■ဆွဲဆောင်မှုအားမြင့်သောစာရင်းများဖြင့် ခရုကုထုံး
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဆွဲဆောင်မှုအားမြင့်သောစာရင်းများဖြင့် ခရုကုထုံး
အလှတရားဟာ စျေးနှုန်းနဲ့ လာပါတယ်။ ဒီစကားစုကတော့ ကျွန်မတို့ နှစ်ပေါင်းများစွာတိုင်အောင်ကြားရတဲ့ စကားစုပဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း အရေးကြီးတာဟာ ဒီမှာပါတဲ့ စျေးနှုန်းဆိုတာက ငွေကြေးအရပဲပြောတာမဟုတ်ပါဘူး။
ကြည့်ကောင်းဖို့အတွက်ဆိုရင် လူတော်တော်များများက အကြောက်တရားတွေ၊ ရွံစရာတွေပါမချန် စွန့်စားတတ်ကြပါတယ်။
အခုအချိန်မှာကျော်ကြားနေတဲ့ ခေတ်ရေစီးကြောင်းတစ်ခုဟာ ခရုကုထုံးပဲဖြစ်ပါတယ်။
ဒီကိစ္စမှာတော့ ကျွန်မတို့ဟာ slimes တွေ ခရင်မ်တွေ masks တွေအကြောင်းပြောနေတာမဟုတ်ပါဘူး။
ကျွန်မတို့တကယ်တမ်းပြောနေတာက ခရုကုထုံးအတွက် ခရုအစစ်တွေအကြောင်းပဲဖြစ်ပါတယ်။
ခရုတွေရဲ့ အာနိသင်ဟာ အသားအရည်ကိုနုပျိုစေတဲ့အပြင် အမာရွတ်များ မှဲ့ကျောက်များ ရှရာ၊ အပူလောင်မှုများ၊ အစက်များ၊ အရေပြားတွန့်နေမှုများအပြင် အကြောပြတ်ရာတွေပါ ကုသပေးပါတယ်။
ဒါဟာ ရှည်လျားတဲ့စာရင်းတစ်ခုပါပဲ။
ဒီစာရင်းဟာ မိန်းမတွေကို ဆွဲဆောင်နိုင်မှာ သေချာပါတယ်။
အလှကုန်ပညာရှင်တွေကတော့ ခရုတွေဟာ မျက်ကွင်းညိုခြင်းနှင့် ဝက်ခြံများကိုတောင်ပျောက်ကင်းစေနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒါဟာ ဘယ်လိုမျိုးဖြစ်ရတာလဲ။
ခရုတွေမှာ သွားသေးသေးလေးတွေပါပြီးတော့ အရေပြားပေါ်က သေ*ဆုံးသွားတဲ့အရေပြားကို ဖယ်ရှားပေးပါတယ်။
ဒီလို ရေမြှုပ်ကိုခွာတဲ့နည်းဖြင့် ခရုတွေဟာ အပေါ်ယံအရေပြားကို ဖယ်ရှားပေးတာပါ။
ကြားရတာတော့ နာကျင်ဖွယ်ဖြစ်ပေမယ့် တကယ်တမ်းကျတော့ လုံးဝမနာပါဘူး။
ခရုတွေကချန်ခဲ့တဲ့ အချွဲတွေဟာ အသားအရည်ကို ရေဓာတ်ဖြည့်ပေးပြီးတော့ ဆဲလ်အသစ်တွေ ပြန်လည်ထွက်ပေါ်မှုကိုလှုံ့ဆော်ပေးပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
ဒါပေမယ့်လည်း အရေးကြီးတာဟာ ဒီမှာပါတဲ့ ဈေးနှုန်းဆိုတာက ငွေကြေးအရပဲပြောတာမဟုတ်ပါဘူး။
Ref:youtube
Trans:thegeektext