ဆုေပးပြဲအခမ္းအနားမွာ မက္ဆီကို ကာတာဘုရင္ျဖစ္သူက ထူးျခားတဲ့ ဝတ္႐ုံဝတ္ဆင္ေပးရတဲ့ အေၾကာင္းရင္း

Unicode

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းက လက်ရှိချန်ပီယံပြင်သစ်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူဗိုလ်စွဲခဲ့ပြီးအသင်းသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက်၊ ၁၉၈၆ နောက်ပိုင်း

နှစ်ပေါင်း(၃၆)နှစ်ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကိုပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အာဂျင်တီးနား,နာမည်ကျော်ကစားသမား မက်ဆီကို ကမ္ဘာ့ဖလားချန်ပီယံဆု

ကိုင်မြှောက်ခွင့်ရတာ မြင်ချင်ကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒပြည့်ဝခဲ့ပြီးမက်ဆီကလည်း ချန်ပီယံဆုနဲ့အတူ ဝမ်းသာအားရအေင်ပွဲခံခဲ့ပါတယ်။ဒါပေမဲ့ ဆုပေးပွဲအခမ်းအနားမှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကို

ပရိသတ်တွေလည်း မြင်တွေ့ခဲ့ရမှာပါ။ အဲဒါကတော့ ကာတာနိုင်ငံရဲ့ဘုရင်ဖြစ်သူ ရှိတ်စော်ဘွား တာမင် ဘင် ဟာမက်အယ်လ်သာနီကမက်ဆီကို ရွှေရောင်အနားကွပ်ထားတဲ့ အမည်းရောင် ဇာခြုံထည်ဝတ်ဆင်ပေးခဲ့တာဖြစ်သလို မက်ဆီဟာ အဲဒီဝတ်ရုံနဲ့အတူ

ကမ္ဘာ့ဖလားချန်ပီယံဆု ကိုင်မြှောက်ပြီး အောင်ပွဲခံခဲ့ပါတယ်။ဒီဝတ်ရုံကြောင့် အာဂျင်တီးနားရဲ့ဂျာစီကို ဖုံးကွယ်သလိုဖြစ်ခဲ့တဲ့အတွက်ပရိသတ်တွေသာမက နာမည်ကျော်ဘောလုံးသမားဟောင်းတွေဖြစ်တဲ့အလန်ရှီးယား၊ ဂယ်ရီနဗီးလ်၊ ဇာဘာလက်တာတို့ဟာ အဲဒီလုပ်ရပ်အပေါ်

ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ဟာ သူတို့ဝေဖန်သလို မဟုတ်ဘဲဂုဏ်ယူစရာကောင်းတဲ့ အပြုအမူပဲဖြစ်ပါတယ်။ ‘Bisht(The Robe)’လို့အဓိပ္ပါယ်ရတဲ့ ဒီဝတ်ရုံဝတ်ဆင်တာဟာ ကာတာနိုင်ငံမှာ နှစ်ပေါင်းထောင်နဲ့ချီကာမြင့်နေပြီဖြစ်တဲ့ ဓလေ့ထုံးတမ်းတစ်ခုဖြစ်ပြီး တကယ့်ထူးခြားခမ်းနားတဲ့

အခါသမယအခမ်းအနားတွေမှာ ဝတ်ဆင်လေ့ရှိသလို အထူးသဖြင့်တော်ဝင်မိသားစု၊ နိုင်ငံအကြီးအကဲနဲ့ ဘာသာရေးဆိုင်ရာဘုန်းတော်ကြီးတွေသာ အများစုဝတ်ဆင်ခွင့်ရတာပါ။ အခု ကာတာနိုင်ငံရဲ့ဘုရင်ဖြစ်သူ ရှိတ်စော်ဘွား တာမင် ဘင် ဟာမက်အယ်လ်သာနီက

မက်ဆီကို ဘောလုံးလောကရဲ့ အနှိုင်းမဲ့ကစားသမားတစ်ဦးအဖြစ်သတ်မှတ်ပြီးတော့ သူတို့နိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ဒီဝတ်ရုံဝတ်ဆင်ပေးခဲ့တာဖြစ်ပြီး ဒါက မက်ဆီနဲ့အာဂျင်တီးနားတို့အတွက် ဂုဏ်ယူစရာလည်းဖြစ်ခဲ့ပါတယ်။

Crd

Zawgyi

၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အာဂ်င္တီးနားအသင္းက လက္ရွိခ်န္ပီယံျပင္သစ္ကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူဗိုလ္စြဲခဲ့ၿပီးအသင္းသမိုင္းတစ္ေလွ်ာက္ တတိယအႀကိမ္ေျမာက္၊ ၁၉၈၆ ေနာက္ပိုင္း

