စျေးထဲမှာ ကြက်သား ဝက်သား ဝယ်ရင် ဖော်မလင် မပါဘူးလို့ အခုထိ ထင်နေကြတုန်းပဲလား

စျေးထဲမှာ ကြက်သား ဝက်သား ဝယ်ရင် ဖော်မလင် မပါဘူးလို့ အခုထိ ထင်နေကြတုန်းပဲလား..

အရင်က အဒေါ်က စျေးမှာ ကြက်သားရောင်းတယ်။ တစ်ခါတစ်လေ ရောင်းကုန်တဲ့ ရက်ရှိသလို ရောင်းမကုန်တဲ့ရက်လည်း ရှိတယ်။ ရောင်းလို့မကုန်တော့ အိမ်ပြန်သယ်လာပြီး ရေခဲရိုက် မနက်ပြန်ရောင်းပေါ့။ မနက်ကျတော့ ကြက်က ဖြူပြီး မလတ်ဆတ်တော့ဘူး။ ဝယ်သူကလည်း မလတ်ဆတ်တဲ့ ပုံပေါက်နေရင် မဝယ်တော့ဘူး။

အဲ့တော့ အိမ်မှာစားရင်စား မစားရင်ပစ်ချ။ ဒါပဲရှိတယ်။ တစ်ခါတစ်လေ အရင်းရှုံးတယ်။ တစ်နေ့ အဒေါ်အိမ်မှာစျေးသိမ်းချိန် ကြက်သားသွားဝယ်တဲ့အခါ အဒေါ်က ဆေးထိုးအပ်နဲ့ ကြက်ကောင်တွေထဲကို အရည်ကျည်တစ်မျိုးထိုးသွင်းနေတာ တွေ့တယ်။ အဒေါ် ကြက်သားပိုလား ပေါင်တစ်ခြမ်းနဲ့ ရင်ပုံတစ်ခြမ်းလောက် လိုချင်လို့ ပြောတော့ အဒေါ်က ဟိုဘက်တောင်းထဲက အကောင်ယူခဲ့ ငါတုံးပေးမယ်လို့ ပြောတယ်။

ဒီဟာလည်း တူတူပဲလေ ဒီဟာပဲ တုံးပေးလိုက်လေအဒေါ်လို့ ပြောတာ ဒီဟာက ဆေးထိုးထားတယ် မစားနဲ့တဲ့.. ဟင်.. ဘာဆေးတွေလဲ ဒေါ်လေးလို့ မေးတော့.. ဖော်မလင်တဲ့။ ဖော်မလင်က ဘာဆေးလဲ ထပ်မေးကြည့်တော့ ကြက်သားတွေ အရောင်မဖြူ အပုတ်မမြန်အောင်ထိုးတဲ့ဆေးတဲ့။ အဲ့ဒါထိုးထားရင် သုံးရက်လောက် ရေခဲရိုက်ပြီး ပြန်ရောင်းလည်း ဘာမှမဖြစ်ဘူးတဲ့..။

ဟာဒေါ်လေး အဲ့ဒါဆို စားသုံးသူတွေ ရောဂါရကုန်မှာပေါ့လို့ ပြောတော့ တစ်စျေးလုံး ပဲပြားသည်ကအစ ငါးစိမ်းသည်အဆုံး အကုန်ထိုးနေကြတာပဲတဲ့.. ငါ့ကိုတောင် သူတို့နည်းပေးလို့ သိတာတဲ့။ ဟာ ဒေါ်လေး အဲ့လိုတော့ စီးပွားမရှာပါနဲ့ ငတ်ရင်ငတ်သွားပါစေ ကိုယ့်မိသားစု ထမင်းတစ်လုပ်အတွက် တစ်ပါးသူတွေက ရောဂါခံစားပြီး သေကြမှာတော့ သမီးလက်မခံဘူး ဒေါ်လေးရေ လို့ ပြောတော့..

ညည်းက မနေ့တနေ့ကမှ လူဖြစ်လာတာပါအေ.. တစ်စျေးလုံး အဲ့လိုတွေချည်းပဲ ငါးစိမ်းသည်လည်း ရောင်းမကုန်တဲ့ ငါးကြီးတွေကို ဖော်မလင်ထိုးထည့်ပြီး ရေခဲရိုက်ပြန်ရောင်းတယ်။ ငါးလေးတွေကျတော့ စိမ်ပြီးကြာရှည်ထားခံအောင် ဖော်မလင်ရည်တွေနဲ့ပြန်စိမ်ပြီး ရောင်းတယ်။ ပဲပြားသည် ကြက်သွေး ဝက်သွေး မျှစ်ချဉ်အကုန်လုံးက ဖော်မလင်နဲ့ မကင်းဘူးတဲ့ အဒေါ်ပြောမှ သိခဲ့တယ်။

အဒေါ်လည်း ဆုံးသွားတာ နှစ်နှစ်လောက်ရှိပါပြီ။ သူလည်း ဝဋ်ကြွေးလို့ပြောရမှာပေါ့။ နှလုံးနဲ့သွေးတိုးစဖြစ်တယ်။ ဆေးရုံတင်ထားတာတောင် အစာအိမ်သွေးကြောပေါက်ပြီး ဆုံးတယ်။ ဒါကြောင့် စျေးဝယ်ရင် အသီးအနှံအရွက်ဆိုရင် ဆားရေစိမ်ပြီးမှ လေးငါးထပ်လောက်ပြောင်နေအောင် ဆေးပြီး ချက်တယ်။ အသားငါးဆိုရင်လည်း ဆားရေနဲ့ပဲ သုံးထပ်လောက် ဆေးပြီး ချက်တယ်။

အိမ်က ခြေလေးချောင်းသားမစား အသားလည်းသိပ်မဝယ်ချက်ကြတော့ အသီးအနှံတွေပဲ စားတာများတယ်။ ဘာမှမသိရှာတဲ့ မြန်မာပြည်သူပြည်သူသားတွေကတော့ ခံကြပေဦးပေါ့။ စောစောစီးစီး အသက် ၅၀ ၆၀ လောက်နဲ့ သေရဖို့အရေးကို အနာမျိုးကိုးဆယ့်ခြောက်ပါး ကင်ဆာရောဂါဆိုးတွေနဲ့ မသေခင်မိတ်ဆက်သွားကြရရှာပါတယ်။ (Moe Angle)

ဘယ်လိုမှ ရှောင်လို့ မရတော့ ဉာဏ်ကူပြီး စားကြပါ။ ရေ ၁ နာရီစိမ်။ ၆၁% လျော့။ ဆားရေ ၁ နာရီစိမ် ၉၀% လျော့။ ဆန်ဆေးရေ နဲ့ဆေး ပီးရင် ရေ ထပ်ဆေး ၇၀% လျော့။ Fruits တွေ ဆားရည်နွေး ၁၀ မိနစ်စိမ် ၉၈% လျော့။ အထိရောက်ဆုံးနည်း က ဗီနီဂါ 1cup (236 ml) ရေ 1 liter ရောပြီး ၁၅ မိနစ်မှ ၂၀ မိနစ်စိမ် ၉၈% လျော့ပါသည်။ (Marry Cho)


5

Crd