စမတ်ကီးနဲ့ ကားသော့အကြောင်း သိကောင်းစရာ

စမတ်ကီး စနစ်သည် သော့တံမလိုဘဲ စမတ်ကီးကို ဆောင်ထားရုံဖြင့် ကားတံခါး သော့ခတ်ခြင်းနဲ့ သော့ဖွင့်ခြင်းတို့ကို အလိုက်တသိ လုပ်ပေးတဲ့စနစ်ဖြစ်ပါတယ်။ စမတ်ကီး ကားအနားရောက်နေပြီဆိုတာနဲ့ ကွပ်ကဲရေး ကွန်ပျူတာကနေ သိရှိပြီး တံခါး လက်ကိုင် လာကိုင်မဲ့အချိန်ကို အသင့်စောင့်ဆိုင်းနေပါတယ်။ ကားတစ်စီးရဲ့ ကိစ္စအ၀၀ တို့တွင် ချစ်ပ် ကိုသုံးစွဲကြတာဖြစ်ပါတယ်။ ကားသော့တွေထဲမှာလည်း ချစ်ပ်ပြားကို ထည့်ပေးထားပါတယ်။အရင် ၁၉၉၅ ခုနှစ်နောက်ပိုင်းက ကားတွေမှာ ထရန်စ်ပေါင်ဒါ သော့ ( Transponder key) ကို သူခိုင်းသူဝှက်ရန်ကနေ ကာကွယ်ဖို့ အတွက် အသုံးပြုကြပါတယ်။ ကားအင်ဂျင်ကို နိူးမရအောင် အသေလုပ်ပေးထားပြီး မှန်ကန်တဲ့ ထရန်စ်ပေါင်ဒါ သော့နဲ့ နိူးမှ နိူးလိုရတဲ့ စနစ်ဖြစ်ပါတယ်။ ထရန်စ်ပေါင်ဒါရဲ့ အဓိပ္ပာယ်မှာ Transmitter နဲ့ Responder အဓိပ္ပာယ်နှစ်ခုကို ပေါင်းပြီးခေါ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်သူက သူရဲ့ အဓိပ္ပာယ် ဖြစ်တဲ့ Transmitter ( အသံလွှင့်ခြင်း) နဲ့ Responder ( တုံ့ပြန်အကြောင်းကြားခြင်း) နှစ်ခုလုံးကို ဆောင်ရွက်ပေးပါတယ်။ သူမှာပါတဲ့ မှတ်သားနိုင်စွမ်းသည် ဓာတ်အားမရရင်လည်း မှတ်သားနိုင်စွမ်းရှိပါတယ်။ ဒီလို စီမံထားတဲ့ ချစ်ပ်ကို ကားသော့ရဲ့ လက်နဲ့ ကိုင်ရတဲ့ အပြားတွင် ထည့်ပေးထားပါတယ်။ ချစ်ပ်ထဲမှာ နံပတ်စဉ် ကုဒ်ကိုလည်း ထည့်သွင်းမှတ်သားခိုင်းထားပါသေးတယ်။ ကားစက်နိုးရန် သော့ပေါက်အတွင်း သော့ကို ထိုးထည့်လိုင်တဲ့ အခါ ကားဆီကို ချပ်စ်ထဲမှာရှိတဲ့ နံပါတ်စဉ်က သူရဲ့ နံပါတ်စဉ်ကို အကြောင်းကြားလိုက်ပြီး အင်ဂျင်နိူးမရအောင် အသေလုပ်ထားရာက ရုတ်သိမ်းပေးလိုက်ပါတယ်။ ဒီကနေ ကားစက်နိုးလာတာ ဖြစ်ပါတယ်။

