ဇနီးဖြစ်သူက ကလေးအမွှာပူး၆ယောက်အထိကို မွေးဖွားလာခဲ့လို့ ကလေးဘယ်လိုထိန်းရမှန်းမသိဖြစ်နေကာ ထိုင်ငိုနေခဲ့သည့် ဖခင်၏အဖြစ်

News Social News

လူတိုင်းသည်ကလေးငယ်လေးများကို ချစ်တတ်သောနှလုံးသားရှိကြပေသည်။သို့သော်လည်း ကလေးထိန်းရမည့်အလုပ်ကိုတော့ ကြောက်တတ်ကြပါတယ်။အကြောင်းကတော့ ကလေးထိန်းရတာဟာ ကမ္ဘာပေါ်တွင် အခက်ခဲဆုံးသောအလုပ်ဟုပင် တင်စားရနိုင်တာဖြစ်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံတွင် အမျိုးသမီးတစ်ဦးဟာ ကလေး၆မွှာပူးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ထိုအခါ ခင်ပွန်းဖြစ်သူဟာ ကလေးများကို ပြုစုစောင့်ရှောက်ရန်နှင့် အသုံးစရိတ်ရှာဖွေရန်အတွက် ကြောက်လန့်နေခဲ့ပြီး ကလေးယောက်ကိုကြည့်လိုက် ငိုလိုက်နှင့်ဖြစ်နေခဲ့ရပါတယ်။

သားသမီး၆ယောက်ကို ထိန်းကျောင်းရသည့်ကတစ်ဖက် ဝင်ငွေရှာရသည်ကတစ်ဖက်နှင့်ဆိုတော့ အတော်လေးစိတ်ဆင်းရဲနေမှာသေချာပါတယ်။အခြားသူများကလည်း ဖခင်၏အဖြစ်ကိုမြင်လိုက်ရသောအခါ ဒုက္ခတွေကို စာနာကြောင်းပြောဆိုလာကြပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd