ဇနီးဖြစ်သူမှာ ၁၀နှစ်အတွင်းကို အခြားသောအမျိုးသားများနှင့် ၂၅ကြိမ်တိုင်တိုင် ခိုးရာလိုက်ပြေးခဲ့သော်လည်း မေတ္တာမပြတ်ချစ်နေဆဲဖြစ်သော ခင်ပွန်းသည်

ဇနီးဖြစ်သူမှာ ၁၀နှစ်အတွင်းကို အခြားသောအမျိုးသားများနှင့် ၂၅ကြိမ်တိုင်တိုင် ခိုးရာလိုက်ပြေးခဲ့သော်လည်း မေတ္တာမပြတ်ချစ်နေဆဲဖြစ်သော ခင်ပွန်းသည်

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် နေထိုင်သော အသက် ၄၀နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် ခင်ပွန်းနှင့် သားသမီး ၃ယောက်ရှိကာ သာယာပျော်ရွှင်သော မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားသော်လည်း တင်းတိမ်ရောင့်ရဲခြင်းမရှိခဲ့ပေ။

ခင်ပွန်းဖြစ်သူသည် ကားမောင်းသမားဖြစ်၍ မိသားစုစားဝတ်နေရေးအတွက် ပူပန်စရာမလိုပဲ သားသမီး ၃ယောက်နှင့် ဇနီးဖြစ်သူကို ရွှေလိုဥထားပြီး အိမ်မှာဇိမ်လေးနဲ့နေစေခဲ့သည်။

သို့သော်လည်း အမျိုးသမီးသည် ခင်ပွန်းဖြစ်သူအလုပ်သွားနေခိုက် အခြားသော လူပျိုလူလွတ်အမျိုးသားများနှင့်အတူ ဖောက်ပြန်နေခဲ့ပြီး အိမ်ထောင်သက်တမ်း ၁၀နှစ်အတွင်းကို ၂၅ကြိမ် ခိုးရာလိုက်ပြေးခဲ့သည်။

ခင်ပွန်းဖြစ်သူသည် သူဧ။်ဇနီးသည်မှာ အကြိမ်ပေါင်းမနည်း အိမ်မှာစုဆောင်းထားတဲ့ ရွှေငွေတွေအကုန်ယူကာ ခိုးရာလိုက်ပြေးခဲ့ပြီး ဒုက္ခရောက်ချိန်မှသာ အိမ်သို့ပြန်လာခဲ့သော်လည်း တစ်စက်ကလေးမှ အပြစ်မမြင်ရက်သည့်အပြင် မေတ္တာမပြတ် ချစ်ပေးဂရုစိုက်ပေးလျက်ရှိသည်။

Zawgyi






Crd