွယ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Crd