သော့ပုံ ဘယ်လောက်ပဲတူတူ အထဲက နံပါတ်စဉ်မကိုက်ပါက အင်ဂျင်ကို စက်နိူးခွင့်ပေးမှာ မဟုတ်ပါဘူး။ ယာဉ်မောင်းရဲ့ အရှေ့ဖက် ဒတ်ရှ်ဘုတ်မှာ အင်ဂျင်ကို မလှုပ်မယှက်ဖြစ်နေအောင် ဟန့်တားပေးတဲ့ စနစ် အတွက် အချက်ပြမီး(Immobilizer System Indicator ) ပါရှိပါတယ်။ သော့ ပေါက်ထဲကို သော့တံထည့်ပြီး လှည့်တဲ့အခါ အချက်ပြမီး တစ်ချက်လင်းပါတယ်။ သော့တွင်ပါတဲ့ နံပါတ်စဉ်မှန်ပါက မီး ပြန်ငြိမ်းသွားမှာ ဖြစ်ပါတယ်။ တကယ်လို နံပါတ်စဉ်မမှန်ပါက မီးဆက်လက် လင်းနေဦးမှာ ဖြစ်ပါတယ်။ Engine Immobilizer System ပါတဲ့ကားကို ဝယ်ယူတဲ့အခါ ပုံမုန်အတိုင်းဆိုရင်သော့နှစ်ချောင်း၊ ကတ်တို တစ်ခုကို ပေးလေ့ရှိပါတယ်။ တစ်ချောင်းက ယာဉ်တွက် အသုံးပြုရန်ဖြစ်ပြီး တစ်ချောင်းက လုံခြုံ စိတ်ချရတဲ့ နေရာတွေ သိမ်းထားရမဲ့ သော့အပို ဖြစ်ပါတယ်။ သော့တွေဟာ ကားမှာ ရှိတဲ့ တံခါး အားလုံးကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ကတ်တိုပေါ်တွင် သော့အတွက် နံပါတ်စဉ်ပါရှိရာ ကတ်တိုကို သေသေချာချာ သိမ်းထားရမည်ဖြစ်ပါတယ်။ တကယ်လို သော့ကို ပရိုဂရမ်ဖြင့် နံပါတ်စဉ်ပြန်သွင်းဖို့ လိုပါက ကတ်တိုပေါ်က နံပါတွေကို သုံးနိုင်မှာ ဖြစ်ပါတယ်။ သောတူပုံစံပြုလုပ်မည်ဆိုပါကလည်း နံပါတ်စဉ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ အချို့ ကား ကုမ္ပဏီတွေကနေ သော့အပိုကို ခွဲခြား သိရှိဖို့ရာ မားစတာကီးရဲ့ သော့ခေါင်းကို အကာသား အမည်းရောင်နဲ့ ထုတ်လုပ်ပေးထားပြီး သော့ အပိုကိုတော့ မီးခိုးရောင်နဲ့ ထုတ်လုပ်ပေးထားလေ့ရှိပါတယ်။ ဂရုစိုက်ရန် အချက်များ – သော့ဦးခေါင်းတွင် ပါရှိတဲ့ ချစ်ပ် ဖြစ်စေ၊ ဓာတ်စီး ပတ်လမ်း ဖြစ်စေ ထိခိုက်ချို့ယွင်းပါက အင်ဂျင်နိူးရန်အတွက် ကုဒ်နံပါတ်ကို ပိုနိုင်တော့မှာ မဟုတ်ပါဘူး။ဒါကြောင့် (၁) အရမ်းပူတဲ့ နေရောင်အောက်တွင် ထားခြင်း၊ အပူချိန်များတဲ့နေရာများတွင်ထားခြင်း။(၂) စိုစွတ်မှုများတဲ့ နေရာများမှာ ထားခြင်း။(၃) အမြင့်မှ မတော်တဆ ပြုကျစေခြင်း။ (၄) အလေးပိခြင်း။(၅) အရည်နဲ့ ထိတွေ့ခြင်း။စတာတွေကို သော့ပျက်စီးခြင်းမှ ကာကွယ်ဖို့အတွက် ရှောင်ရှားရမှာ ဖြစ်ပါတယ်။

