■ဆော်လမွန်ဘုရင်ကြီးရဲ့ ဘုရားသခင်ထံမှရရှိသော လက်စွပ် The Seal of Solomon

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဆော်လမွန်ဘုရင်ကြီးရဲ့ ဘုရားသခင်ထံမှရရှိသော လက်စွပ် The Seal of Solomon

ခရစ်ယာန်ရဲ့သမ္မာကျမ်းစာမှာ ဆော်လမွန်ဘုရင်ကြီးဟာ ဘုရားသခင်ထံမှာ ဆုတစ်ခုတောင်းခဲ့ပါတယ်။ဒါကတော့ ဉာဏ်ပညာဆိုတဲ့အရာဖြစ်ပြီး သူဟာ ကျမ်းစာအုပ်တွေအများအပြားရေးသားခဲ့ပြီးတော့ ဆောင်း အော့ဖ် ဆော်လမွန် စာအုပ်တွေလည်း ပါဝင်တာပါ။

အသေးစိတ်အချက်အလက်တွေအရတော့ ဒါတွေကို သူပြုလုပ်နိုင်ခဲ့တာက သူ့မှာ ဉာဏ်ပညာဆိုတဲ့အရာ ရှိလို့ပါ။ပြောဆိုမှုတွေအရ‌တော့ သူ့ရဲ့ဉာဏ်ပညာဟာ သူ့ရဲ့လက်စွပ်ကနေလာတယ်လို့ သိရပါတယ်။

ဘုရားသခင်ဟာ ဆော်လမွန်ဘုရင်ကြီးရဲ့ ဉာဏ်ပညာကို လက်စွပ်နဲ့အတူ ပေးခဲ့တာပါ။လက်စွပ်နဲ့အတူ များပြားတဲ့စွမ်းအင်တွေကိုလည်း ချီးမြင့်ခဲ့ပြီးတော့ လက်စွပ်ကို Seal of Solomon လို့ ခေါ်တာပါ။အစဉ်အလာစကားတွေအရတော့ လက်စွပ်ဟာ သူ့ကို မကောင်းဆိုးဝါးတွေကို အမိန့်ပေးနိုင်ခြင်း၊ တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ခြင်းနဲ့ တခြားအစွမ်းတွေကို ပေးပါတယ်။

လေ့လာကြည့်မယ်ဆိုရင် တော့ လက်စွပ်ကို သမာကျမ်းစာနဲ့ နှီးနွယ်ကြည့်လို့မရပါဘူး။ဒါပေမဲ့ ဆောလမွန်ဘုရင်ကြီးသေပြီးနောက်ပိုင်းမှာတော့ အာရေဘီယံစာရေးဆရာတွေနဲ့ ကဗျာတွေက သူ့အကြောင်းကို ဖွဲ့ဆိုရေးစပ်ခဲ့တာပါ။နောက်ပိုင်းမှာတော့ အငြင်းပွားစရာတွေပေါ်ပေါက်ခဲ့ပြီး လက်စွပ်ဘယ်မှာလဲဆိုတာ သိချင်ခဲ့ကြပါတယ်။

ဒါပေမဲ့ လက်စွပ်ဘယ်မှာလဲဆိုတာမသိရသလို အများစုလက်ခံထားတာကတော့ လက်စွပ်က သူ့ရဲ့သခင် ဆော်လမွန်ဘုရင်ကြီးရဲ့အုတ်ဂူမှာ မြှုပ်နှံခံရတယ်လို့ ဆိုကြပါတယ်။ပြဿနာကတော့ သူ့ကိုဘယ်မှာ မြှုပ်ထားလဲဆိုတာ ဘယ်သူမှ မသိရတာပါ။ ဒီတော့ သူ့ကို ဘယ်မှာမြှုပ်ထားလဲသိရင်တော့ ကျွန်မတို့ဟာ လက်စွပ်တကယ်ရှိမရှိ သိကြရမှာပဲ ဖြစ်ပါတယ်။
ref:youtube
trans:thegeektext

zawgyi







ref:youtube
trans:thegeektext