
News Social News

ကိုယ်ဝန်ဆောင်ဖူးသည့် မိခင်တိုင်း ချဉ်ချင်းတက်ကာ တစ်မျိုးမဟုတ်တစ်မျိုး ထူးဆန်းသောအရာများကို စွဲလန်းနှစ်သက်ပြီး ထိုသို့သောစိတ်ထဲရှိတဲ့အတိုင်း မပြုလုပ်ရပါက စားမဝင်အိပ်မပျော်တဲ့ထိကို ဖြစ်တတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Guangdongပြည်နယ် Huizhouမြို့တွင် နေထိုင်သော ခင်ပွန်းသည်တစ်ဦးသည် ဇနီးသည်မှ သူ့ရဲ့မျက်နှာကိုမမြင်ရလေအောင် တစ်ချိန်လုံး မျက်နှာဖုံးကို တပ်ဆင်ထားခဲ့ရသည်။

ဇနီးဖြစ်သူသည် ပထမဆုံးကိုယ်ဝန်လွယ်ထားရကာ ကိုယ်ဝန်ချဉ်ချင်းတက်သည့်အနေနဲ့ ထူးဆန်းစွာဖြင့် ခင်ပွန်းသည်ရဲ့ မျက်နှာကိုမြင်တွေ့လိုက်တိုင်း ချက်ချင်းပဲ အော့အန်ချင်လာတာကြောင့် ဖြစ်သည်။

ခင်ပွန်းဖြစ်သူသည် ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူကို အနီးကပ်ဂရုစိုက်ပေးချင်သည့်အတွက် maskတစ်ခုကို မျက်လုံးပေါက်လေးပဲဖောက်ကာ ဇနီးသည်မမြင်ရဖို့က အရေးကြီး၍ နေရခက်ပေမယ့်လည်း တစ်ချိန်လုံး တပ်ဆင်ထားပေးခဲ့သည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

The post ဇနီးဖြစ်သူမှ ကိုယ်ဝန်လွယ်ထားရစဉ် ချဉ်ချင်းတက်ကာ ခင်ပွန်းသည်ရဲ့မျက်နှာကိုမြင်လိုက်တိုင်း အော့အန်ချင်လာတာကြောင့် မမြင်ရအောင် မျက်နှာကိုဖုံးပေးထားရသည့်အဖြစ် appeared first on For Ialinks.

Crd