TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■စားသောက်ဆိုင်တစ်ခုလုံးကို ကွန်ဒုံးတွေနဲ့အလှဆင်ထားတဲ့ Cabbages and Condoms

ဒီစားသောက်ဆိုင်နာမည်ကို ကြားလိုက်ရင်တော့သာမန်လို့ထင်မိမှာပါပဲ ဆိုင်နာမည်ကတော့ Cabbages and Condoms ပါ အဆိုပါဆိုင်က ထိုင်းနိုင်ငံမှာရှိတာဖြစ်ပြီး အထဲကိုဝင်ကြည့်လိုက်ရင်တော့ တကယ့်ကိုအံအားသင့်စရာပါ။

စားသောက်ဆိုင်တစ်ခုလုံးကို ကွန်ဒုံးတွေနဲ့အလှဆင်ထားတာဖြစ်ပါတယ် အထဲဝင်လိုက်တာနဲ့ လူအရုပ်ပေါင်းစုံကို ကွန်ဒုံးတွေ ဝတ်ဆင်ပေးထားတာကိုမြင်ရမှာပါ မင်္ဂလာဆောင်မယ့်သတို့သားရုပ်တုလဲ ကွန်ဒုံးတွေနဲ့ပါပဲ ဆန်တာကလောစ့်လဲ ကွန်ဒုံးတွေနဲ့ပါပဲ။

နံရံမှာချိတ်ထားတဲ့ စူပါဟီးရိုးကိုတောင် ကပ္ပတိန်ကွန်ဒုံးလို့ အမည်ပေးပါတယ် ကံကောင်းတာကတော့ အစားအသောက်တွေကိုတော့ ကွန်ဒုံးနဲ့မတည်ခင်ထားတာပါ အစားအသောက်အခင်းအကျင်း တွေကတော့ ပုံမှန်အတိုင်းဖြစ်ပြီး ဒီလိုမျိုး ဆိုင်ကိုဒီဇိုင်းဆင်ထားတာကတော့ လိင်ပညာပေးကိုပံ့ပိုး ချင်တဲ့အတွက်ဖြစ်ပါ တယ်တဲ့ ။

စားသောက်ပြီး အိမ်ပြန်သွားရင်လဲ ကွန်ဒုံးတွေကြိုက်သလောက်ယူသွားလို့ရပါသေးတယ်။ ကွန်ဒုံးပုံးမှာရေး ထားတာကတော့ ပူရှိန်းသကြားလုံးမရှိတဲ့အတွက်တောင်းပန်ပါတယ်အဲဒီအစား ပြန်ရင်ကွန်ဒုံးတစ်ခုလောက် ယူသွားကြပါလို့ ရေးထားတာပါ ။

အစားအသောက်တွေကတော့ စားကောင်းတဲ့ထိုင်းအစားအသောက်တွေဖြစ်ပြီး အဲဒီဆိုင်မှာသွားစားမယ်ဆို ရင်တော့ အဝင်ပေါက်ကနေ အထွက်အထိ ကွန်ဒုံးတွေကိုပဲမြင်ရမှာပါ ရောဂါတွေကာကွယ်ဖို့နဲ့ လူဦးရေများပြားမှုကို ထိန်းချုပ်နိုင်အောင် သတိပေးရာရောက်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext