စားချင်တာရှိရင်တောင် ပိုက်ဆံကုန်မှာကြောက်လို့ ဘာမှမဝယ်စားဘဲ သားသမီးတွေအတွက် ညအချိန်ထိအလုပ်လုပ်နေသော ဖခင်၏အလုပ်သို့လိုက်သွားပြီး မွေးနေ့ကိတ်လေးပြုလုပ်ပေးခဲ့သည့် သားလိမ္မာ

မိဘတို့၏ကျေးဇူးအကြောင်းကို စာဖွဲ့လျှင်အချိန်သာကုန်သွားလိမ့်မည် ကြီးမားလှသောကျေးဇူးတရားအကြောင်းကို ပြည့်စုံစွာရေးစပ်နိုင်လိမ့်မည်မဟုတ်ပေ။မည်မျှပင်အသုံးအဖြုန်းကြီးသူဖြစ်နေပါစေ သားသမီးတို့မွေးဖွားလာခဲ့ပြီဆိုလျှင် စားချင်တာမစားရက် သုံးချင်တာမသုံးရက်နှင့် သားသမီးတို့၏အနာဂတ်အတွက်သာ စဥ်းစားပေးလာကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ ဖခင်တစ်ဦးသည် ပိုက်ဆံတွေကို ချွေတာစုဆောင်းတတ်သူဖြစ်ပါတယ်။သူ၏မွေးနေ့၌ပင် အလုပ်မနားဘဲ ညပိုင်းအလုပ်ကိုပါ ဆက်လတ်လုပ်ကိုင်နေသေးတာဖြစ်ပါတယ်။

ထို့ကြောင့် သားဖြစ်သူဟာ ညအချိန်တွင် ဖခင်၏အလုပ်ထဲသို့လိုက်သွားခဲ့ပြီး မွေးနေ့ကိတ်လေးကို ပြုလုပ်ပေးခဲ့ပါတယ်။ထိုအခါဖခင်ဖြစ်သူဟာ ဘဝမှာတစ်ခါမှမကြုံဖူးသေးသည့် မွေးနေ့ကိတ်လေးကို သေချာစွာကြည့်ကာ စားကြည့်ရင်း ဂုဏ်ယူမဆုံးဖြစ်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

The post စားချင်တာရှိရင်တောင် ပိုက်ဆံကုန်မှာကြောက်လို့ ဘာမှမဝယ်စားဘဲ သားသမီးတွေအတွက် ညအချိန်ထိအလုပ်လုပ်နေသော ဖခင်၏အလုပ်သို့လိုက်သွားပြီး မွေးနေ့ကိတ်လေးပြုလုပ်ပေးခဲ့သည့် သားလိမ္မာ appeared first on NEW _ Cele MM New.

Crd