Credit – CG GPS Myanmar

[zawgyi]

စမတ္ကီး စနစ္သည္ ေသာ့တံမလိုဘဲ စမတ္ကီးကို ေဆာင္ထား႐ုံျဖင့္ ကားတံခါး ေသာ့ခတ္ျခင္းနဲ႔ ေသာ့ဖြင့္ျခင္းတို႔ကို အလိုက္တသိ လုပ္ေပးတဲ့စနစ္ျဖစ္ပါတယ္။ စမတ္ကီး ကားအနားေရာက္ေနၿပီဆိုတာနဲ႔ ကြပ္ကဲေရး ကြန္ပ်ဴတာကေန သိရွိၿပီး တံခါး လက္ကိုင္ လာကိုင္မဲ့အခ်ိန္ကို အသင့္ေစာင့္ဆိုင္းေနပါတယ္။ ကားတစ္စီးရဲ႕ ကိစၥအ၀၀ တို႔တြင္ ခ်စ္ပ္ ကိုသုံးစြဲၾကတာျဖစ္ပါတယ္။ ကားေသာ့ေတြထဲမွာလည္း ခ်စ္ပ္ျပားကို ထည့္ေပးထားပါတယ္။အရင္ ၁၉၉၅ ခုႏွစ္ေနာက္ပိုင္းက ကားေတြမွာ ထရန္စ္ေပါင္ဒါ ေသာ့ ( Transponder key) ကို သူခိုင္းသူဝွက္ရန္ကေန ကာကြယ္ဖို႔ အတြက္ အသုံးျပဳၾကပါတယ္။ ကားအင္ဂ်င္ကို ႏိူးမရေအာင္ အေသလုပ္ေပးထားၿပီး မွန္ကန္တဲ့ ထရန္စ္ေပါင္ဒါ ေသာ့နဲ႔ ႏိူးမွ ႏိူးလိုရတဲ့ စနစ္ျဖစ္ပါတယ္။ ထရန္စ္ေပါင္ဒါရဲ႕ အဓိပၸာယ္မွာ Transmitter နဲ႔ Responder အဓိပၸာယ္ႏွစ္ခုကို ေပါင္းၿပီးေခၚထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္သူက သူရဲ႕ အဓိပၸာယ္ ျဖစ္တဲ့ Transmitter ( အသံလႊင့္ျခင္း) နဲ႔ Responder ( တုံ႔ျပန္အေၾကာင္းၾကားျခင္း) ႏွစ္ခုလုံးကို ေဆာင္႐ြက္ေပးပါတယ္။ သူမွာပါတဲ့ မွတ္သားႏိုင္စြမ္းသည္ ဓာတ္အားမရရင္လည္း မွတ္သားႏိုင္စြမ္းရွိပါတယ္။ ဒီလို စီမံထားတဲ့ ခ်စ္ပ္ကို ကားေသာ့ရဲ႕ လက္နဲ႔ ကိုင္ရတဲ့ အျပားတြင္ ထည့္ေပးထားပါတယ္။ ခ်စ္ပ္ထဲမွာ နံပတ္စဥ္ ကုဒ္ကိုလည္း ထည့္သြင္းမွတ္သားခိုင္းထားပါေသးတယ္။ ကားစက္ႏိုးရန္ ေသာ့ေပါက္အတြင္း ေသာ့ကို ထိုးထည့္လိုင္တဲ့ အခါ ကားဆီကို ခ်ပ္စ္ထဲမွာရွိတဲ့ နံပါတ္စဥ္က သူရဲ႕ နံပါတ္စဥ္ကို အေၾကာင္းၾကားလိုက္ၿပီး အင္ဂ်င္ႏိူးမရေအာင္ အေသလုပ္ထားရာက ႐ုတ္သိမ္းေပးလိုက္ပါတယ္။ ဒီကေန ကားစက္ႏိုးလာတာ ျဖစ္ပါတယ္။ေသာ့ပုံ ဘယ္ေလာက္ပဲတူတူ အထဲက နံပါတ္စဥ္မကိုက္ပါက အင္ဂ်င္ကို စက္ႏိူးခြင့္ေပးမွာ မဟုတ္ပါဘူး။ ယာဥ္ေမာင္းရဲ႕ အေရွ႕ဖက္ ဒတ္ရွ္ဘုတ္မွာ အင္ဂ်င္ကို မလႈပ္မယွက္ျဖစ္ေနေအာင္ ဟန႔္တားေပးတဲ့ စနစ္ အတြက္ အခ်က္ျပမီး(Immobilizer System Indicator ) ပါရွိပါတယ္။ ေသာ့ ေပါက္ထဲကို ေသာ့တံထည့္ၿပီး လွည့္တဲ့အခါ အခ်က္ျပမီး တစ္ခ်က္လင္းပါတယ္။ ေသာ့တြင္ပါတဲ့ နံပါတ္စဥ္မွန္ပါက မီး ျပန္ၿငိမ္းသြားမွာ ျဖစ္ပါတယ္။ တကယ္လို နံပါတ္စဥ္မမွန္ပါက မီးဆက္လက္ လင္းေနဦးမွာ ျဖစ္ပါတယ္။ Engine Immobilizer System ပါတဲ့ကားကို ဝယ္ယူတဲ့အခါ ပုံမုန္အတိုင္းဆိုရင္ေသာ့ႏွစ္ေခ်ာင္း၊ ကတ္တို တစ္ခုကို ေပးေလ့ရွိပါတယ္။ တစ္ေခ်ာင္းက ယာဥ္တြက္ အသုံးျပဳရန္ျဖစ္ၿပီး တစ္ေခ်ာင္းက လုံၿခဳံ စိတ္ခ်ရတဲ့ ေနရာေတြ သိမ္းထားရမဲ့ ေသာ့အပို ျဖစ္ပါတယ္။ ေသာ့ေတြဟာ ကားမွာ ရွိတဲ့ တံခါး အားလုံးကို ဖြင့္ႏိုင္မွာ ျဖစ္ပါတယ္။ကတ္တိုေပၚတြင္ ေသာ့အတြက္ နံပါတ္စဥ္ပါရွိရာ ကတ္တိုကို ေသေသခ်ာခ်ာ သိမ္းထားရမည္ျဖစ္ပါတယ္။ တကယ္လို ေသာ့ကို ပ႐ိုဂရမ္ျဖင့္ နံပါတ္စဥ္ျပန္သြင္းဖို႔ လိုပါက ကတ္တိုေပၚက နံပါေတြကို သုံးႏိုင္မွာ ျဖစ္ပါတယ္။ ေသာတူပုံစံျပဳလုပ္မည္ဆိုပါကလည္း နံပါတ္စဥ္ကို ထည့္သြင္းေပးရမွာ ျဖစ္ပါတယ္။ အခ်ိဳ႕ ကား ကုမၸဏီေတြကေန ေသာ့အပိုကို ခြဲျခား သိရွိဖို႔ရာ မားစတာကီးရဲ႕ ေသာ့ေခါင္းကို အကာသား အမည္းေရာင္နဲ႔ ထုတ္လုပ္ေပးထားၿပီး ေသာ့ အပိုကိုေတာ့ မီးခိုးေရာင္နဲ႔ ထုတ္လုပ္ေပးထားေလ့ရွိပါတယ္။ ဂ႐ုစိုက္ရန္ အခ်က္မ်ား – ေသာ့ဦးေခါင္းတြင္ ပါရွိတဲ့ ခ်စ္ပ္ ျဖစ္ေစ၊ ဓာတ္စီး ပတ္လမ္း ျဖစ္ေစ ထိခိုက္ခ်ိဳ႕ယြင္းပါက အင္ဂ်င္ႏိူးရန္အတြက္ ကုဒ္နံပါတ္ကို ပိုႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ဒါေၾကာင့္ (၁) အရမ္းပူတဲ့ ေနေရာင္ေအာက္တြင္ ထားျခင္း၊ အပူခ်ိန္မ်ားတဲ့ေနရာမ်ားတြင္ထားျခင္း။(၂) စိုစြတ္မႈမ်ားတဲ့ ေနရာမ်ားမွာ ထားျခင္း။(၃) အျမင့္မွ မေတာ္တဆ ျပဳက်ေစျခင္း။ (၄) အေလးပိျခင္း။(၅) အရည္နဲ႔ ထိေတြ႕ျခင္း။စတာေတြကို ေသာ့ပ်က္စီးျခင္းမွ ကာကြယ္ဖို႔အတြက္ ေရွာင္ရွားရမွာ ျဖစ္ပါတယ္။

Crd