ႏွစ္ေပါင္း(၃၆)ႏွစ္ၾကာေဝးကြာေနတဲ့ ကမာၻ႔ဖလားခ်န္ပီယံဆုကိုျပန္လည္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အခုႏိုင္ပြဲေၾကာင့္ အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမား မက္ဆီကို ကမာၻ႔ဖလားခ်န္ပီယံဆု

ကိုင္ေျမႇာက္ခြင့္ရတာ ျမင္ခ်င္ၾကတဲ့ ပရိသတ္ေတြရဲ႕ ဆႏၵျပည့္ဝခဲ့ၿပီးမက္ဆီကလည္း ခ်န္ပီယံဆုနဲ႔အတူ ဝမ္းသာအားရေအင္ပြဲခံခဲ့ပါတယ္။ဒါေပမဲ့ ဆုေပးပြဲအခမ္းအနားမွာ ထူးျခားတဲ့ျဖစ္ရပ္တစ္ခုကို

ပရိသတ္ေတြလည္း ျမင္ေတြ႕ခဲ့ရမွာပါ။ အဲဒါကေတာ့ ကာတာႏိုင္ငံရဲ႕ဘုရင္ျဖစ္သူ ရွိတ္ေစာ္ဘြား တာမင္ ဘင္ ဟာမက္အယ္လ္သာနီကမက္ဆီကို ေ႐ႊေရာင္အနားကြပ္ထားတဲ့ အမည္းေရာင္ ဇာၿခဳံထည္ဝတ္ဆင္ေပးခဲ့တာျဖစ္သလို မက္ဆီဟာ အဲဒီဝတ္႐ုံနဲ႔အတူ

ကမာၻ႔ဖလားခ်န္ပီယံဆု ကိုင္ေျမႇာက္ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။ဒီဝတ္႐ုံေၾကာင့္ အာဂ်င္တီးနားရဲ႕ဂ်ာစီကို ဖုံးကြယ္သလိုျဖစ္ခဲ့တဲ့အတြက္ပရိသတ္ေတြသာမက နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းေတြျဖစ္တဲ့အလန္ရွီးယား၊ ဂယ္ရီနဗီးလ္၊ ဇာဘာလက္တာတို႔ဟာ အဲဒီလုပ္ရပ္အေပၚ

ေဝဖန္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ဒီအျဖစ္အပ်က္ဟာ သူတို႔ေဝဖန္သလို မဟုတ္ဘဲဂုဏ္ယူစရာေကာင္းတဲ့ အျပဳအမူပဲျဖစ္ပါတယ္။ ‘Bisht(The Robe)’လို႔အဓိပၸါယ္ရတဲ့ ဒီဝတ္႐ုံဝတ္ဆင္တာဟာ ကာတာႏိုင္ငံမွာ ႏွစ္ေပါင္းေထာင္နဲ႔ခ်ီကာျမင့္ေနၿပီျဖစ္တဲ့ ဓေလ့ထုံးတမ္းတစ္ခုျဖစ္ၿပီး တကယ့္ထူးျခားခမ္းနားတဲ့

အခါသမယအခမ္းအနားေတြမွာ ဝတ္ဆင္ေလ့ရွိသလို အထူးသျဖင့္ေတာ္ဝင္မိသားစု၊ ႏိုင္ငံအႀကီးအကဲနဲ႔ ဘာသာေရးဆိုင္ရာဘုန္းေတာ္ႀကီးေတြသာ အမ်ားစုဝတ္ဆင္ခြင့္ရတာပါ။ အခု ကာတာႏိုင္ငံရဲ႕ဘုရင္ျဖစ္သူ ရွိတ္ေစာ္ဘြား တာမင္ ဘင္ ဟာမက္အယ္လ္သာနီက

မက္ဆီကို ေဘာလုံးေလာကရဲ႕ အႏႈိင္းမဲ့ကစားသမားတစ္ဦးအျဖစ္သတ္မွတ္ၿပီးေတာ့ သူတို႔ႏိုင္ငံရဲ႕ အထြတ္အျမတ္ထားတဲ့ဒီဝတ္႐ုံဝတ္ဆင္ေပးခဲ့တာျဖစ္ၿပီး ဒါက မက္ဆီနဲ႔အာဂ်င္တီးနားတို႔အတြက္ ဂုဏ္ယူစရာလည္းျဖစ္ခဲ့ပါတယ္။

Crd

Crd